အိမ်သာထသွားတဲ့ စမ်းချောင်းမြိုနယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ
C8 News
ရန်ကုန်၊ဖေဖော်ဝါရီ(၂၁)
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း၊ ကြည့်မြင်တိုင်ဘူတာဝန်ထမ်းလိုင်းခန်း မှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ဦး ကို
မနေ့က(ဖေဖော်ဝါရီ၂၀)ရက်နေ့ ညပိုင်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် မျက်နှာသေနတ်ထိမှန်ပြီး ဆေးရုံတက်ကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဝန်ထမ်းလိုင်းခန်း မှာသူကနေတာ၊ အဲ့မှာက လိုင်းခန်းအနောက်မှာ အိမ်သာရှိတာ သူ(လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး) ကအိမ်သာထသွားတုန်း အပြင်ကနေသေနတ်နဲ့ လှမ်းပစ်တာ မျက်နှာကိုရှပ်ထိသွားတယ်၊
ညကတည်းကဆေးရုံပို့ထားတယ်၊ မသေတော့မသေနိုင်ပါဘူး ရှပ်ထိတာလောက်ပဲ” လို့ လင်းလွန်းတောင်ရပ်ကွက် မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
မနေ့က (ဖေဖော်ဝါရီလ၂၀ရက်)ည (၁၁)နာရီကျော်ချိန်မှာ ဝန်းထမ်းလိုင်ခန်းမှာ ရှိတဲ့အများသုံးအိမ်သာကို သွားနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုခြံစည်းရိုးအပြင်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ဦး ရဲ့ဝဲဘက်ပါး ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။