အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက်ရောက် ပိုမို အရေးယူရေး သမ္မတဂျိုးဘိုင်ဒင် ထံသို့ ဘန်ကောက်ရှိ အမေရိကန် သံရုံးမှ တစ်ဆင့် မြန်မာ့တော်လှန်ရေးအင်အားစုများ စာပေးပို့
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ မတရားစစ်အာဏာသိမ်းပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လျက်ရှိသော စစ်ရာဇဝတ်မှု တရားခံ အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက်ရောက် ပိုမို အရေးယူရေး သမ္မတဂျိုးဘိုင်ဒင် ထံသို့ ဘန်ကောက်ရှိ အမေရိကန် သံရုံးမှ တစ်ဆင့် မြန်မာ့တော်လှန် ရေး အင်အားစုများ စာပေးပို့တောင်းဆိုလိုက်ကြသည်။
မြန်မာနိုင်ငံတွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အကြမ်းဖက် အာဏာသိမ်းယူပြီးပြည်သူများကို ဖိနှိပ် သတ်ဖြတ်လာသည်မှာ ၂ နှစ်ကျော်လာပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုအနေဖြင့် အရေးယူမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ ဆောင်ရွက်ခြင်းအပြင် NDAA တွင် Burma Act ကို ထည့်သွင်းပြဋ္ဌာန်းခြင်း အရေးယူဆောင်ရွက်နေကြောင်း၊ သို့ရာတွင် လက်နက်မဲ့ အပြစ်မဲ့ ပြည်သူများကို လူမဆန်သော လုပ်ရပ်များနှင့် လက်နက် အားကိုး အနိုင်ကျင့်လျက်ရှိသော မြန်မာစစ်တပ်နှင့်အပေါင်းအပါများကို အမေရိကန်စစ်တပ်က ယခုထက်ပိုမို၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။
“ဒီနေ့ ဘန်ကောက် အမေရိကန်သံရုံးကို စာပို့တဲ့အခါမှာ ထိုင်းရဲတွေက လာရောက်တဲ့ မြန်မာတွေကို Passport တွေတောင်းပြီး လူနဲ့ ပတ်စ်ပို့တွဲပြီး ဓာတ်ပုံရိုက်တာတွေ လုပ်တယ်။ စာကိုတော့ ပေးလိုက်နိုင်ပါတယ်” ဟု ဘန်ကောက် အမေရိကန်သံရုံးရှေ့သို့ သွားရောက် စာပို့ခဲ့သူ မြန်မာတော်လှန်ရေးသမားတစ်ဦးက ပြောဆိုသည်။
မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အခြေအနေများ ဆိုးဝါးလာမှုကို အမေရိကန်သမ္မတထံ အသိပေးပြီး ကမ္ဘာကိုလည်း အသိပေးခြင်းဖြစ်သည်ဟု မြန်မာ့တော်လှန်ရေးအင်အားစုက ပြောဆိုသည်။
“အမေရိကန်က ကမ္ဘာ့ ဦးဆောင်ဒီမိုကရေစီနိုင်ငံဖြစ်လို့ အသိပေးတာပါ။ မင်းအောင်လှိုင်နဲ့ စစ်တပ်က အာဏာတည်မြဲရေးအတွက် ပြည်သူကိုနှိပ်ကွပ်လာတာ မြန်မာနိုင်ငံမှာ အခြေအနေ တော်တော်ကိုဆိုးလာပြီ။ အာဏာတည်မြဲရေးနဲ့တည်ငြိမ်ရေးအတွက် သတ်ဖြတ်ခံရတဲ့ ၃၀၀၀ ကျော်ပြီ မတရားဖမ်းဆီးထားသူ သောင်းကျော်နေပြီ။ သူတို့ကိုမထောက်ခံဘူး ဆန့်ကျင်ရင် ရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်။ အရှို့ခံရတဲ့ ရွာတွေ မနည်းတော့ဘူး။ ရှေ့မှာ အလားအလာ နှိပ်စက်ဦးမယ်။ စစ်ဘေးဒဏ်သင့်တွေ ပိုများလာတော့မယ်။ မြန်မာပြည်သူတွေအနေနဲ့ အရမ်းကို စိုးရိမ်ထိတ်လန့်နေကြတယ်။ စစ်ကောင်စီက ၂၀၂၃ မှာ ပြင်ဆင်ထားတဲ့ပုံစံက ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး ပိုဆိုးလာမယ့် အခြေအနေမို့ ပြည်သူတွေအတွက် အန္တရာယ်များလို့ ကမ္ဘာကို သိစေချင်လို့ အကြောင်းကြားတဲ့သဘောပါပဲ”ဟု သမ္မတဘိုင်ဒင်ထံ စာပေးပို့ရာတွင် ပါဝင်သူ ထိုင်းရောက် မြန်မာ့တော်လှန်ရေးအင်အားစုမှ မြန်မာတစ်ဦးက ပြောဆိုသည်။
အၾကမ္းဖက္စစ္ေကာင္စီကို ထိထိေရာက္ေရာက္ ပိုမို အေရးယူေရး သမၼတဂ်ိဳးဘိုင္ဒင္ ထံသို႔ ဘန္ေကာက္ရွိ အေမရိကန္ သံ႐ုံးမွ တစ္ဆင့္ ျမန္မာ့ေတာ္လွန္ေရးအင္အားစုမ်ား စာေပးပို႔
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၂
ျမန္မာနိုင္ငံ မတရားစစ္အာဏာသိမ္းၿပီး ျပည္သူမ်ားကို ဖမ္းဆီး ႏွိပ္စက္ သတ္ျဖတ္လ်က္ရွိေသာ စစ္ရာဇဝတ္မႈ တရားခံ အၾကမ္းဖက္စစ္ေကာင္စီကို ထိထိေရာက္ေရာက္ ပိုမို အေရးယူေရး သမၼတဂ်ိဳးဘိုင္ဒင္ ထံသို႔ ဘန္ေကာက္ရွိ အေမရိကန္ သံ႐ုံးမွ တစ္ဆင့္ ျမန္မာ့ေတာ္လွန္ ေရး အင္အားစုမ်ား စာေပးပို႔ေတာင္းဆိုလိုက္ၾကသည္။
ျမန္မာနိုင္ငံတြင္ မင္းေအာင္လွိုင္ ဦးေဆာင္ေသာ စစ္တပ္က အၾကမ္းဖက္ အာဏာသိမ္းယူၿပီးျပည္သူမ်ားကို ဖိႏွိပ္ သတ္ျဖတ္လာသည္မွာ ၂ ႏွစ္ေက်ာ္လာၿပီျဖစ္ေၾကာင္း အေမရိကန္ ျပည္ေထာင္စုအေနျဖင့္ အေရးယူမႈမ်ား၊ စီးပြားေရးပိတ္ဆို႔မႈမ်ား ေဆာင္ရြက္ျခင္းအျပင္ NDAA တြင္ Burma Act ကို ထည့္သြင္းျပ႒ာန္းျခင္း အေရးယူေဆာင္ရြက္ေနေၾကာင္း၊ သို႔ရာတြင္ လက္နက္မဲ့ အျပစ္မဲ့ ျပည္သူမ်ားကို လူမဆန္ေသာ လုပ္ရပ္မ်ားႏွင့္ လက္နက္ အားကိုး အနိုင္က်င့္လ်က္ရွိေသာ ျမန္မာစစ္တပ္ႏွင့္အေပါင္းအပါမ်ားကို အေမရိကန္စစ္တပ္က ယခုထက္ပိုမို၍ ထိေရာက္စြာ အေရးယူေပးရန္ ေတာင္းဆိုေၾကာင္း ေဖာ္ျပထားသည္။
“ဒီေန႔ ဘန္ေကာက္ အေမရိကန္သံ႐ုံးကို စာပို႔တဲ့အခါမွာ ထိုင္းရဲေတြက လာေရာက္တဲ့ ျမန္မာေတြကို Passport ေတြေတာင္းၿပီး လူနဲ႔ ပတ္စ္ပို႔တြဲၿပီး ဓာတ္ပုံရိုက္တာေတြ လုပ္တယ္။ စာကိုေတာ့ ေပးလိုက္နိုင္ပါတယ္” ဟု ဘန္ေကာက္ အေမရိကန္သံ႐ုံးေရွ႕သို႔ သြားေရာက္ စာပို႔ခဲ့သူ ျမန္မာေတာ္လွန္ေရးသမားတစ္ဦးက ေျပာဆိုသည္။
မင္းေအာင္လွိုင္ႏွင့္ အၾကမ္းဖက္စစ္တပ္ေၾကာင့္ ျမန္မာျပည္သူမ်ား ၾကဳံေတြ႕ေနရသည့္ အေျခအေနမ်ား ဆိုးဝါးလာမႈကို အေမရိကန္သမၼတထံ အသိေပးၿပီး ကမၻာကိုလည္း အသိေပးျခင္းျဖစ္သည္ဟု ျမန္မာ့ေတာ္လွန္ေရးအင္အားစုက ေျပာဆိုသည္။
“အေမရိကန္က ကမၻာ့ ဦးေဆာင္ဒီမိုကေရစီနိုင္ငံျဖစ္လို႔ အသိေပးတာပါ။ မင္းေအာင္လွိုင္နဲ႔ စစ္တပ္က အာဏာတည္ျမဲေရးအတြက္ ျပည္သူကိုႏွိပ္ကြပ္လာတာ ျမန္မာနိုင္ငံမွာ အေျခအေန ေတာ္ေတာ္ကိုဆိုးလာၿပီ။ အာဏာတည္ျမဲေရးနဲ႔တည္ၿငိမ္ေရးအတြက္ သတ္ျဖတ္ခံရတဲ့ ၃၀၀၀ ေက်ာ္ၿပီ မတရားဖမ္းဆီးထားသူ ေသာင္းေက်ာ္ေနၿပီ။ သူတို႔ကိုမေထာက္ခံဘူး ဆန႔္က်င္ရင္ ရြာေတြကို မီးရွို႔ဖ်က္ဆီးေနတယ္။ အရွို႔ခံရတဲ့ ရြာေတြ မနည္းေတာ့ဘူး။ ေရွ႕မွာ အလားအလာ ႏွိပ္စက္ဦးမယ္။ စစ္ေဘးဒဏ္သင့္ေတြ ပိုမ်ားလာေတာ့မယ္။ ျမန္မာျပည္သူေတြအေနနဲ႔ အရမ္းကို စိုးရိမ္ထိတ္လန႔္ေနၾကတယ္။ စစ္ေကာင္စီက ၂၀၂၃ မွာ ျပင္ဆင္ထားတဲ့ပုံစံက ျပည္သူေတြကို ႏွိပ္စက္သတ္ျဖတ္ၿပီး ပိုဆိုးလာမယ့္ အေျခအေနမို႔ ျပည္သူေတြအတြက္ အႏၲရာယ္မ်ားလို႔ ကမၻာကို သိေစခ်င္လို႔ အေၾကာင္းၾကားတဲ့သေဘာပါပဲ”ဟု သမၼတဘိုင္ဒင္ထံ စာေပးပို႔ရာတြင္ ပါဝင္သူ ထိုင္းေရာက္ ျမန္မာ့ေတာ္လွန္ေရးအင္အားစုမွ ျမန္မာတစ္ဦးက ေျပာဆိုသည္။