ဒါရိုက်တာ ဏကြီး ၏ “မပြီးသေးဘူး၊ ငါတို့အလှည့် ကျန်သေးတယ်” တော်လှန်ရုပ်ရှင်ကို နိုင်ငံတကာရှိ မြို့ကြီးများ၌ မကြာမီပြသ သွားမည်
ဒါရိုက်တာ ဏကြီး ၏ “မပြီးသေးဘူး၊ ငါတို့အလှည့် ကျန်သေးတယ်” တော်လှန်ရုပ်ရှင်ကို နိုင်ငံတကာရှိ မြို့ကြီးများ၌ မကြာမီပြသ သွားမည်
ဖေဖော်ဝါရီ (၁၉) ရက် ||| နွေဦးအသံ |||
ဒါရိုက်တာ ဏကြီးက ဒုတိယမြောက် တော်လှန်ရုပ်ရှင်နဲ့ပတ်သတ်ပြီး သူ့ရဲ့ဖေ့ဘုတ်ကနေ ဖေဖော်ဝါရီ (၁၉)ရက်မှာ အခုလို ရေးသားထားတာပါ။
“ခုချိန်မှာ စစ်ကိုင်းက ရွာလုံးကျွတ်မီးlရှို့ခံရတဲ့သူတွေ၊ ဗုံးIခိုကျင်းထဲမှာ စာသင်နေရတဲ့ ကလေးငယ်တွေ၊ စိုနေတဲ့မြေကြီးပေါ်မှာ အိပ်နေရတဲ့ အဖွားအိုတွေ၊ ပြာပုံထဲမှာ မီးlမလောင်ဘဲကျန်နေတဲ့ဆန်ကို ရွေးကောက်နေရတဲ့ ပြည်သူက Romance တွေ၊ Comedy တွေကို ခံစားရယ်မောနိုင်မယ်လို့ မထင်ဘူး။
ဆန္ဒတွေပြခဲ့ကြတုန်းကလည်း အပျော်ပြခဲ့ကြတာ မဟုတ်ဘူး။ CDM ဝန်ထမ်းတွေ ရာထူးနေရာ စွန့်ခဲ့ကြတာလည်း အပျော်စွန့်ခဲ့ကြတာ မဟုတ်ဘူး။
တော်lလှန်lရေးကြီး အတွင်းမှာ အသIက်ပေးခဲ့တဲ့ လူငယ်တွေကလည်း အပျော်lသေခဲ့ကြတာ မဟုတ်ဘူး။
အသက်တွေ တကယ်lသေခဲ့ကြတယ်။ ဘဝတွေတကယ် ပျက်ခဲ့ကြတယ်။
ကိုယ့်သမိုင်း ကိုယ်ရေးကြရမှာပါ။ သမိုင်းဆိုတာ ဘွားတေးခေါ်ပြီး ဘေးခဏထွက်ထိုင်နေလို့မရပါဘူး။ (တစ်နိုင်ငံလုံး မီးIရှို့၊ ဗုံးIကြဲ၊ သlတ်ဖြlတ်ခံနေရတဲ့ အချိန်မှာ ခင်ဗျားတို့ ဘာလုပ်နေတယ်ဆိုတာ ခင်ဗျားတို့ သမိုင်းပါပဲ။)
ခုချိန်မှာ ပြည်သူတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ (ကိုယ်နိုင်သလောက်) တော်Iလှန်နေကြပါတယ်။ လယ်သမားက လယ်သမား အလျောက်၊ ကျောင်းသားက ကျောင်းသားအလျောက်၊ ပန်းချီဆရာက ပန်းချီဆရာ အလျောက်၊ ရုပ်ရှင်ရိုက်သူက ရုပ်ရှင်ရိုက်သူ အလျောက် တော်lလှန်lနေကြတာပါ။ အရှုံးမပေးမချင်း ကျွန်တော်တို့နိုင်ပါတယ်။
ဒါကြောင့်လဲ
နှစ်နှစ်ကြာတဲ့အထိ မဆုတ်မနှစ် အရှုံးမပေးတဲ့ ပြည်သူဟာ မီးလျှံတွေကြားမှာ ကပြအသုံးတော်ခံနေတုန်းပါပဲ။
ဟုတ်ကဲ့
မပြီးသေးပါဘူး။ ကျွန်တော်တို့ အလှည့်ကျန်ပါသေးတယ်။
ကျွန်တော့်ရဲ့ တော်Iလှန်ရုပ်ရှင်ပါ။”
မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် ရုပ်ရှင်ကရရှိမယ့် ရန်ပုံငွေတွေကို မြေပြင်က တော်လှန်ရေး အင်အားစုတွေဆီ တိုက်ရိုက်စီးဆင်းသွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
#မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်
Zawgyi(version)
ဖေဖော်ဝါရီ (၁၉) ရက် ||| နွဦေးအသံ |||
ဒါကြောင့်လဲ
ဟုတ်ကဲ့