ဝါရှင်တန်မှာ NUG ရုံးခန်းဖွင့်ပြီးချိန် တိုင်းရင်းသားလက်နက်ကိုင်တချို့ကို တရုတ်တွေ့ဆုံ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်မှာ NUG က ရုံးခန်းဖွင့်လှစ်ပြီးတဲ့နောက်မှာ တရုတ်က သူနဲ့ ဆက်စပ်မှုရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့နဲ့တွေ့ဆုံနေတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းကစလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နဲ့ တိုင်းရင်းလက်နက်ကိုင် ကိုယ်စားလှယ်အချို့ယူနန်ပြည်နယ်နဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားနယ်မြေတွေမှာ တွေ့ဆုံနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ အဖွဲ့ ၄ဖွဲ့လောက်နဲ့တွေ့ပြီးပြီလို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။
“NUG က အမေရိကန်မှာ ရုံးခွဲဖွင့်တဲ့ကိစ္စအပေါ်လည်း သူတို့(တရုတ်)က သိပ်မကြိုက်ဘူး။ တရုတ်သံတမန်က UN Resolution ချချိန် မဲမပေး ကြားနေခဲ့တာကို အထူးပြု ပြောသွားတယ်။ တရုတ်ကို ဆွဲဆောင်ချင်ရင် NUG က Diplomats(သံတမန်) မဆန်တဲ့ သူ့မူဝါဒတွေ ပြင်ရမယ် ဆိုတဲ့ သုံးသပ်ချက်မျိုး သွားတွေ့တဲ့ အဖွဲ့တွေဆီကထွက်လာတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် လောင်းကစားမှု၊ လိမ်လည်မှုအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ကိုလည်း ပြောဆိုခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်ထံကနေသိရပါတယ်။
တရုတ်နိုင်ငံက အလိုရှိတဲ့ရာဇဝတ်သားတွေကို ဖမ်းဆီးပေးတာ အပါအဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စတဲ့ကိစ္စ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ အခြေချလုပ်ကိုင်ခွင့်မပေးဖို့ စတဲ့ ကိစ္စတွေလည်း ဆွေးနွေးကြတယ်လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အဓိကကတော့ ဒီရက်ပိုင်းထိုင်းမှာလည်း တရုတ်နိုင်ငံသားတွေ လောင်းကစားကိစ္စတွေရော၊ တခြားအမှုတွေရော တက်ကြတယ်မှတ်လား။ အဲဒါနဲ့ပတ်သက်ပြီး တရုတ်အစိုးရက တင်းတင်းကြပ်ကြပ် ကိုင်ဖို့ရှိနေတာပေါ့လေ။ ဒါတွေကိုလည်း ဝိုင်းလုပ်ဖို့ပြောတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံသားတွေအနေနဲ့ ကမ္ဘောဒီယား၊ မြန်မာ၊ လာအို၊ UAE၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို အရေးပေါ်နဲ့ မဖြစ်မနေကိစ္စကလွဲလို့ ခရီးမသွားဖို့၊ ခရီးသွားခဲ့ရင်လည်း ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေမှာ လုံးဝ ဝင်ရောက်ပတ်သက်တာမျိုးမလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun မကြာသေးမီက ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ အထူးဒေသ(၄)မိုင်းလားကိုလာလည်သွားတယ်လို့ မိုင်းလားနဲ့နီးစပ်တဲ့ WeChat သတင်းတွေမှာ ဖော်ပြထားပါတယ်။
တရုတ်အထူးကိုယ်စားလှယ်အနေနဲ့ လာမယ့်သီတင်းပတ်ထဲမှာလည်း ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ပြီးတွေ့ဖို့ရှိသေးတယ်လို့ သိရပါတယ်။
ဝါရွင္တန္မွာ NUG ႐ုံးခန္းဖြင့္ၿပီးခ်ိန္ တိုင္းရင္းသားလက္နက္ကိုင္တခ်ိဳ႕ကို တ႐ုတ္ေတြ႕ဆုံ
မဲေခါင္၊ ေဖေဖာ္ဝါရီ ၂၁
အေမရိကန္နိုင္ငံ၊ ဝါရွင္တန္ၿမိဳ႕ေတာ္မွာ NUG က ႐ုံးခန္းဖြင့္လွစ္ၿပီးတဲ့ေနာက္မွာ တ႐ုတ္က သူနဲ႔ ဆက္စပ္မႈရွိတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ခ်ိဳ႕နဲ႔ေတြ႕ဆုံေနတယ္လို႔ သတင္းရင္းျမစ္ေတြဆီကေန စုံစမ္းသိရပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္ကတည္းကစလို႔ ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္နဲ႔ တိုင္းရင္းလက္နက္ကိုင္ ကိုယ္စားလွယ္အခ်ိဳ႕ယူနန္ျပည္နယ္နဲ႔ တ႐ုတ္နယ္စပ္က တိုင္းရင္းသားနယ္ေျမေတြမွာ ေတြ႕ဆုံေနၾကတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိေတာ့ အဖြဲ႕ ၄ဖြဲ႕ေလာက္နဲ႔ေတြ႕ၿပီးၿပီလို႔ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္က မဲေခါင္ကို ေျပာပါတယ္။
“NUG က အေမရိကန္မွာ ႐ုံးခြဲဖြင့္တဲ့ကိစၥအေပၚလည္း သူတို႔(တ႐ုတ္)က သိပ္မႀကိဳက္ဘူး။ တ႐ုတ္သံတမန္က UN Resolution ခ်ခ်ိန္ မဲမေပး ၾကားေနခဲ့တာကို အထူးျပဳ ေျပာသြားတယ္။ တ႐ုတ္ကို ဆြဲေဆာင္ခ်င္ရင္ NUG က Diplomats(သံတမန္) မဆန္တဲ့ သူ႔မူဝါဒေတြ ျပင္ရမယ္ ဆိုတဲ့ သုံးသပ္ခ်က္မ်ိဳး သြားေတြ႕တဲ့ အဖြဲ႕ေတြဆီကထြက္လာတယ္” လို႔ သူက ေျပာပါတယ္။
ဒါ့အျပင္ ေလာင္းကစားမႈ၊ လိမ္လည္မႈအပါအဝင္ နိုင္ငံျဖတ္ေက်ာ္ရာဇဝတ္မႈေတြကို ႏွိမ္နင္းတဲ့ေနရာမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြအေနနဲ႔ ပူးေပါင္းပါဝင္ဖို႔ကိုလည္း ေျပာဆိုခဲ့တယ္လို႔ အဲဒီသတင္းရင္းျမစ္ထံကေနသိရပါတယ္။
တ႐ုတ္နိုင္ငံက အလိုရွိတဲ့ရာဇဝတ္သားေတြကို ဖမ္းဆီးေပးတာ အပါအဝင္ အြန္လိုင္းေလာင္းကစားမႈ၊ အြန္လိုင္းလိမ္လည္မႈ၊ လူကုန္ကူးမႈ၊ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ စတဲ့ကိစၥ တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမေတြမွာ အေျခခ်လုပ္ကိုင္ခြင့္မေပးဖို႔ စတဲ့ ကိစၥေတြလည္း ေဆြးေႏြးၾကတယ္လို႔ ေနာက္ထပ္သတင္းရင္းျမစ္တစ္ဦးက ေျပာပါတယ္။
“အဓိကကေတာ့ ဒီရက္ပိုင္းထိုင္းမွာလည္း တ႐ုတ္နိုင္ငံသားေတြ ေလာင္းကစားကိစၥေတြေရာ၊ တျခားအမႈေတြေရာ တက္ၾကတယ္မွတ္လား။ အဲဒါနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရက တင္းတင္းၾကပ္ၾကပ္ ကိုင္ဖို႔ရွိေနတာေပါ့ေလ။ ဒါေတြကိုလည္း ဝိုင္းလုပ္ဖို႔ေျပာတယ္” လို႔ သူက ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက တ႐ုတ္နိုင္ငံသားေတြအေနနဲ႔ ကေမၻာဒီယား၊ ျမန္မာ၊ လာအို၊ UAE၊ ဖိလစ္ပိုင္၊ ထိုင္းနဲ႔ မေလးရွားနိုင္ငံေတြကို အေရးေပၚနဲ႔ မျဖစ္မေနကိစၥကလြဲလို႔ ခရီးမသြားဖို႔၊ ခရီးသြားခဲ့ရင္လည္း ဥပေဒနဲ႔ မလြတ္ကင္းတဲ့ ကိစၥေတြမွာ လုံးဝ ဝင္ေရာက္ပတ္သက္တာမ်ိဳးမလုပ္ဖို႔ ထုတ္ျပန္ထားပါတယ္။
တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ နိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာအထူးကိုယ္စားလွယ္ H.E Mr. Deng Xijun မၾကာေသးမီက ရွမ္းျပည္နယ္၊ အေရွ႕ပိုင္း၊ အထူးေဒသ(၄)မိုင္းလားကိုလာလည္သြားတယ္လို႔ မိုင္းလားနဲ႔နီးစပ္တဲ့ WeChat သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
တ႐ုတ္အထူးကိုယ္စားလွယ္အေနနဲ႔ လာမယ့္သီတင္းပတ္ထဲမွာလည္း က်န္တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ဆက္ၿပီးေတြ႕ဖို႔ရွိေသးတယ္လို႔ သိရပါတယ္။