နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက တာဝေးပစ်လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်
ကျော်ဇော/People’s Spring
နေပြည်တော်ရှိစစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်အား တာဝေးပစ်လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည် တော်)မှတာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောကြားသည်။
တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် ၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက ယမန်နေ့(ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် တာဝေးပစ်လက်နက် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
“လေဆိပ်ဗျူဟာ နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်ကို တာဝေးပစ်နဲ့ ပစ်ခတ်တာပါ ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)၏ တာဝန်ရှိသူတစ်ဦးက People’s Spring သို့အတည်ပြုပြောကြားသည်။
တာဝေးပစ် ၂ာစင်းခတ်တိုက်ခိုက်ရာ တပ်စခန်းဝန်းအတွင်းရှိ အရာရှိလိုင်းခန်းဟုယူဆရသောအဆောက်အအုံတစ်ခုကိုထိမှန်ခဲ့ကြောင်းသိရသည်။စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိနိုင်ပြီး အသေးစိပ်အခြေ အနေများကိုစုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကာင်စီတပ်ကရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း PDF တစ်ဦးကပြောသည်။
ထို့အပြင် ယမန်နေ့ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က နေပြည် တော်၌ မောင်းသူမဲ့ကင်းထောက်ယာဥ်တစ်စင်း ဖြတ်သန်းသွားသည်ဆိုကာ စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေမှုများ အပူတပြင်းလုပ်ဆောင်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
အထက်ပါ နေပြည်တော်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာန ချုပ်နှင့် လက်အောက်ခံတပ်ရင်းများအပါအဝင် သုံးနေ ရာထက်မနည်းကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ဖောက်ခွဲတိုက် ခိုက်ခဲ့သေးသည်။
||Breaking News||
ေနျပည္ေတာ္ရွိေလေၾကာင္းရန္ကာကြယ္ေရးတပ္ကို PDF တပ္ေပါင္းစုက တာေဝးပစ္လက္နက္ျဖင့္ပစ္ခတ္တိုက္ခိုက္
ေက်ာ္ေဇာ/People’s Spring
ေနျပည္ေတာ္ရွိစစ္ေကာင္စီေလေၾကာင္းရန္ကာကြယ္ေရးတပ္အား တာေဝးပစ္လက္နက္ျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္(ေနျပည္ ေတာ္)မွတာဝန္ရွိသူတစ္ဦးက People’s Spring သတင္းဌာနသို႔ ေျပာၾကားသည္။
ေတာင္ညိဳေဒသ ဥတၱသီရိၿမိဳ႕နယ္တြင္ အေျခစိုက္သည့္ အမွတ္ ၈)ေလေၾကာင္းရန္ကာကြယ္ေရးကြပ္ကဲမႈဌာနခ်ဳပ္ေအာက္မွ ေလဆိပ္ဗ်ဴဟာအား PDF တပ္ေပါင္းစုက ယမန္ေန႔(ေဖေဖာ္ဝါရီ ၂၂) နံနက္ပိုင္းတြင္ တာေဝးပစ္လက္နက္ ၂ စင္းျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟုသိရသည္။
“ေလဆိပ္ဗ်ဴဟာ ေနျပည္ေတာ္ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ကို တာေဝးပစ္နဲ႔ ပစ္ခတ္တာပါ ”ဟု ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္(ေနျပည္ေတာ္)၏ တာဝန္ရွိသူတစ္ဦးက People’s Spring သို႔အတည္ျပဳေျပာၾကားသည္။
တာေဝးပစ္ ၂ာစင္းခတ္တိုက္ခိုက္ရာ တပ္စခန္းဝန္းအတြင္းရွိ အရာရွိလိုင္းခန္းဟုယူဆရေသာအေဆာက္အအုံတစ္ခုကိုထိမွန္ခဲ့ေၾကာင္းသိရသည္။စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈမ်ားရွိနိုင္ၿပီး အေသးစိပ္အေၿခ အေနမ်ားကိုစုံစမ္းေနဆဲျဖစ္ေၾကာင္းသိရသည္။ ပစ္ခတ္တိုက္ခိုက္ခံရၿပီးေနာက္ စစ္ကာင္စီတပ္ကရမ္းသန္းပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္းလည္း PDF တစ္ဦးကေျပာသည္။
ထို႔အျပင္ ယမန္ေန႔ညေန ၃ နာရီ ၄၅ မိနစ္ခန္႔က ေနျပည္ ေတာ္၌ ေမာင္းသူမဲ့ကင္းေထာက္ယာဥ္တစ္စင္း ျဖတ္သန္းသြားသည္ဆိုကာ စစ္ေကာင္စီတပ္မွ လိုက္လံရွာေဖြမႈမ်ား အပူတျပင္းလုပ္ေဆာင္ေနသည္ဟုလည္း သတင္းမ်ား ထြက္ေပၚလၽွက္ရွိသည္။
အထက္ပါ ေနျပည္ေတာ္အေျခစိုက္ စစ္ေကာင္စီတပ္၏ အမွတ္ (၈)ေလေၾကာင္းရန္ကာကြယ္ေရးကြပ္ကဲမႈဌာန ခ်ဳပ္ႏွင့္ လက္ေအာက္ခံတပ္ရင္းမ်ားအပါအဝင္ သုံးေန ရာထက္မနည္းကို ေတာ္လွန္ေရးပူးေပါင္းတပ္မ်ားက ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာတြင္ ေဖာက္ခြဲတိုက္ ခိုက္ခဲ့ေသးသည္။