ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့မှာ ခလရ ၂၆၉ နဲ့ ခလရ ၂၆၆ က စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနဲ့အတူ အလင်းဝင်

ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့မှာ ခလရ ၂၆၉ နဲ့ ခလရ ၂၆၆ က စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနဲ့အတူ အလင်းဝင်

ဖေဖော်ဝါရီ ၂၁

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၆၉ က စစ်ကောင်စီတပ်သား ၂ ဦး သေနတ် ၂ လက်၊ ကျည် ၆၀၀ ကျော်၊ ဗုံး ၇ လုံးနဲ့ အလင်းဝင်မှု ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ပြီး လုံခြုံရာ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။

ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ စစ်သား ၂ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDF-Hakha ဆီကို အလင်း၀င်လာခဲ့ကြောင်း ၊ စစ်သား ၂ ဦးက MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး ၄လုံးနဲ့ ၆၀မမ ဗုံးသီး ၃ခု ယူဆောင် အပ်နှံလာကြောင်း၊ ဒါ့ကြောင့် အလင်းဝင်လာသူ စစ်သား ၂ ဦးကို ငွေကျပ် သိန်း ၃၀ စီး ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ က ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၆ရက်နေ့မှာ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာကြောင်း CDF–Senthangက သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြို့နယ်၊ ခလရ ၂၆၆ က စစ်သား ၂ ဦးဟာ MA 2 သေနတ် တစ်လက်၊ ကျည်ဆံ၊ ဗုံးသီး၊ နင်းမိုင်း၊ ထောင်မိုင်းများနဲ့ အလင်းဝင်လာခဲ့ကြောင်း သိရပါတယ်။

Zawgyi(version)

ထန္တလန္နဲ႕ ဟားခါးၿမိဳ႕နယ္တို႔မွာ ခလရ ၂၆၉ နဲ႕ ခလရ ၂၆၆ က စစ္ေကာင္စီတပ္သား ၄ ဦး လက္နက္အျပည့္အစုံ၊ ခဲယမ္းမ်ားနဲ႕အတူ အလင္းဝင္
+++++++++++++
ေဖေဖာ္ဝါရီ ၂၁

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္၊ ေျခလ်င္တပ္ရင္း (ခလရ) ၂၆၉ က စစ္ေကာင္စီတပ္သား ၂ ဦး ေသနတ္ ၂ လက္၊ က်ည္ ၆၀၀ ေက်ာ္၊ ဗုံး ၇ လုံးနဲ႕ အလင္းဝင္မႈ ေငြက်ပ္ သိန္း ၃၀ စီ ခ်ီးျမႇင့္ၿပီး လုံၿခဳံရာ ပို႔ေဆာင္လိုက္ေၾကာင္း CDF ဟားခါးတပ္ဖြဲ႕ သတင္းထုတ္ျပန္ပါတယ္။

ထန္တလန္ၿမိဳ႕ အေျခစိုက္ စစ္ေကာင္စီတပ္ရင္း ၂၆၉ မွ စစ္သား ၂ဦးဟာ လက္နက္ခဲယမ္းအျပည့္အစုံနဲ႕ CDF-Hakha ဆီကို အလင္း၀င္လာခဲ့ေၾကာင္း ၊ စစ္သား ၂ ဦးက MA-3 ေသနတ္ ၂လက္၊ က်ည္ ၆၇၄၊ က်ည္အိမ္ ၉ခု၊ လက္ပစ္ဗုံး ၄လုံးနဲ႕ ၆၀မမ ဗုံးသီး ၃ခု ယူေဆာင္ အပ္ႏွံလာေၾကာင္း၊ ဒါ့ေၾကာင့္ အလင္းဝင္လာသူ စစ္သား ၂ ဦးကို ေငြက်ပ္ သိန္း ၃၀ စီး ခ်ီးျမႇင့္ၿပီး လြတ္ေျမာက္ရာ ပို႔ေဆာင္လိုက္ေၾကာင္း CDF ဟားခါးတပ္ဖြဲ႕ က ဆိုပါတယ္။

အလားတူ ေဖေဖာ္ဝါရီ ၁၆ရက္ေန႕မွာ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕မွာ တာဝန္ထမ္းေဆာင္ေနတဲ့ စစ္ေကာင္စီတပ္သားႏွစ္ဦး လက္နက္ခဲယမ္းမ်ားနဲ႕ အလင္းဝင္လာေၾကာင္း CDFSenthangက သတင္းထုတ္ျပန္ပါတယ္။

ဟားခါးၿမိဳ႕နယ္၊ ခလရ ၂၆၆ က စစ္သား ၂ ဦးဟာ MA 2 ေသနတ္ တစ္လက္၊ က်ည္ဆံ၊ ဗုံးသီး၊ နင္းမိုင္း၊ ေထာင္မိုင္းမ်ားနဲ႕ အလင္းဝင္လာခဲ့ေၾကာင္း သိရပါတယ္။