ကောင်းလိုက်တဲ့ အက်စ်ရှင်ခန်း ဗျာ..သေနတ်ရပြီးနောက် ရာအိမ်မှူး များ နေ၀င်ချိန်

သေနတ်ရပြီးနောက် PDFများအား စိန်ခေါ်သည့် သန်လျင်မြို့မှ ရာအိမ်မှူး အသတ်ခံရ

ရဲခေါင်/People’s Spring

သေနတ်ကိုင်ခွင့်ရရှိပြီးနောက် “ကြိုက်တဲ့ PDF တွေလာခဲ့”ဟု စိန်ခေါ်ကြိမ်းဝါးနေသည့် သန်လျင်မြို့နယ် မြယာရိုးကျေးရွာ ရာအိမ်မှူး ဌေးလွင်ကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ပြောသည်။

ရာအိမ်မှူးဌေးလွင်မှာ ပျူစောထီအဖွဲ့ဝင်လည်း ဖြစ်ပြီး ၎င်းကို ယခုလ ၁၈ရက် ညနေပိုင်က သန်လျင်မြို့နယ်တစ်နေရာတွင် သေနတ်ဖြင့် သုံးချက်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ဌေးလွင်က စကစ ဘက်တော်သား (ပျူစောထီး) အဖွဲ့ဝင်ဖြစ်ပြီး သူ့မှာ စကစကထုတ်ပေးထားတဲ့ လက်နက်ရှိတယ်ဆိုပြီးတော့ သိရတယ်ဗျ။

ဒီကောင်က စကစတွေကို နေ့စဥ်နဲ့အမျှ ၎င်းနေထိုင်ရာအိမ်ကိုခေါ်ပြီး ထမင်းကျွေး ဧည်ခံ ၊ ရွာထဲမှာရှိတဲ့ ရွာသားများကို ဖမ်းဆီးခိုင်းနေတာကြောင့် ပြည်သူတွေ အမြဲလိုဒုက္ခရောက်နေကြရတာ” ဟု ဒေသခံတစ်ဦးက ပြော သည်။

လက်နက်ကိုင် ပျူစောထီးရာအိမ်မှူး ရှင်းလင်းခဲ့သော (ပကဖ) ရဲဘော်များအားလုံး အန္တရာယ်ကင်း၊လုံခြုံသည့် လွတ်မြောက်နေရာသို့ ရောက်ရှိပြီဟု ပကဖ တာဝန်ရှိသူက အသိပေးသည်။

ဖေဖေည်ဝါရီ ၇ရက်ကလည်း သန်လျင်မြို့နယ်၊အောင်ချမ်းသာ ရပ်ကွက်၊တွဲဘက် ဥက္ကဌ ရပ်ကျေးပြည်သူစစ်အဖွဲ့ခေါင်းဆောင် အဖြစ်တာဝန်ယူထားသည့် စစ်ကောင်စီ တပ်ကြပ်ကြီးဟောင်း မြင့်နိုင်ကို သန်လျင်(ပကဖ)က ရှင်းလင်းခဲ့ သည်။

Zawgyi(version)

ေသနတ္ရၿပီးေနာက္ PDFမ်ားအား စိန္ေခၚသည့္ သန္လ်င္ၿမိဳ႕မွ ရာအိမ္မႉး အသတ္ခံရ

ရဲေခါင္/People’s Spring

ေသနတ္ကိုင္ခြင့္ရရွိၿပီးေနာက္ “ႀကိဳက္တဲ့ PDF ေတြလာခဲ့”ဟု စိန္ေခၚႀကိမ္းဝါးေနသည့္ သန္လ်င္ၿမိဳ႕နယ္ ျမယာရိုးေက်း႐ြာ ရာအိမ္မႉး ေဌးလြင္ကို ပစ္ခတ္ ရွင္းလင္းခဲ့ေၾကာင္း သန္လ်င္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (ပကဖ)က ေျပာသည္။

ရာအိမ္မႉးေဌးလြင္မွာ ပ်ဴေစာထီအဖြဲ႕ဝင္လည္း ျဖစ္ၿပီး ၎ကို ယခုလ ၁၈ရက္ ညေနပိုင္က သန္လ်င္ၿမိဳ႕နယ္တစ္ေနရာတြင္ ေသနတ္ျဖင့္ သုံးခ်က္ထက္မနည္း ပစ္ခတ္ခဲ့သည္ဟု ဆိုသည္။

“ေဌးလြင္က စကစ ဘက္ေတာ္သား (ပ်ဴေစာထီး) အဖြဲ႕ဝင္ျဖစ္ၿပီး သူ႕မွာ စကစကထုတ္ေပးထားတဲ့ လက္နက္ရွိတယ္ဆိုၿပီးေတာ့ သိရတယ္ဗ်။

ဒီေကာင္က စကစေတြကို ေန႕စဥ္နဲ႕အမွ် ၎ေနထိုင္ရာအိမ္ကိုေခၚၿပီး ထမင္းေကြၽး ဧည္ခံ ၊ ႐ြာထဲမွာရွိတဲ့ ႐ြာသားမ်ားကို ဖမ္းဆီးခိုင္းေနတာေၾကာင့္ ျပည္သူေတြ အၿမဲလိုဒုကၡေရာက္ေနၾကရတာ” ဟု ေဒသခံတစ္ဦးက ေျပာ သည္။

လက္နက္ကိုင္ ပ်ဴေစာထီးရာအိမ္မႉး ရွင္းလင္းခဲ့ေသာ (ပကဖ) ရဲေဘာ္မ်ားအားလုံး အႏၱရာယ္ကင္း၊လုံၿခဳံသည့္ လြတ္ေျမာက္ေနရာသို႔ ေရာက္ရွိၿပီဟု ပကဖ တာဝန္ရွိသူက အသိေပးသည္။

ေဖေဖည္ဝါရီ ၇ရက်ကလည်း သန္လ်င္ၿမိဳ႕နယ္၊ေအာင္ခ်မ္းသာ ရပ္ကြက္၊တြဲဘက္ ဥကၠဌ ရပ္ေက်းျပည္သူစစ္အဖြဲ႕ေခါင္းေဆာင္ အျဖစ္တာဝန္ယူထားသည့္ စစ္ေကာင္စီ တပ္ၾကပ္ႀကီးေဟာင္း ျမင့္နိုင္ကို သန္လ်င္(ပကဖ)က ရွင္းလင္းခဲ့ သည္။