မုံရွာခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်အား ရှင်းလင်းပြီးအပြန်လမ်းတွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုခံခဲ့ရသည့် ရဲဘော် တပ်ရင်းသို့ပြန်လည်ရောက်ရှိ၊
ကျိုးသွားသည့် ခြေထောက်အတွက် ဆေးကုသရန်ခက်ခဲနေ
—————————–
စက်တင်ဘာ ၁၊ ၂၀၂၂
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအား သွားရောက်ရှင်းလင်းရင်း စစ်ကောင်စီပတ်ကင်းနဲ့ ထိပ်တိုက်တိုးပြီး ဒဏ်ရာရရှိခဲ့တဲ့ရဲဘော် တပ်ရင်းမှာ တာဝန်ပြန်လည်ထမ်းဆောင်နေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၁၉)ရက်က မုံရွာမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန်းဇော်ထွန်းကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ဗိုလ်လရောင်နဲ့ ရဲဘော်တွင်ခုံတို့ သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး အပြန်မှာ စစ်ကောင်စီလှည့်ကင်းနဲ့ ထိပ် တိုက်တိုးခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဗိုလ်လရောင်တို့စီးလာတဲ့ ဆိုင်ကယ်ကို စစ်အုပ်စုဘက်က နောက်ကနေ ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် ရဲဘော်တွင်ခုံခြေကျင်းဝတ်ကျိုးခဲ့ပြီး ဗိုလ်လရောင်က ကျည်ဆံထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။
ဗိုလ်လရောင်ရဲ့ ပစ်ခတ်မှုကြောင့် စစ်အုပ်စုဘက်ကလည်း(၃)ဦးသေဆုံးပြီး ခြေထောက်ဒဏ်ရာကြောင့် ပုန်းအောင်းနေတဲ့ ရဲဘော်တွင်ခုံကိုတော့ Monywa Fighter Groupနဲ့ Black Dargon အဖွဲ့တွေက သွားရောက်ကယ်ထုတ်ခဲ့လာခဲ့တာဖြစ်တယ်လို့ ဝံပုလွေပြောက် ကျားတပ်ဖွဲ့(မြိုင်)က သိရပါတယ်။
“အခုတော့ ရဲဘော်တွင်ခုံက ဒဏ်ရာတွေသက်သာလာပြီဖြစ်တဲ့အတွက် တပ်ဖွဲ့ဆီကိုပြန်ရောက်လာပြီ။ ခြေထောက်ဒဏ်ရာကတော့ တော်တော်လေးကုယူရဦးဗျ။ ခြေထောက်က အကောင်းပကတိမဖြစ် သေးဘူး။ အခုချိန်ထိဆေးကုနေရတုန်း။ ဆေးကုအဖွဲ့အနေနဲ့လည်း ဆေးကုဖို့အခက်အခဲရှိတယ်။
ကျနော်တို့မှာ ဆရာဝန်တွေဆေးတပ်သားတွေမရှိဘူး။ အခုလိုဒဏ်ရာကြီးကြီးရရင် အတော်ဝေးတဲ့ ဆေးရုံကို ကျနော်တို့သွားရတယ်။ ကျနော်တို့မြိုင်နယ်မှာက PDFတွေကိုဆေးကုသပေးမယ့် နေရာသိပ်မရှိဘူး။ ဆေးခန်းသွားရင်အဝေးကြီးပဲ။ နောက်ပြီး ရန်ပုံငွေလည်းအခက်အခဲရှိတယ်။ ကျနော်တို့LPDF တွေအတွက် ပြည်သူတွေကူညီပေးစေချင်ပါတယ်”လို့ အဖွဲ့ခေါင်းဆောင်ဗိုလ်မီးပွားက BVJကို ပြောပါ တယ်။
ဗိုလ်လရောင်ဟာ ကားနဲ့တိုက်ခံရစဉ်မှာ ဆိုင်ကယ်ပေါ်ကနေ လွင့်စင်ကျသွားတဲ့အရှိန်ကြောင့် ခြေထောက်က ကျိုးကြေသွားပြီး လက်ရှိမှာ ချိုင်းထောင့်နဲ့သာ လမ်းလျှောက်နိုင်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ- ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)
Zawgyi(version)
မုံ႐ြာခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္အား ရွင္းလင္းၿပီးအျပန္လမ္းတြင္ စစ္ေကာင္စီတပ္တိုက္ခိုက္မႈခံခဲ့ရသည့္ ရဲေဘာ္ တပ္ရင္းသို႔ျပန္လည္ေရာက္ရွိ၊
က်ိဳးသြားသည့္ ေျခေထာက္အတြက္ ေဆးကုသရန္ခက္ခဲေန
—————————–
စက္တင္ဘာ ၁၊ ၂၀၂၂
မုံ႐ြာခရိုင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးအား သြားေရာက္ရွင္းလင္းရင္း စစ္ေကာင္စီပတ္ကင္းနဲ႕ ထိပ္တိုက္တိုးၿပီး ဒဏ္ရာရရွိခဲ့တဲ့ရဲေဘာ္ တပ္ရင္းမွာ တာဝန္ျပန္လည္ထမ္းေဆာင္ေနၿပီလို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လ(၁၉)ရက္က မုံ႐ြာၿမိဳ႕ခရိုင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးသန္းေဇာ္ထြန္းကို ဝံပုေလြေျပာက္က်ားတပ္ဖြဲ႕(ၿမိဳင္)က ဗိုလ္လေရာင္နဲ႕ ရဲေဘာ္တြင္ခုံတို႔ သြားေရာက္ရွင္းလင္းခဲ့တာျဖစ္ၿပီး အျပန္မွာ စစ္ေကာင္စီလွည့္ကင္းနဲ႕ ထိပ္ တိုက္တိုးခဲ့တာျဖစ္ပါတယ္။
ႏွစ္ဖက္ပစ္ခတ္မႈျဖစ္ခဲ့ၿပီး ဗိုလ္လေရာင္တို႔စီးလာတဲ့ ဆိုင္ကယ္ကို စစ္အုပ္စုဘက္က ေနာက္ကေန ကားနဲ႕ဝင္တိုက္ခဲ့တာေၾကာင့္ ရဲေဘာ္တြင္ခုံေျခက်င္းဝတ္က်ိဳးခဲ့ၿပီး ဗိုလ္လေရာင္က က်ည္ဆံထိမွန္ ေသဆုံးခဲ့တာျဖစ္ပါတယ္။
ဗိုလ္လေရာင္ရဲ႕ ပစ္ခတ္မႈေၾကာင့္ စစ္အုပ္စုဘက္ကလည္း(၃)ဦးေသဆုံးၿပီး ေျခေထာက္ဒဏ္ရာေၾကာင့္ ပုန္းေအာင္းေနတဲ့ ရဲေဘာ္တြင္ခုံကိုေတာ့ Monywa Fighter Groupနဲ႕ Black Dargon အဖြဲ႕ေတြက သြားေရာက္ကယ္ထုတ္ခဲ့လာခဲ့တာျဖစ္တယ္လို႔ ဝံပုေလြေျပာက္ က်ားတပ္ဖြဲ႕(ၿမိဳင္)က သိရပါတယ္။
အခုေတာ့ ရဲေဘာ္တြင္ခုံက ဒဏ္ရာေတြသက္သာလာၿပီျဖစ္တဲ့အတြက္ တပ္ဖြဲ႕ဆီကိုျပန္ေရာက္လာၿပီ။ ေျခေထာက္ဒဏ္ရာကေတာ့ ေတာ္ေတာ္ေလးကုယူရဦးဗ်။ ေျခေထာက္က အေကာင္းပကတိမျဖစ္ ေသးဘူး။ အခုခ်ိန္ထိေဆးကုေနရတုန္း။ ေဆးကုအဖြဲ႕အေနနဲ႕လည္း ေဆးကုဖို႔အခက္အခဲရွိတယ္။
က်ေနာ္တို႔မွာ ဆရာဝန္ေတြေဆးတပ္သားေတြမရွိဘူး။ အခုလိုဒဏ္ရာႀကီးႀကီးရရင္ အေတာ္ေဝးတဲ့ ေဆး႐ုံကို က်ေနာ္တို႔သြားရတယ္။ က်ေနာ္တို႔ၿမိဳင္နယ္မွာက PDFေတြကိုေဆးကုသေပးမယ့္ ေနရာသိပ္မရွိဘူး။ ေဆးခန္းသြားရင္အေဝးႀကီးပဲ။ ေနာက္ၿပီး ရန္ပုံေငြလည္းအခက္အခဲရွိတယ္။ က်ေနာ္တို႔LPDF ေတြအတြက္ ျပည္သူေတြကူညီေပးေစခ်င္ပါတယ္လို႔ အဖြဲ႕ေခါင္းေဆာင္ဗိုလ္မီးပြားက BVJကို ေျပာပါ တယ္။
ဗိုလ္လေရာင္ဟာ ကားနဲ႕တိုက္ခံရစဥ္မွာ ဆိုင္ကယ္ေပၚကေန လြင့္စင္က်သြားတဲ့အရွိန္ေၾကာင့္ ေျခေထာက္က က်ိဳးေၾကသြားၿပီး လက္ရွိမွာ ခ်ိဳင္းေထာင့္နဲ႕သာ လမ္းေလွ်ာက္နိုင္တယ္လို႔ သိရပါတယ္။
ဓါတ္ပုံ- ဝံပုေလြေျပာက္က်ားတပ္ဖြဲ႕(ၿမိဳင္)