ရေး – ထားဝယ် ကားလမ်းမပေါ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ စစ်ဆေးရေးဂိတ်စခန်းကို YE ဘီးလူးအဖွဲ့က တိုက်ခိုက် သိမ်းပိုက်
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ ရေးတံတားကြီးစစ်ဆေးရေးဂိတ် စခန်းကို ယနေ့ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်၊ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း YE ဘီးလူးအဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်သည် ရေး – ထားဝယ် ကားလမ်းမပေါ်ရှိပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူများရှိသည်ဟု သိရသည်။
စစ်အုပ်စု၏ လော်ဘီသတင်းဌာန People Power(ယခင် ပြည်ထောင်စုနေ့စဉ်)ကမူ ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များကို ဆက်ကြေးကောက်ပြီးပစ်ခတ်နေသည့် ရေးဘီးလူး PDF အဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းရာ PDF အဖွဲ့ဝင် အသေနှစ်လောင်းနှင့် ဗုံးပစ်လောင်ချာတစ်လက်ကို ရရှိခဲ့သည်ဟု ဝါဒဖြန့်ထားသည်။
လက်တွေ့ရုပ်သံများအရတွင်မူ ရေးဘီလူးတပ်ဖွဲ့ကသာ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သည်ကိုတွေ့ရပြီး စစ်အုပ်စုဘက်က သေဆုံးသူပင် ရှိခဲ့သည်။
အဆိုပါ ရေးတံတားကြီးရှိ စစ်တပ်ဂိတ်ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ (၁၇)ရက်နေ့၏ နေ့လည်ပိုင်းကလည်း MSRO အဖွဲ့က ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ရုပ်သံကြည့်ရန်👇👇👇
ခရက်ဒစ်ဗီဒီယို