မင်းအောင်လှိုင်သည် စာဖတ်နေသူ၊ ပန်းချီဆွဲနေသူ များ နှင့် သွားရောက် တွေ့ဆုံဟု သတင်းထွက်ပေါ်
*************************
မြန်မာ စစ်တပ်သည် နိုင်ငံတကာ ဖိအားများ မြင့်တက်လာလေ ကျေနပ်အောင် တခုခု လုပ်ပြမည်ဟု လုံးဝ စဉ်းစားခြင်း မရှိ၊ ဆင်ကန်းတောတိုး ဆက်၍ ညစ် တွန်း တွန်း နေဆဲ ဖြစ်သည်။ တိုင်းပြည်ကို ၎င်းတို့ ထိန်းချုပ် နိုင်လိမ့်မည်ဟု ယူဆနေဆဲ ဖြစ်သည်။
ထိန်းချုပ်နိုင်သည်ပဲ ဆိုစေဦး၊ ဘယ်လို ပုံစံ နှင့် ဆက်၍ အုပ်ချုပ်သွားကြမည်လဲ။ မင်းအောင်လှိုင်သည် လက်နက် အားကိုး ဖြင့် ခေါင်းဆောင် အဖြစ် တက်လှမ်းလာခဲ့သော်လည်း တနိုင်ငံလုံး၏ ရွံရှာ မုန်းတီးမှုကို ခံနေရပြီ ဖြစ်သည်။သူ ကဲ့သို့ အခြေအနေမျိုး ဖြင့် သမ္မတ လုပ်မည်လား ဟု ကြိုက်ရာလူကို လက်ညှိုး ထိုးပြီးမေး၊ အားလုံးက “ဒါမျိုးကြီးနဲ့ တော့ မလုပ်ပါရစေ” နှင့် ဟု ဖြေကြမည်မှာ အမှန်အကန်ပင်။
နိုင်ငံတကာကလည်း ၎င်းအား အောင့်အီး၍ ဆက်ဆံကြတော့မည် မဟုတ်၊ ယခုလိုပင် တရုတ် တို့ လွှမ်းမိုး လာမည့် အရေးကို တန်ပြန်ရင်း ဆက်၍ နေသွားကြမည်။ ထို့အပြင် စစ်ခေါင်းဆောင်များသည် နိုင်ငံတကာ တရားရုံးများ ဖြစ်သော အိုင်စီစီ၊ အိုင်စီဂျေ တို့ တွင် တရားစွဲခံရဖို့ ကကျိန်းသေနေသူ များလည်း ဖြစ်သည်။
ယခုပင် ဥရောပ နိုင်ငံကြီး အချို့မှ ဂမ်ဘီယာ နှင့် လက်တွဲလာခဲ့ကြပြီ ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များ ဆက်၍ အုပ်ချုပ်သွားမည့် အရေးကို မည်သူက အသိအမှတ် ပြု ဆက်ဆံကြမည် နည်း။
ဧရာဝတီ၏ သတင်းအရ မင်းအောင်လှိုင်သည် နောက်ထပ် ၆ လ သက်တမ်း မတိုးမီ ဆရာသမားများ ဖြစ်သော ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့ နှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။ မင်းအောင်လှိုင်၏ လက်ချက်ဖြင့် ဗိုလ်သန်းရွှေ အင်မတန် မှ ဂုဏ်ယူခဲ့သည့် သမိုင်းတွင် မည်ဟု သူ့ဖာသာ ယူဆခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံကြီးက ပျက်ပြားသွားခဲ့ရပြီး ၎င်း သမ္မတ ဖြစ်ရေး အတွက် လူပေါင်း ထောင်ချီ၍ အသက်ဆုံးရှုံးနေကြရပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ယခင်က နိုင်ငံတကာ၏ ဖိအားများကို ကိုင်တွယ်ခဲ့ဖူးသည့် ဗိုလ်သန်းရွှေ ထံမှ အကြံဉာဏ်များ သွား၍ တောင်းသည်ဟု ယူဆစရာ ရှိနေကြောင်း ဆိုသည်။
ဗိုလ်သန်းရွှေသည် ကုလသမဂ္ဂအား အမေရိကန်တို့ တဖက်လှည့် နှင့် ဝင်စွက်လို့ ရအောင် အသုံးချနေသည်ဟု ယူဆပြီး လွန်စွာ မုန်းတီးနေသည်။ မင်းအောင်လှိုင် ကိုလည်း ထိုသို့ပင် အကြံပေးခဲ့ပုံရသည်။
အမေရိကန် အမတ် ဘေလ် ရစ်ချတ် ဆန် လို မည်သည့် ရာထူးမျှ မရှိဘဲ ရောက်လာသူအား နန်းတော်ကြီးထဲတွင် တခမ်းတနား ဧည့်ခံခဲ့သော်လည်း ကုလ အထူး သံတမန် နိုလင်း ဟေဇာ ကိုတော့ တမင်တကာ အဆင့်နိမ့်၍ လက်ခံ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံခဲ့ခြင်းသည် သန်းရွှေအား သွားရောက်တွေ့ဆုံခဲ့ပြီးနောက် တွင် ဖြစ်၍ ထိုအချက်ကို ဧရာဝတီက ထောက်ပြခဲ့သည်။
နောက်ထပ် အချက်တချက် အဖြစ် ကုလ မှ တွေ့ခွင့်ရရန် အကြိမ်ကြိမ် တောင်းဆိုနေသော နိုင်ငံတော် အတိုင် ပင်ခံကို လည်း ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခဲ့ပြန်သည်။ နိုင်ငံတကာ၏ တုန့်ပြန်မှု များ အပေါ် မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်အား သက်ညှာစွာ စဉ်းစားသွားမည်ဟု ပင် နိုလင်း ဟေဇာအား ချိမ်းခြောက် ခဲ့ပြန်သည်။
ထို့အပြင် သက်သေ တခု အဖြစ် ခင်ရီအား ဝန်ကြီး ရာထူးမှ ဖယ်ရှားပြီး ပါတီသို့ ပြန်သွားခဲ့မှု ပင် ဖြစ်သည်။ သန်းရွှေသည် ၎င်းတည်ထောင်ခဲ့သော USDP အား ပြန်၍ ခေါင်းထောင်လာစေချင်နေပုံရှိသည်ဟု ဆိုသည်။
မင်းအောင်လှိုင်ကတော့ ပါတီ အားကောင်းလာမည့် အရေးကို ကြိတ်၍ စိုးရိမ်နေသည်။ ပါတီ အတွင်း ဟိုလူ့ မျက်နှာသာပေး၊ ဒီလူ ကို ဖိထားလိုက် နှင့် ဂိုဏ်းဂဏများ ကွဲနေစေချင်မည်သာ ဖြစ်သည်။
လာမည့် ၂၀၂၃ ရွေးကောက်ပွဲတွင် မည်သူ အနိုင်ရသည် ဖြစ်စေ မြန်မာပြည်အား နောက်ဆယ်နှစ်အထိ အုပ်ချုပ် သွားမည့်သူ ဟု မင်းအောင်လှိုင်က နိုလင်းဟေဇာ အား ပြောခဲ့ကြောင်းလည်း ဧရာဝတီ သတင်းက ဆိုသည်။
မင်းအောင်လှိုင်သည် သူကိုယ်တိုင် နိုင်ငံရေး၊ စီးပွားရေး တွင် ဘာ အမျှော်အမြင်မှ မရှိမှန်း စိတ်ထဲက သိနေ၍ သိမ်ငယ်စိတ် ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရွံရှာမုန်းတီးနေသောကြောင့် သူတို့ နှစ်ဦး အကြား တွေ့ဆုံဖွယ် မရှိဟုလည်း ဆိုသည်။
သန်းရွှေသည်သာ အချို့ ထင်မြင် ယူဆထားသလို နိုင်ငံရေး ကို ကွက်ကျော် ကြည့်နိုင်မည့် သူ ဆိုလျှင် ၎င်း သမ္မတ ဖြစ်ရေးကို မည်သို့မျှ ဆက်၍ ထောက်ခံသွားတော့မဟုတ်၊ သူ့နေရာတွင် ပါတီ မှ တဦးဦး နှင့် အစား ထိုးပြီး သူအား နောက်ကွယ်မှ ကြိုးကိုင်သည့် ပုံစံမျိုး ချွေးသိပ်ထားချင်ပေမည်။
သို့သော် စစ်အာဏာရှင် အသီးသီး အဖို့ တပ်ကို ပိုင်ပိုင်နိုင်နိုင် မထိန်းချုပ်နိုင်သရွေ့ ၊ ဗိုလ် မလုပ်ရသရွေ့ မည်သို့မျှ ဩဇာ အာဏာ ရှိမလာနိုင် ဆိုသည့် အချက်ကို ကောင်းစွာ သိနားလည်ထားကြပြီးလည်း ဖြစ်သည်။
ထို့အတွက် မင်းအောင်လှိုင်သည် အိမ်တွင် ထိုင်ပြီး ပန်းချီဆွဲ၊ စာဖတ်နေကြသည့် သက်ကြားအိုများ စကားကို နားထောင်လိုဟန်မရှိ၊ ၎င်း သမ္မတ ဆက်လုပ်မည့် အရေးကို အများစု က လက်ခံလိုစိတ် မရှိကြတော့ မှန်းလည်း သိနေပြီး ဖြစ်သည်။
လိုရမယ်ရ သားသမီးများအား တိုင်းပြည်၏ စီးပွားရေး လည်မြိုကို ညှစ်ထားလို့ ရသည့် အနေအထား အထိ ရောက်အောင် လုပ်ငန်းများ ချပေးခဲ့ခြင်း ဖြစ်ပုံရသည်။
လက်မခံလိုကြသည်မှာလည်း အဆန်းမဟုတ်၊ မင်းအောင်လှိုင်၏ နိုင်ငံအနှံ့ လှည့်လည်၍ တောင်စဉ်ရေမရ ပြောနေသည့် စကားများသည် ပြည်ပ မှ ပညာသင်ပြီး ပြန်လာသူတယောက်၏ စိတ်ကူးယဉ် အိမ်မက်များ ကဲ့သို့ ဖြစ်နေသည် မှာ အထင်အရှား တွေ့ရသည်။ ထို့အပြင် သူသည် သန်းရွှေ ကဲ့သို့ မဟုတ်၊ နိုင်ငံတကာ ခုံရုံးတွင် တရားစွဲ ခံရမည့် အလားအလာများလည်း ရှိနေပြန်သည့် အတွက် ဖြစ်သည်။
နောက်တက်လာမည့် လူများက ၎င်းတို့ ရင်ဆိုင်နေရသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် အပေးအယူ လုပ် နိုင်မည်၊ ဆွေးနွေးပွဲ လမ်းကြောင်း ပေါ် လျှောက်မည် ဆိုလျှင် ဖြစ်နိုင်ဖွယ် ရှိသည်ဟု တွေးဆနေပုံရသည်။ PDF ကို မည်မျှပင် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများ နှင့် နှိမ်နှင်းနေစေကာမူ တနိုင်ငံလုံး၏ ထောက်ခံမှု ဖြင့် အားကောင်းလာနေပြီ ဖြစ်သည်။
မြန်မာ့ အရေး လေ့လာသူ မက်သယူး အားနိုးက မဟာဗျူဟာ ကျသည့် မန္တလေး-မုံရွာ လမ်းမကြီးသည် လက်လုပ်မိုင်း Improvised Explosives Device (IED) ဆွဲရာ ရိပ်သာ လမ်းမကြီး ဖြစ်လာနေပြီဟု ဆိုသည်။ ထိုဒေသများ တွင် စစ်တပ်၏ လေကြောင်း မှ တိုက်ခိုက်နေမှုသည် ထိုးစစ်ကြီး လုပ်၍ မရသဖြင့် PDF များ အင်အား ကောင်းမလာစေရန် ထိန်းချုပ်ရန် ကြိုးစားနေသည့် အဆင့်သာ ရှိတော့သည်ဟု ဆိုသည်။
ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရသည် ကလေး၊ တမူး နှင့် ဝက်လက် မြို့နယ်များ တွင် ပြည်သူ့ရဲတပ်ဖွဲ့ ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေး ထူထောင်လာပြီ ဖြစ်သည်။
ကရင် တိုင်းရင်းသား တို့၏ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော KNLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များသည် ၎င်းတို့ ခြေကုပ်ယူထားရာ တောင်တန်းဒေသများမှ စစ်တောင်းတံတားကို ဖြတ်ကျော်ပြီး ရန်ကုန်-နေပြည်တော် လမ်းမ ကြီးပေါ်ရှိ ကျောက်တခါး ကို ခြိမ်းချောက်လာနေပြီ ဖြစ်ကြောင်း စစ်ရေး အခြေအနေ လေ့လာ သုံးသပ်သူ Anthony Davis က Asia Times တွင် ရေးသားထားသည်။
မြောက်ပိုင်းတွင်လည်း ကေအိုင်အေ နှင့် PDF များသည် မြစ်ကြီးနားကို ဆက်သွယ်ထားသော အဝေးပြေး လမ်း နှင့် မီးရထားလမ်းများကို အကြီးအကျယ် အနှောက်အယှက် ပေးလာနေပြီ ဖြစ်၍ မြစ်ကြောင်းကိုသာ စစ်တပ် အဖို့ အားထားနေရသည်ဟု ဆိုသည်။
စီးပွားရေး တွင် ဒီကွေ့ ဒီတက်နှင့် လှော်၊ ဟိုကွေ့ ဟိုတက်နှင့် လှော် ဆိုကာ ရှိသမျှ ထုတ်ရောင်း ကာ ကြံဖန် လုပ်နေရသည့် အဆင့် ထက် တက်မလာနိုင်သေးပေ။ ဒေါ်လာ သန်း ၂၀၀ ထုတ်ရောင်းမည့် သတင်းကြောင့် တဒေါ်လာလျှင် ၃,၅၀၀ ကျပ်အထိ ပြန်ကျသွားသော်လည်း ဈေးကွက်ထဲသို့ မည်သို့ မည်ပုံ ထုတ်ရောင်းမည် ဆိုသည်က ပြောဆိုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ မြန်မာငွေတန်ဖိုးကား ၄၀ ရာနှုန်းအထိ ကျဆင်း သွားပြီ ဖြစ်သည်။
လက်ရှိအနေအထား တွင် NUG သည် တနိုင်ငံလုံးကို Physically မထိန်းချုပ်နိုင်သေးသော်လည်း Psychologically အရ ပြည်သူ တရပ်လုံး၏ ထောက်ခံမှု ရရှိနေသည်မှာ တနေ့ထက်တနေ့ ထင်ရှားလာနေပြီ ဖြစ်သည်။
ဤနေရာတွင် ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့က လက်ရှိ မင်းအောင်လှိုင်၏ လုပ်ရပ်များကို ထောက်ခံနေကြ သလား၊ ကျိန်းသေသည်မှာ စစ်တပ် သည် ၎င်းတို့ မအုပ်ချုပ်ရလျှင်၊ ၎င်းတို့ လမ်းညွှန်ချက် ကို မလိုက်နာလျှင်၊ မြန်မာပြည်သည် ကမ္ဘာမြေပုံမှ ပျောက်ပျက်သွားတော့မည်ဟု ၁၉၆၂ ကတည်းက ဦးနှောက် ဆေး ခံထားရသူ များ ဖြစ်နေသည်။
ထိုအယူအဆ နှင့် မင်းအောင်လှိုင်ကို ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။ ယခုတော့ တိုင်းပြည်၏ အချုပ်အခြာ အာဏာ ဆိုသည့် လက်ဆုပ်လက်ကိုင်မပြနိုင်သော စိတ္တဇ နာမ် အောက်တွင် တတိုင်းပြည်လုံး ဒုက္ခဆင်းရဲ တွင်းထဲ ထိုးဆင်းကြရဖို့ ဖြစ်လာနေသည်။
Zawgyi(version)
မင္းေအာင္လွိုင္သည္ စာဖတ္ေနသူ၊ ပန္းခ်ီဆြဲေနသူ မ်ား ႏွင့္ သြားေရာက္ ေတြ႕ဆုံဟု သတင္းထြက္ေပၚ
*************************
ျမန္မာ စစ္တပ္သည္ နိုင္ငံတကာ ဖိအားမ်ား ျမင့္တက္လာေလ ေက်နပ္ေအာင္ တခုခု လုပ္ျပမည္ဟု လုံးဝ စဥ္းစားျခင္း မရွိ၊ ဆင္ကန္းေတာတိုး ဆက္၍ ညစ္ တြန္း တြန္း ေနဆဲ ျဖစ္သည္။ တိုင္းျပည္ကို ၎တို႔ ထိန္းခ်ဳပ္ နိုင္လိမ့္မည္ဟု ယူဆေနဆဲ ျဖစ္သည္။
ထိန္းခ်ဳပ္နိုင္သည္ပဲ ဆိုေစဦး၊ ဘယ္လို ပုံစံ ႏွင့္ ဆက္၍ အုပ္ခ်ဳပ္သြားၾကမည္လဲ။ မင္းေအာင္လွိုင္သည္ လက္နက္ အားကိုး ျဖင့္ ေခါင္းေဆာင္ အျဖစ္ တက္လွမ္းလာခဲ့ေသာ္လည္း တနိုင္ငံလုံး၏ ႐ြံရွာ မုန္းတီးမႈကို ခံေနရၿပီ ျဖစ္သည္။သူ ကဲ့သို႔ အေျခအေနမ်ိဳး ျဖင့္ သမၼတ လုပ္မည္လား ဟု ႀကိဳက္ရာလူကို လက္ညွိုး ထိုးၿပီးေမး၊ အားလုံးက ဒါမ်ိဳးႀကီးနဲ႕ ေတာ့ မလုပ္ပါရေစ ႏွင့္ ဟု ေျဖၾကမည္မွာ အမွန္အကန္ပင္။
နိုင္ငံတကာကလည္း ၎အား ေအာင့္အီး၍ ဆက္ဆံၾကေတာ့မည္ မဟုတ္၊ ယခုလိုပင္ တ႐ုတ္ တို႔ လႊမ္းမိုး လာမည့္ အေရးကို တန္ျပန္ရင္း ဆက္၍ ေနသြားၾကမည္။ ထို႔အျပင္ စစ္ေခါင္းေဆာင္မ်ားသည္ နိုင္ငံတကာ တရား႐ုံးမ်ား ျဖစ္ေသာ အိုင္စီစီ၊ အိုင္စီေဂ် တို႔ တြင္ တရားစြဲခံရဖို႔ ကက်ိန္းေသေနသူ မ်ားလည္း ျဖစ္သည္။
ယခုပင္ ဥေရာပ နိုင္ငံႀကီး အခ်ိဳ႕မွ ဂမ္ဘီယာ ႏွင့္ လက္တြဲလာခဲ့ၾကၿပီ ျဖစ္သည္။ ထိုသို႔ေသာ ေခါင္းေဆာင္မ်ား ဆက္၍ အုပ္ခ်ဳပ္သြားမည့္ အေရးကို မည္သူက အသိအမွတ္ ျပဳ ဆက္ဆံၾကမည္ နည္း။
ဧရာဝတီ၏ သတင္းအရ မင္းေအာင္လွိုင္သည္ ေနာက္ထပ္ ၆ လ သက္တမ္း မတိုးမီ ဆရာသမားမ်ား ျဖစ္ေသာ ဗိုလ္သန္းေ႐ႊ၊ ဗိုလ္သိန္းစိန္တို႔ ႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့သည္ဟု သိရသည္။ မင္းေအာင္လွိုင္၏ လက္ခ်က္ျဖင့္ ဗိုလ္သန္းေ႐ႊ အင္မတန္ မွ ဂုဏ္ယူခဲ့သည့္ သမိုင္းတြင္ မည္ဟု သူ႕ဖာသာ ယူဆခဲ့ေသာ ၂၀၀၈ ဖြဲ႕စည္းပုံႀကီးက ပ်က္ျပားသြားခဲ့ရၿပီး ၎ သမၼတ ျဖစ္ေရး အတြက္ လူေပါင္း ေထာင္ခ်ီ၍ အသက္ဆုံးရႈံးေနၾကရၿပီ ျဖစ္သည္။
မင္းေအာင္လွိုင္သည္ ယခင္က နိုင္ငံတကာ၏ ဖိအားမ်ားကို ကိုင္တြယ္ခဲ့ဖူးသည့္ ဗိုလ္သန္းေ႐ႊ ထံမွ အႀကံဉာဏ္မ်ား သြား၍ ေတာင္းသည္ဟု ယူဆစရာ ရွိေနေၾကာင္း ဆိုသည္။
ဗိုလ္သန္းေ႐ႊသည္ ကုလသမဂၢအား အေမရိကန္တို႔ တဖက္လွည့္ ႏွင့္ ဝင္စြက္လို႔ ရေအာင္ အသုံးခ်ေနသည္ဟု ယူဆၿပီး လြန္စြာ မုန္းတီးေနသည္။ မင္းေအာင္လွိုင္ ကိုလည္း ထိုသို႔ပင္ အႀကံေပးခဲ့ပုံရသည္။
အေမရိကန္ အမတ္ ေဘလ္ ရစ္ခ်တ္ ဆန္ လို မည္သည့္ ရာထူးမွ် မရွိဘဲ ေရာက္လာသူအား နန္းေတာ္ႀကီးထဲတြင္ တခမ္းတနား ဧည့္ခံခဲ့ေသာ္လည္း ကုလ အထူး သံတမန္ နိုလင္း ေဟဇာ ကိုေတာ့ တမင္တကာ အဆင့္နိမ့္၍ လက္ခံ ေတြ႕ဆုံခဲ့သည္။ ထိုသို႔ ေတြ႕ဆုံခဲ့ျခင္းသည္ သန္းေ႐ႊအား သြားေရာက္ေတြ႕ဆုံခဲ့ၿပီးေနာက္ တြင္ ျဖစ္၍ ထိုအခ်က္ကို ဧရာဝတီက ေထာက္ျပခဲ့သည္။
ေနာက္ထပ္ အခ်က္တခ်က္ အျဖစ္ ကုလ မွ ေတြ႕ခြင့္ရရန္ အႀကိမ္ႀကိမ္ ေတာင္းဆိုေနေသာ နိုင္ငံေတာ္ အတိုင္ ပင္ခံကို လည္း ေထာင္ဒဏ္ ၆ ႏွစ္ ထပ္မံ ခ်မွတ္ခဲ့ျပန္သည္။ နိုင္ငံတကာ၏ တုန႔္ျပန္မႈ မ်ား အေပၚ မူတည္ၿပီး ေဒၚေအာင္ဆန္းစုၾကည္အား သက္ညွာစြာ စဥ္းစားသြားမည္ဟု ပင္ နိုလင္း ေဟဇာအား ခ်ိမ္းေျခာက္ ခဲ့ျပန္သည္။
ထို႔အျပင္ သက္ေသ တခု အျဖစ္ ခင္ရီအား ဝန္ႀကီး ရာထူးမွ ဖယ္ရွားၿပီး ပါတီသို႔ ျပန္သြားခဲ့မႈ ပင္ ျဖစ္သည္။ သန္းေ႐ႊသည္ ၎တည္ေထာင္ခဲ့ေသာ USDP အား ျပန္၍ ေခါင္းေထာင္လာေစခ်င္ေနပုံရွိသည္ဟု ဆိုသည္။
မင္းေအာင္လွိုင္ကေတာ့ ပါတီ အားေကာင္းလာမည့္ အေရးကို ႀကိတ္၍ စိုးရိမ္ေနသည္။ ပါတီ အတြင္း ဟိုလူ႕ မ်က္ႏွာသာေပး၊ ဒီလူ ကို ဖိထားလိုက္ ႏွင့္ ဂိုဏ္းဂဏမ်ား ကြဲေနေစခ်င္မည္သာ ျဖစ္သည္။
လာမည့္ ၂၀၂၃ ေ႐ြးေကာက္ပြဲတြင္ မည္သူ အနိုင္ရသည္ ျဖစ္ေစ ျမန္မာျပည္အား ေနာက္ဆယ္ႏွစ္အထိ အုပ္ခ်ဳပ္ သြားမည့္သူ ဟု မင္းေအာင္လွိုင္က နိုလင္းေဟဇာ အား ေျပာခဲ့ေၾကာင္းလည္း ဧရာဝတီ သတင္းက ဆိုသည္။
မင္းေအာင္လွိုင္သည္ သူကိုယ္တိုင္ နိုင္ငံေရး၊ စီးပြားေရး တြင္ ဘာ အေမွ်ာ္အျမင္မွ မရွိမွန္း စိတ္ထဲက သိေန၍ သိမ္ငယ္စိတ္ ျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အား ႐ြံရွာမုန္းတီးေနေသာေၾကာင့္ သူတို႔ ႏွစ္ဦး အၾကား ေတြ႕ဆုံဖြယ္ မရွိဟုလည္း ဆိုသည္။
သန္းေ႐ႊသည္သာ အခ်ိဳ႕ ထင္ျမင္ ယူဆထားသလို နိုင္ငံေရး ကို ကြက္ေက်ာ္ ၾကည့္နိုင္မည့္ သူ ဆိုလွ်င္ ၎ သမၼတ ျဖစ္ေရးကို မည္သို႔မွ် ဆက္၍ ေထာက္ခံသြားေတာ့မဟုတ္၊ သူ႕ေနရာတြင္ ပါတီ မွ တဦးဦး ႏွင့္ အစား ထိုးၿပီး သူအား ေနာက္ကြယ္မွ ႀကိဳးကိုင္သည့္ ပုံစံမ်ိဳး ေခြၽးသိပ္ထားခ်င္ေပမည္။
သို႔ေသာ္ စစ္အာဏာရွင္ အသီးသီး အဖို႔ တပ္ကို ပိုင္ပိုင္နိုင္နိုင္ မထိန္းခ်ဳပ္နိုင္သေ႐ြ႕ ၊ ဗိုလ္ မလုပ္ရသေ႐ြ႕ မည္သို႔မွ် ဩဇာ အာဏာ ရွိမလာနိုင္ ဆိုသည့္ အခ်က္ကို ေကာင္းစြာ သိနားလည္ထားၾကၿပီးလည္း ျဖစ္သည္။
ထို႔အတြက္ မင္းေအာင္လွိုင္သည္ အိမ္တြင္ ထိုင္ၿပီး ပန္းခ်ီဆြဲ၊ စာဖတ္ေနၾကသည့္ သက္ၾကားအိုမ်ား စကားကို နားေထာင္လိုဟန္မရွိ၊ ၎ သမၼတ ဆက္လုပ္မည့္ အေရးကို အမ်ားစု က လက္ခံလိုစိတ္ မရွိၾကေတာ့ မွန္းလည္း သိေနၿပီး ျဖစ္သည္။
လိုရမယ္ရ သားသမီးမ်ားအား တိုင္းျပည္၏ စီးပြားေရး လည္ၿမိဳကို ညွစ္ထားလို႔ ရသည့္ အေနအထား အထိ ေရာက္ေအာင္ လုပ္ငန္းမ်ား ခ်ေပးခဲ့ျခင္း ျဖစ္ပုံရသည္။
လက္မခံလိုၾကသည္မွာလည္း အဆန္းမဟုတ္၊ မင္းေအာင္လွိုင္၏ နိုင္ငံအႏွံ႕ လွည့္လည္၍ ေတာင္စဥ္ေရမရ ေျပာေနသည့္ စကားမ်ားသည္ ျပည္ပ မွ ပညာသင္ၿပီး ျပန္လာသူတေယာက္၏ စိတ္ကူးယဥ္ အိမ္မက္မ်ား ကဲ့သို႔ ျဖစ္ေနသည္ မွာ အထင္အရွား ေတြ႕ရသည္။ ထို႔အျပင္ သူသည္ သန္းေ႐ႊ ကဲ့သို႔ မဟုတ္၊ နိုင္ငံတကာ ခုံ႐ုံးတြင္ တရားစြဲ ခံရမည့္ အလားအလာမ်ားလည္း ရွိေနျပန္သည့္ အတြက္ ျဖစ္သည္။
ေနာက္တက္လာမည့္ လူမ်ားက ၎တို႔ ရင္ဆိုင္ေနရေသာ ျပည္သူ႕ကာကြယ္ေရး တပ္ဖြဲ႕မ်ား ႏွင့္ အေပးအယူ လုပ္ နိုင္မည္၊ ေဆြးႏြေးပြဲ လမ္းေၾကာင္း ေပၚ ေလွ်ာက္မည္ ဆိုလွ်င္ ျဖစ္နိုင္ဖြယ္ ရွိသည္ဟု ေတြးဆေနပုံရသည္။ PDF ကို မည္မွ်ပင္ ရက္စက္ၾကမ္းၾကဳတ္သည့္ နည္းလမ္းမ်ား ႏွင့္ ႏွိမ္ႏွင္းေနေစကာမူ တနိုင္ငံလုံး၏ ေထာက္ခံမႈ ျဖင့္ အားေကာင္းလာေနၿပီ ျဖစ္သည္။
ျမန္မာ့ အေရး ေလ့လာသူ မက္သယူး အားနိုးက မဟာဗ်ဴဟာ က်သည့္ မႏၱေလး-မုံ႐ြာ လမ္းမႀကီးသည္ လက္လုပ္မိုင္း Improvised Explosives Device (IED) ဆြဲရာ ရိပ္သာ လမ္းမႀကီး ျဖစ္လာေနၿပီဟု ဆိုသည္။ ထိုေဒသမ်ား တြင္ စစ္တပ္၏ ေလေၾကာင္း မွ တိုက္ခိုက္ေနမႈသည္ ထိုးစစ္ႀကီး လုပ္၍ မရသျဖင့္ PDF မ်ား အင္အား ေကာင္းမလာေစရန္ ထိန္းခ်ဳပ္ရန္ ႀကိဳးစားေနသည့္ အဆင့္သာ ရွိေတာ့သည္ဟု ဆိုသည္။
ယခုအခါ အမ်ိဳးသား ညီၫြတ္ေရး အစိုးရသည္ ကေလး၊ တမူး ႏွင့္ ဝက္လက္ ၿမိဳ႕နယ္မ်ား တြင္ ျပည္သူ႕ရဲတပ္ဖြဲ႕ ကို ဖြဲ႕စည္းကာ အုပ္ခ်ဳပ္ေရး ထူေထာင္လာၿပီ ျဖစ္သည္။
ကရင္ တိုင္းရင္းသား တို႔၏ လက္နက္ကိုင္ တပ္ဖြဲ႕ ျဖစ္ေသာ KNLA ႏွင့္ PDF ပူးေပါင္း တပ္ဖြဲ႕မ်ားသည္ ၎တို႔ ေျခကုပ္ယူထားရာ ေတာင္တန္းေဒသမ်ားမွ စစ္ေတာင္းတံတားကို ျဖတ္ေက်ာ္ၿပီး ရန္ကုန္-ေနျပည္ေတာ္ လမ္းမ ႀကီးေပၚရွိ ေက်ာက္တခါး ကို ၿခိမ္းေခ်ာက္လာေနၿပီ ျဖစ္ေၾကာင္း စစ္ေရး အေျခအေန ေလ့လာ သုံးသပ္သူ Anthony Davis က Asia Times တြင္ ေရးသားထားသည္။
ေျမာက္ပိုင္းတြင္လည္း ေကအိုင္ေအ ႏွင့္ PDF မ်ားသည္ ျမစ္ႀကီးနားကို ဆက္သြယ္ထားေသာ အေဝးေျပး လမ္း ႏွင့္ မီးရထားလမ္းမ်ားကို အႀကီးအက်ယ္ အႏွောက္အယွက္ ေပးလာေနၿပီ ျဖစ္၍ ျမစ္ေၾကာင္းကိုသာ စစ္တပ္ အဖို႔ အားထားေနရသည္ဟု ဆိုသည္။
စီးပြားေရး တြင္ ဒီေကြ႕ ဒီတက္ႏွင့္ ေလွာ္၊ ဟိုေကြ႕ ဟိုတက္ႏွင့္ ေလွာ္ ဆိုကာ ရွိသမွ် ထုတ္ေရာင္း ကာ ႀကံဖန္ လုပ္ေနရသည့္ အဆင့္ ထက္ တက္မလာနိုင္ေသးေပ။ ေဒၚလာ သန္း ၂၀၀ ထုတ္ေရာင္းမည့္ သတင္းေၾကာင့္ တေဒၚလာလွ်င္ ၃,၅၀၀ က်ပ္အထိ ျပန္က်သြားေသာ္လည္း ေဈးကြက္ထဲသို႔ မည္သို႔ မည္ပုံ ထုတ္ေရာင္းမည္ ဆိုသည္က ေျပာဆိုနိုင္ျခင္း မရွိေသးသည္ကို ေတြ႕ရသည္။ ျမန္မာေငြတန္ဖိုးကား ၄၀ ရာႏႈန္းအထိ က်ဆင္း သြားၿပီ ျဖစ္သည္။
လက္ရွိအေနအထား တြင္ NUG သည္ တနိုင္ငံလုံးကို Physically မထိန္းခ်ဳပ္နိုင္ေသးေသာ္လည္း Psychologically အရ ျပည္သူ တရပ္လုံး၏ ေထာက္ခံမႈ ရရွိေနသည္မွာ တေန႕ထက္တေန႕ ထင္ရွားလာေနၿပီ ျဖစ္သည္။
ဤေနရာတြင္ ဗိုလ္သန္းေ႐ႊ၊ ဗိုလ္သိန္းစိန္တို႔က လက္ရွိ မင္းေအာင္လွိုင္၏ လုပ္ရပ္မ်ားကို ေထာက္ခံေနၾက သလား၊ က်ိန္းေသသည္မွာ စစ္တပ္ သည္ ၎တို႔ မအုပ္ခ်ဳပ္ရလွ်င္၊ ၎တို႔ လမ္းၫႊန္ခ်က္ ကို မလိုက္နာလွ်င္၊ ျမန္မာျပည္သည္ ကမၻာေျမပုံမွ ေပ်ာက္ပ်က္သြားေတာ့မည္ဟု ၁၉၆၂ ကတည္းက ဦးႏွောက္ ေဆး ခံထားရသူ မ်ား ျဖစ္ေနသည္။
ထိုအယူအဆ ႏွင့္ မင္းေအာင္လွိုင္ကို ေထာက္ခံခဲ့ၾကျခင္း ျဖစ္သည္။ ယခုေတာ့ တိုင္းျပည္၏ အခ်ဳပ္အျခာ အာဏာ ဆိုသည့္ လက္ဆုပ္လက္ကိုင္မျပနိုင္ေသာ စိတၱဇ နာမ္ ေအာက္တြင္ တတိုင္းျပည္လုံး ဒုကၡဆင္းရဲ တြင္းထဲ ထိုးဆင္းၾကရဖို႔ ျဖစ္လာေနသည္။