ရှမ်း-ကရင်နီနယ်စပ်တွင် ရိက္ခာပို့ရန် ကြိုးစားနေသည့် စစ်ကောင်စီစစ်ကြောင်းကို

ရှမ်း-ကရင်နီနယ်စပ်တွင် ရိက္ခာပို့ရန် ကြိုးစားနေသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံးပြီး စစ်သား ၅ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီပြည်နယ်နှင့် နယ်စပ်တွင် ရိက္ခာပို့ရန် ကြိုးစားနေသည့် စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတပ်မတော် အပါအဝင် ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံးပြီး စစ်သား ၅ ဦးအရှင်ဖမ်းမိကြောင်း၊

လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်မှ နံနက် ၁၁ နာရီခန့်အချိန်အထိ ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊

ကရင်နီတပ်မတော်အမှတ်(၅)တပ်ရင်းနှင့် KNDF တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က နယ်စပ် BP 12 ဘက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းပို့ဆောင်လာသော စစ်ကောင်စီတပ် ခလရ ၅၄ တပ် အင် အား ၃၀ ခန့်ကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ တပ်ခွဲမှူး(၁)ဦးအပါအဝင် အခြားစစ်သည် စုစုပေါင်း(၅)ဦးအရှင်ဖမ်းမိကြောင်း၊

၎င်းတို့ကိုင်ဆောင်သော MA လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ ဖမ်းဆီး ရရှိကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာကို ရှင်းလင်းရာတွင် စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း SSS နယ်မြေကို ဖြတ်၍ ရိက္ခာပို့ရန် ဆင်းလာသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မ တော် KA အမှတ်(၃)တပ်ရင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာအချို့ရရှိသွား ကြောင်း သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်း တစ်ကြိမ် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ၅ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များသည် ရှမ်းပြည်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ်နှင့် တဆက်တည်းရှိနေသည့် ရှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ် (SSS) အဖွဲ့၏ နယ်မြေကို အသုံးပြုကာ စစ်သည်အင်အား ၂၀၀ ခန့်ဖြင့် ကရင်နီနယ်စပ်စခန်းရှိ စစ်ကောင်စီတပ်များ၏ စခန်းများသို့ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သား ၅ ဦးနှင့် လက်နက် ၁၀ လက်၊ ခဲယမ်းများ။