ယင်းမာပင် ယာယီစစ်စခန်းကို PDFများ တိုက်ခိုက်သိမ်းပိုက်၊ စစ်သား၁၀ဦးထက်မနည်းသေပြီး မိုင်းနှင့် ဗုံးအလုံး၁၂၀ သိမ်းဆည်းမိဟုဆို
20 Feb 2023 By MPA
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးနယ်စပ်ရှိ စစ်ကောင်စီ ယာယီစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ မိုင်းနှင့်ဗုံး အလုံး ၁၂၀ လည်း သိမ်းဆည်းရမိခဲ့ကြောင်း KLG-PDFတပ်ဖွဲ့ထံက သိရသည်။
ဖေဖော်ဝါရှိ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကျောက်မျက်တောင်ပေါ်ရှိ စစ်ကောင်စီစခန်းကိုစီးနင်းခဲ့ရာ ၁ နာရီခွဲခန့်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သိမ်းပိုက်နိုင်ခဲ့ကာ M-14နင်းမိုင်း အလုံး၄၀၊ MG-1 ပလက်စတစ် လက်ပစ်ဗုံးအလုံး ၃၀ ၊MM-5 ရှေ့ထွက်မိုင်း အလုံး၅၀ နှင့် Anti Drone Gun တစ်လက်တို့သိမ်းဆည်းရမိခဲ့ကြောင်း KLG-PDFတပ်ဖွဲ့ထံက သိရသည်။
“အင်အား ၂၀ ရှိတဲ့ ယာယီစခန်းကို တိုက်တာ။ ၁၀ယောက်ထက်မနည်းသေတယ်။ ကျန်တဲ့စစ်သားတွေက ကျောက်မျက်တောင်အောက် ဆင်းထွက်ပြေးပြီး ဆားလင်းကြီးမြို့နယ်ထဲ ပြေးတာ။
စခန်းကို ခဏပဲ ထိန်းနိုင်လိုက်တယ်။ မီးမရှို့ခဲ့ရဘူး။ ၇ နာရီလောက်မှာ စစ်ကား ၂ စီးနဲ့ စစ်ကြောင်းထိုးလာလို့ ပြန်ဆုတ်လာရတယ်။ ကျနော်တို့ မိုင်းတွေနဲ့ Drone Gun တစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်။ ကျနော်တို့ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ကျသွားတယ်။ ဘယ်တပ်ဖွဲ့က ရဲဘော်လည်းဆိုတာ မသိရသေးပါဘူး”ဟု ကျောက်လုံးကြီး KLG တပ်မဟာ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တိုက်ခိုက်မှုအပြီးတွင် စစ်ကား ၂ စီးဖြင့် ဆားလင်းကြီးဘက်မှ တပ်ကူများရောက်ရှိလာပြီး ကျောက်မျက်ကြီးတောင်ပေါ်ရှိ ယာယီစစ်စခန်းကို စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲထားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို KLG-PDF နှင့်နဂါးညီနောင်အထူးတပ်ဖွဲ့(DBTF)၊ Alpha Special Force၊Triple Two Force၊ချင်းတွင်းဂဠုန်ရာဇာ၊ Yimarbin Local PDF၊B 21 PDF၊Double Kတပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပ်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့် သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ်တပ်ခွဲ၊ Yinmarbin PDA၊Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့နှင့် ယင်းမာပင်-ဆားလင်းကြီး-ကနီ မဟာမိတ်တပ်ပေါင်းစု တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်သားများသေဆုံးခြင်းနှင့်ပတ်သက်၍ MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
Zawgyi(version)
ယင္းမာပင္ ယာယီစစ္စခန္းကို PDFမ်ား တိုက္ခိုက္သိမ္းပိုက္၊ စစ္သား၁၀ဦးထက္မနည္းေသၿပီး မိုင္းႏွင့္ ဗုံးအလုံး၁၂၀ သိမ္းဆည္းမိဟုဆို
20 Feb 2023 By MPA
စစ္ကိုင္းတိုင္း၊ ယင္းမာပင္ႏွင့္ ဆားလင္းႀကီးနယ္စပ္ရွိ စစ္ေကာင္စီ ယာယီစခန္းကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက ဝင္ေရာက္စီးနင္းခဲ့ရာ စစ္သား ၁၀ ဦးထက္မနည္းေသဆုံးကာ မိုင္းႏွင့္ဗုံး အလုံး ၁၂၀ လည္း သိမ္းဆည္းရမိခဲ့ေၾကာင္း KLG-PDFတပ္ဖြဲ႕ထံက သိရသည္။
ေဖေဖာ္ဝါရွိ ၁၉ ရက္ ညေန ၅ နာရီခြဲခန႔္တြင္ ေက်ာက္မ်က္ေတာင္ေပၚရွိ စစ္ေကာင္စီစခန္းကိုစီးနင္းခဲ့ရာ ၁ နာရီခြဲခန႔္ၾကာအျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ သိမ္းပိုက္နိုင္ခဲ့ကာ M-14နင္းမိုင္း အလုံး၄၀၊ MG-1 ပလက္စတစ္ လက္ပစ္ဗုံးအလုံး ၃၀ ၊MM-5 ေရွ႕ထြက္မိုင္း အလုံး၅၀ ႏွင့္ Anti Drone Gun တစ္လက္တို႔သိမ္းဆည္းရမိခဲ့ေၾကာင္း KLG-PDFတပ္ဖြဲ႕ထံက သိရသည္။
အင္အား ၂၀ ရွိတဲ့ ယာယီစခန္းကို တိုက္တာ။ ၁၀ေယာက္ထက္မနည္းေသတယ္။ က်န္တဲ့စစ္သားေတြက ေက်ာက္မ်က္ေတာင္ေအာက္ ဆင္းထြက္ေျပးၿပီး ဆားလင္းႀကီးၿမိဳ႕နယ္ထဲ ေျပးတာ။
စခန္းကို ခဏပဲ ထိန္းနိုင္လိုက္တယ္။ မီးမရွို႔ခဲ့ရဘူး။ ၇ နာရီေလာက္မွာ စစ္ကား ၂ စီးနဲ႕ စစ္ေၾကာင္းထိုးလာလို႔ ျပန္ဆုတ္လာရတယ္။ က်ေနာ္တို႔ မိုင္းေတြနဲ႕ Drone Gun တစ္လက္ သိမ္းဆည္းနိုင္ခဲ့တယ္။ က်ေနာ္တို႔ဘက္က တပ္ဖြဲ႕ဝင္တစ္ဦး က်သြားတယ္။ ဘယ္တပ္ဖြဲ႕က ရဲေဘာ္လည္းဆိုတာ မသိရေသးပါဘူးဟု ေက်ာက္လုံးႀကီး KLG တပ္မဟာ မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
တိုက္ခိုက္မႈအၿပီးတြင္ စစ္ကား ၂ စီးျဖင့္ ဆားလင္းႀကီးဘက္မွ တပ္ကူမ်ားေရာက္ရွိလာၿပီး ေက်ာက္မ်က္ႀကီးေတာင္ေပၚရွိ ယာယီစစ္စခန္းကို စစ္ေကာင္စီတပ္က ျပန္လည္တပ္စြဲထားေၾကာင္းသိရသည္။
အဆိုပါတိုက္ခိုက္မႈကို KLG-PDF ႏွင့္နဂါးညီေနာင္အထူးတပ္ဖြဲ႕(DBTF)၊ Alpha Special Force၊Triple Two Force၊ခ်င္းတြင္းဂဠုန္ရာဇာ၊ Yimarbin Local PDF၊B 21 PDF၊Double Kတပ္ခြဲ၊ ဗ်တၱညီေနာင္၊ ရတနာပုံတပ္ဖြဲ႕၊ ခ်င္းတြင္းတိုက္ဂါး(Force)၊ ခ်င္းတြင္းတိုက္ဂါး(LPDF)၊ ထန္းတပ္(LPDF)၊ ခ်ိဳမိုင္မိုင္၊ ဗိုလ္ႏႈတ္ခမ္းေမႊးႏွင့္ သူ၏ရဲေဘာ္မ်ား၊ ဗိုလ္မုတ္ဆိတ္တပ္ခြဲ၊ Yinmarbin PDA၊Next Generation Hope၊ ေျမာက္ယမားတပ္ဖြဲ႕ႏွင့္ ယင္းမာပင္-ဆားလင္းႀကီး-ကနီ မဟာမိတ္တပ္ေပါင္းစု တို႔က ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။
စစ္သားမ်ားေသဆုံးျခင္းႏွင့္ပတ္သက္၍ MPA အေနႏွင့္ သီးျခားအတည္မျပဳနိုင္ေသးေပ။