စုပေါင်းရုံးထဲမှာ အနားယူနေတဲ့ စစ်ကောင်စီတပ်သားတွေ လောင်ချာနဲ့ ပစ်ခံရ (ရုပ်/သံ)
ရေစကြို ၊ ဖေဖေါ်ဝါရီ ၂၂ ၊ ၂၀၂၃။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် ၂ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးထဲမှာ အနားယူနေတဲ့ စစ်အုပ်စုကို ဖေဖော်ဝါရီလ ၂၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ ကာကွယ်ရေးအဖွဲ့တွေက အဝေးပစ် ပုခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့လို့ စစ်သား ၃ ဦး ဒဏ်ရာပြင်းထန် ရရှိသွားတယ်လို့ Myingyan Black Tiger − MBT ဆီက သိရပါတယ်။
” ရဲစခန်းတောင်မှ သူလောက်အင်အားမများဘူး၊ စစ်ကြောင်းတွေထိုးနေတဲ့ အကုန်လုံးက ဒီရုံးမှာပဲစုတာ၊ အင်အားက အယောက် ၂၀၀ ကျော်ရှိတာ၊ ကျနော်တို့ ၂ ချက်ပစ်ခတ်နိုင်ခဲ့တယ်၊ သူတို့ဘက်က ၃ ယောက်လဲကျပြီး ကျနော်တို့ပြန်ဆုတ်တဲ့အချိန်မှာ ရပ်ကွက်အထိလိုက်ပြီးပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ခဲ့တယ်” လို့ Myingyan Black Tiger − MBT ဗိုလ်မိုက်ခဲက ပြောပါတယ်။
စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို သေဆုံးမှုတွေရှိနိုင်တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့် ခွပ်ဒေါင်းနီ ပြောက်ကြားတပ်(YSO)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုနှစ် ဇန်နဝါရီလ ၁၃ ရက် ညနေကလည်း Myingyan Black Tiger (MBT) က ရေစကြိုမြို့ အမှတ် ၄ ဖောင်းတော်ဦးရပ်ကွက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁၀ ဦးအထက် သေဆုံးတယ်လို့ သိရပါတယ်။
Zawgyi(version)
စုေပါင္း႐ုံးထဲမွာ အနားယူေနတဲ့ စစ္ေကာင္စီတပ္သားေတြ ေလာင္ခ်ာနဲ႕ ပစ္ခံရ (႐ုပ္/သံ)
ေရစႀကိဳ ၊ ေဖေဖၚဝါရီ ၂၂ ၊ ၂၀၂၃။
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္ အမွတ္ ၂ စည္ပင္သာယာရပ္ကြက္က စုေပါင္း႐ုံးထဲမွာ အနားယူေနတဲ့ စစ္အုပ္စုကို ေဖေဖာ္ဝါရီလ ၂၁ ရက္ ည ၁၀ နာရီဝန္းက်င္မွာ ကာကြယ္ေရးအဖြဲ႕ေတြက အေဝးပစ္ ပုခုံးထမ္းေလာင္ခ်ာနဲ႕ ပစ္ခတ္ခဲ့လို႔ စစ္သား ၃ ဦး ဒဏ္ရာျပင္းထန္ ရရွိသြားတယ္လို႔ Myingyan Black Tiger MBT ဆီက သိရပါတယ္။
” ရဲစခန္းေတာင္မွ သူေလာက္အင္အားမမ်ားဘူး၊ စစ္ေၾကာင္းေတြထိုးေနတဲ့ အကုန္လုံးက ဒီ႐ုံးမွာပဲစုတာ၊ အင္အားက အေယာက္ ၂၀၀ ေက်ာ္ရွိတာ၊ က်ေနာ္တို႔ ၂ ခ်က္ပစ္ခတ္နိုင္ခဲ့တယ္၊ သူတို႔ဘက္က ၃ ေယာက္လဲက်ၿပီး က်ေနာ္တို႔ျပန္ဆုတ္တဲ့အခ်ိန္မွာ ရပ္ကြက္အထိလိုက္ၿပီးပစ္ခတ္တာေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈအနည္းငယ္ျဖစ္ခဲ့တယ္” လို႔ Myingyan Black Tiger MBT ဗိုလ္မိုက္ခဲက ေျပာပါတယ္။
စစ္ေကာင္စီဘက္က ၃ ဦးထိခိုက္ဒဏ္ရာရရွိခဲ့သလို ေသဆုံးမႈေတြရွိနိုင္တယ္လို႔ သိရေပမယ့္ ေျမလတ္အသံက သီးျခားအတည္မျပဳနိုင္ေသးပါဘူး။
ဒီတိုက္ခိုက္မႈကို Myingyan Black Tiger (MBT) ႏွင့္ ခြပ္ေဒါင္းနီ ေျပာက္ၾကားတပ္(YSO)တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
အခုႏွစ္ ဇန္နဝါရီလ ၁၃ ရက္ ညေနကလည္း Myingyan Black Tiger (MBT) က ေရစႀကိဳၿမိဳ႕ အမွတ္ ၄ ေဖာင္းေတာ္ဦးရပ္ကြက္မွာ စစ္ေကာင္စီတပ္စြဲထားတဲ့ စခန္းကို သြားေရာက္ပစ္ခတ္ခဲ့ရာ စစ္သား ၁၀ ဦးအထက္ ေသဆုံးတယ္လို႔ သိရပါတယ္။