အလုပ်သမားတစ်ဦးရဲ့ တစ်ရက်လုပ်ခလစာနှုန်းထားဟာ တစ်ဒေါ်လာဝန်းကျင် သာရှိနေတာကြောင့် သင့်

အလုပ်သမားတစ်ဦးရဲ့ တစ်ရက်လုပ်ခလစာနှုန်းထားဟာ တစ်ဒေါ်လာဝန်းကျင် သာရှိနေတာကြောင့် သင့်တင့်တဲ့လစာအဖြစ်တိုးမြှင့်ပေးဖို့လိုအပ်နေ

ယွန်းဆက်
Sep 1, 2022

မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတစ်ဦးရဲ့ တစ်နေ့လုပ်ခလစာ ၄၈၀၀ နှုန်းထားဟာ နိုင်ငံခြားငွေတစ်ဒေါ်လာသာသာ သာရှိနေတာကြောင့် လက်ရှိကုန်ဈေးနှုန်းတွေအရ သင့်တင့်မျှတတဲ့ အခကြေးငွေအဖြစ် တိုးမြှင့်ပေးဖို့လိုအပ်နေတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုပါတယ်။

“စီးပွားကျရင်တော့ အဲ့လုပ်ငန်းကိုမလည်ပတ်နိုင်ဘူးရယ်။ အလုပ်ရှင်ကအလုပ်သမားတစ်ယောက်ကို ဖြစ်ပေါ်လာတဲ့ကုန်ဈေးနှုန်းနဲ့အညီ မပေးနိုင်ဘူးဆိုရင် အဲ့လုပ်ငန်းကိုရပ်ပစ်လိုက်တာအကောင်းဆုံးဖြစ်မယ်။ သူ့လုပ်ငန်းရဲ့အမြတ်အစွန်းရခဲ့တုန်းကတော့ ပျော်ပျော်ကြီးခံယူခဲ့ပြီး ရှုံးတယ်ဆိုတဲ့အခါကျတော့ ရှုံးတဲ့အပေါ် အလုပ်သမားကိုပုံချတာက မဖြစ်သင့်ဘူး။ မြတ်ခဲ့တုန်းကအလုပ်သမားကို ၄၈၀၀ ထက်ပိုပေးခဲ့တာမရှိခဲ့ဘူး။

ဒေါ်လာနဲ့အရောင်း၀ယ်လုပ်နေကြသူတွေအနေနဲ့က ထူးပြီးရှုံးမယ်လို့မခံယူမိဘူး။ သူတို့အနေနဲ့က အထည်ထုပ်ခကိုဒေါ်လာနဲ့ရတယ်ဆိုရင် အလုပ်သမားတစ်ယောက်ရဲ့ ၄၈၀၀က မနှစ်ကနဲ့အခုနှစ်နဲ့မတူတော့ဘူး။ မနှစ်က ၄၈၀၀က ကာဗာဖြစ်ပေမဲ့အခုနှစ်၄၈၀၀က ဘယ်လိုမှ ကာဗာမဖြစ်တော့ဘူး။ အလုပ်ရှင်ကတစ်ထည်ကို ၁၀ ဒေါ်လာနဲ့ရောင်းရင် အခုလည်းသူ၁၀ဒေါ်လာပဲရမှာပဲ လျော့ပြီးရသွားတာမှမဟုတ်တာ”လို့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာလျှင် ၃၅၀၀ မှ ၄၂၀၀ အထိဈေးပေါက်နေခြင်းဖြစ်ရာ မြန်မာအလုပ်သမားတစ်ဦးရဲ့အနိမ့်ဆုံးလုပ်ခလစာဟာ တစ်နေ့၃၆၀၀ ကျပ်မှ ၄၈၀၀ ကျပ်ရရှိနေကြခြင်းဖြစ်တာကြောင့် အလုပ်သမားတစ်ဦးရဲ့ လုပ်ခဟာတစ်ဒေါ်လာ၀န်းကျင်ပဲ ရရှိနေတာဖြစ်ပါတယ်။

အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာနဲ့တိုင်းတာချက်အရ လူတစ်ဦးရဲ့အနိမ့်ဆုံးလုပ်ခလစာက သုံးဒေါ်လာရဲ့အထက်ရှိရမှာဖြစ်ပေမဲ့ တစ်ဒေါ်လာ၀န်းကျင်သာရှိနေခြင်းဟာ တိုင်းပြည်အဆင်းရဲဆုံးဖြစ်နေတယ်ဆိုတာကို ဖော်ညွှန်းနေတယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ သုံးထောင့်ခြောက်ရာလို့ ပြဌာန်းလိုက်တဲ့အချိန်မှာ တစ်ဒေါ်လာကို ၁၁၀၀၊ ၁၂၀၀ ဆိုတော့သုံးဒေါ်လာအထက်ကိုရောက်သွားတယ်ဆိုတော့ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့အချက်တွေထဲက အဲ့တာလွတ်သွားတာပေါ့။ အခုချိန်မှာ လူတစ်ဦးရဲ့လုပ်ခလစာက တစ်ဒေါ်လာသာသာလောက်ပဲရှိတော့တယ် တစ်ဒေါ်လာအောက်ကိုတောင်ရောက်သွားပြီဆိုရင် အဆင်းရဲဆုံးနိုင်ငံထဲမှာ မြန်မာနိုင်ငံက ရောက်သွားပြီဆိုတာကို ပြညွှန်းနေတယ်။

တစ်ခြားမှာဘာတွေပဲပြောပြော GDP တွေဘာတွေပဲပြောပြော နိုင်ငံမှာရှိနေတဲ့ ဥပဒေအရပြဌာန်းထားတဲ့ လုပ်ခလစာက တစ်ဒေါ်လာသာသာတစ်ဒေါ်လာအောက်ပဲ ရှိတယ်ဆိုရင် ၃၆၀၀ ဆိုရင် တစ်ဒေါ်လာအောက် အခုဥပဒေအရ ၄၈၀၀ ဆိုတော့ တစ်ဒေါ်လာသာသာ၀န်းကျင်လောက်ပဲရှိတယ်ဆိုတော့ တိုင်းပြည်ကဆင်းရဲဆုံးဖြစ်နေပြီဆိုတာကို ဖော်ညွှန်းတာပေါ့”လို့ ယင်းက ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာဟာ အနိမ့်ဆုံးလုပ်ခ ၄၈၀၀ လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ ၄၈၀၀ကအမြင့်ဆုံးဖြစ်နေပြီး အချို့သောအလုပ်သမားတွေမှာ ကိုဗစ်ဖြစ်ပွားချိန်မှစကာ လက်ရှိအာဏာသိမ်းကာလအထိ စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ ၃၆၀၀ ကျပ်သာပေးနေကြတာတွေလည်းရှိနေပါတယ်။

၄၈၀၀ ကျပ်ပြဌာန်းမှု ၂ နှစ်ပြည့်ခဲ့ပြီး ထပ်မံတိုးမြှင့်ပြန်ဌာန်းပေးရန် ပျက်ကွက်ခဲ့တာကြောင့် လက်ရှိအလုပ်သမားတွေဟာ Double Charges နှစ်ခုနစ်နာခဲ့တာပါ။ အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ သတ်မှတ်ပြီး နှစ်နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်ရန် သတ်မှတ်ချက်အရ ကျပ် ၅၈၀၀ သို့တစ်ဆင့်ပြောင်းလဲမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ လေးနှစ်ပြည့်သည့်တိုင် ပြောင်းလဲခြင်းမရှိခဲ့ဘဲ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ချိန်အထိ ၄၈၀၀ ဖြစ်နေတာကြောင့် သင့်တင့်တဲ့ပြောင်းလဲမှုတစ်ခုတိုးမြင့်ပေးဖို့ လိုအပ်နေတာပါ။

ကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှာလည်း လစာတစ်ဝက်ပဲရရှိခြင်း နဲ့ အလုပ်ရပ်နားရတာတွေကို ဖြတ်သန်းခဲ့ရပြီးနောက် အာဏာသိမ်းလိုက်တော့လည်း အလုပ်ရှင်တွေက အဲ့ဒါကိုအကြောင်းပြပြီး အလုပ်ခလစာလည်းမတိုးပေးတဲ့အပြင် အနိမ့်ဆုံးလုပ်ခလစာလည်းမပြဌာန်းတော့တာတွေနဲ့ လခစားအဖြစ်မှ နေ့စားလရှင်းအဖြစ်ရောက်ရှိခြင်းတွေကြောင့် အလုပ်သမားတွေက နှစ်ကြိမ်နှစ်ခါနစ်နာနေရတာပဲဖြစ်ပါတယ်။

Zawgyi(version)

အလုပ္သမားတစ္ဦးရဲ႕ တစ္ရက္လုပ္ခလစာႏႈန္းထားဟာ တစ္ေဒၚလာဝန္းက်င္ သာရွိေနတာေၾကာင့္ သင့္တင့္တဲ့လစာအျဖစ္တိုးျမႇင့္ေပးဖို႔လိုအပ္ေန

ယြန္းဆက္
Sep 1, 2022

ျမန္မာနိုင္ငံမွာရွိတဲ့ ျမန္မာအလုပ္သမားတစ္ဦးရဲ႕ တစ္ေန႕လုပ္ခလစာ ၄၈၀၀ ႏႈန္းထားဟာ နိုင္ငံျခားေငြတစ္ေဒၚလာသာသာ သာရွိေနတာေၾကာင့္ လက္ရွိကုန္ေဈးႏႈန္းေတြအရ သင့္တင့္မွ်တတဲ့ အခေၾကးေငြအျဖစ္ တိုးျမႇင့္ေပးဖို႔လိုအပ္ေနတယ္လို႔ အလုပ္သမားေရးေဆာင္႐ြက္သူေတြက ဆိုပါတယ္။

“စီးပြားက်ရင္ေတာ့ အဲ့လုပ္ငန္းကိုမလည္ပတ္နိုင္ဘူးရယ္။ အလုပ္ရွင္ကအလုပ္သမားတစ္ေယာက္ကို ျဖစ္ေပၚလာတဲ့ကုန္ေဈးႏႈန္းနဲ႕အညီ မေပးနိုင္ဘူးဆိုရင္ အဲ့လုပ္ငန္းကိုရပ္ပစ္လိုက္တာအေကာင္းဆုံးျဖစ္မယ္။ သူ႕လုပ္ငန္းရဲ႕အျမတ္အစြန္းရခဲ့တုန္းကေတာ့ ေပ်ာ္ေပ်ာ္ႀကီးခံယူခဲ့ၿပီး ရႈံးတယ္ဆိုတဲ့အခါက်ေတာ့ ရႈံးတဲ့အေပၚ အလုပ္သမားကိုပုံခ်တာက မျဖစ္သင့္ဘူး။ ျမတ္ခဲ့တုန္းကအလုပ္သမားကို ၄၈၀၀ ထက္ပိုေပးခဲ့တာမရွိခဲ့ဘူး။

ေဒၚလာနဲ႕အေရာင္း၀ယ္လုပ္ေနၾကသူေတြအေနနဲ႕က ထူးၿပီးရႈံးမယ္လို႔မခံယူမိဘူး။ သူတို႔အေနနဲ႕က အထည္ထုပ္ခကိုေဒၚလာနဲ႕ရတယ္ဆိုရင္ အလုပ္သမားတစ္ေယာက္ရဲ႕ ၄၈၀၀က မႏွစ္ကနဲ႕အခုႏွစ္နဲ႕မတူေတာ့ဘူး။ မႏွစ္က ၄၈၀၀က ကာဗာျဖစ္ေပမဲ့အခုႏွစ္၄၈၀၀က ဘယ္လိုမွ ကာဗာမျဖစ္ေတာ့ဘူး။ အလုပ္ရွင္ကတစ္ထည္ကို ၁၀ ေဒၚလာနဲ႕ေရာင္းရင္ အခုလည္းသူ၁၀ေဒၚလာပဲရမွာပဲ ေလ်ာ့ၿပီးရသြားတာမွမဟုတ္တာ”လို႔ အလုပ္သမားအေရးေဆာင္႐ြက္သူတစ္ဦးက ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ က်ပ္ေငြတန္ဖိုးက်ဆင္းလာၿပီး နိုင္ငံျခားေငြလဲႏႈန္းတစ္ေဒၚလာလွ်င္ ၃၅၀၀ မွ ၄၂၀၀ အထိေဈးေပါက္ေနျခင္းျဖစ္ရာ ျမန္မာအလုပ္သမားတစ္ဦးရဲ႕အနိမ့္ဆုံးလုပ္ခလစာဟာ တစ္ေန႕၃၆၀၀ က်ပ္မွ ၄၈၀၀ က်ပ္ရရွိေနၾကျခင္းျဖစ္တာေၾကာင့္ အလုပ္သမားတစ္ဦးရဲ႕ လုပ္ခဟာတစ္ေဒၚလာ၀န္းက်င္ပဲ ရရွိေနတာျဖစ္ပါတယ္။

အလုပ္သမားတစ္ေယာက္ရဲ႕ လုပ္ခလစာနဲ႕တိုင္းတာခ်က္အရ လူတစ္ဦးရဲ႕အနိမ့္ဆုံးလုပ္ခလစာက သုံးေဒၚလာရဲ႕အထက္ရွိရမွာျဖစ္ေပမဲ့ တစ္ေဒၚလာ၀န္းက်င္သာရွိေနျခင္းဟာ တိုင္းျပည္အဆင္းရဲဆုံးျဖစ္ေနတယ္ဆိုတာကို ေဖာ္ၫႊန္းေနတယ္လို႔လည္း ဆိုပါတယ္။

“ျမန္မာနိုင္ငံမွာ သုံးေထာင့္ေျခာက္ရာလို႔ ျပဌာန္းလိုက္တဲ့အခ်ိန္မွာ တစ္ေဒၚလာကို ၁၁၀၀၊ ၁၂၀၀ ဆိုေတာ့သုံးေဒၚလာအထက္ကိုေရာက္သြားတယ္ဆိုေတာ့ အဆင္းရဲဆုံးနိုင္ငံဆိုတဲ့အခ်က္ေတြထဲက အဲ့တာလြတ္သြားတာေပါ့။ အခုခ်ိန္မွာ လူတစ္ဦးရဲ႕လုပ္ခလစာက တစ္ေဒၚလာသာသာေလာက္ပဲရွိေတာ့တယ္ တစ္ေဒၚလာေအာက္ကိုေတာင္ေရာက္သြားၿပီဆိုရင္ အဆင္းရဲဆုံးနိုင္ငံထဲမွာ ျမန္မာနိုင္ငံက ေရာက္သြားၿပီဆိုတာကို ျပၫႊန္းေနတယ္။

တစ္ျခားမွာဘာေတြပဲေျပာေျပာ GDP ေတြဘာေတြပဲေျပာေျပာ နိုင္ငံမွာရွိေနတဲ့ ဥပေဒအရျပဌာန္းထားတဲ့ လုပ္ခလစာက တစ္ေဒၚလာသာသာတစ္ေဒၚလာေအာက္ပဲ ရွိတယ္ဆိုရင္ ၃၆၀၀ ဆိုရင္ တစ္ေဒၚလာေအာက္ အခုဥပေဒအရ ၄၈၀၀ ဆိုေတာ့ တစ္ေဒၚလာသာသာ၀န္းက်င္ေလာက္ပဲရွိတယ္ဆိုေတာ့ တိုင္းျပည္ကဆင္းရဲဆုံးျဖစ္ေနၿပီဆိုတာကို ေဖာ္ၫႊန္းတာေပါ့”လို႔ ယင္းက ဆိုပါတယ္။

လက္ရွိျမန္မာနိုင္ငံမွာျဖစ္ေနတာဟာ အနိမ့္ဆုံးလုပ္ခ ၄၈၀၀ လို႔ သတ္မွတ္ထားေပမဲ့ အလုပ္ရွင္ေတြဟာ အဲ့ဒီထက္ပိုေပးတာမ်ိဳးမရွိဘဲ ၄၈၀၀ကအျမင့္ဆုံးျဖစ္ေနၿပီး အခ်ိဳ႕ေသာအလုပ္သမားေတြမွာ ကိုဗစ္ျဖစ္ပြားခ်ိန္မွစကာ လက္ရွိအာဏာသိမ္းကာလအထိ စီးပြားေရးက်ဆင္းမႈေၾကာင့္ဟုဆိုကာ ၃၆၀၀ က်ပ္သာေပးေနၾကတာေတြလည္းရွိေနပါတယ္။

၄၈၀၀ က်ပ္ျပဌာန္းမႈ ၂ ႏွစ္ျပည့္ခဲ့ၿပီး ထပ္မံတိုးျမႇင့္ျပန္ဌာန္းေပးရန္ ပ်က္ကြက္ခဲ့တာေၾကာင့္ လက္ရွိအလုပ္သမားေတြဟာ Double Charges ႏွစ္ခုနစ္နာခဲ့တာပါ။ အနည္းဆုံးအခေၾကးေငြက်ပ္ ၄၈၀၀ သတ္မွတ္ၿပီး ႏွစ္ႏွစ္တစ္ႀကိမ္ျပန္လည္ျပင္ဆင္ရန္ သတ္မွတ္ခ်က္အရ က်ပ္ ၅၈၀၀ သို႔တစ္ဆင့္ေျပာင္းလဲမယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမဲ့ ေလးႏွစ္ျပည့္သည့္တိုင္ ေျပာင္းလဲျခင္းမရွိခဲ့ဘဲ လက္ရွိကုန္ေဈးႏႈန္းႀကီးျမင့္ခ်ိန္အထိ ၄၈၀၀ ျဖစ္ေနတာေၾကာင့္ သင့္တင့္တဲ့ေျပာင္းလဲမႈတစ္ခုတိုးျမင့္ေပးဖို႔ လိုအပ္ေနတာပါ။

ကိုဗစ္ေရာဂါျဖစ္ပြားစဥ္ကာလမွာလည္း လစာတစ္ဝက္ပဲရရွိျခင္း နဲ႕ အလုပ္ရပ္နားရတာေတြကို ျဖတ္သန္းခဲ့ရၿပီးေနာက္ အာဏာသိမ္းလိုက္ေတာ့လည္း အလုပ္ရွင္ေတြက အဲ့ဒါကိုအေၾကာင္းျပၿပီး အလုပ္ခလစာလည္းမတိုးေပးတဲ့အျပင္ အနိမ့္ဆုံးလုပ္ခလစာလည္းမျပဌာန္းေတာ့တာေတြနဲ႕ လခစားအျဖစ္မွ ေန႕စားလရွင္းအျဖစ္ေရာက္ရွိျခင္းေတြေၾကာင့္ အလုပ္သမားေတြက ႏွစ္ႀကိမ္ႏွစ္ခါနစ္နာေနရတာပဲျဖစ္ပါတယ္။