HELLO,KACHIN STATE ALERTမိုးကြီးနှင့် နှင်းမိုး လေပြင်းတိုက်ခတ်ပြီး မိုးသီးမိုးတွေလည်ကျနိုင်ပါတယ်ရာသီဥတုဆိုးရွားပြင်ထန်မည်

ကချင်ပြည်နယ်သတိ

မိုးကြီးနှင့် နှင်းမိုး လေပြင်းတိုက်ခတ်မှုတွေကြုံတွေနိုင်သလို မိုးသီးမိုးတွေလည်ကျနိုင်ပါတယ်ရာသီဥတုဆိုးရွားပြင်ထန်မည်

၂၀၂၃ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အတွင်း ကချင်ပြည်နယ်မြောက်ပိုင်းမိုးရွာနိုင်ပြီး ၂၂ရက်နေ့ ၂၃ရက်နေ့တွင် ပူတာအို မချမ်းဘော အထက်ဆန်ဂေါင် နောင်မွန်း ပန်နန်းဒင် ခေါင်လန်ဖူး ခါခါဘိုရာဇီ ဂန်လန်ရာဇီဖုန်ကန်ရာဇီတောင်တန်းကြီးများအပေါ်မှာနှင်းမုန်တိုင်းကြီးတိုက်ခတ်ကာ ရာသီဥတုဆိုးရွားပြင်းထန်နိုင်ပါတယ်

ရာသီဥတုကြည်လင်သာယာအေးမြပါမည်

၂၀၂၃ ဖေဖော်ဝါရီလ ၁၉ရက်နေ့မှ၂၁ရက်နေ့အတွင်း

မွန်ပြည်နယ် ကရင်ပြည်နယ်ဧရာဝတီတိုင်း ရခိုင်ပြည်နယ် မကွေးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ပဲခူးတိုင်း ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်းမန္တလေးတိုင်းဒေသကြီးတွေမှာ ရာသီဥတု ကြည်လင်သာယာအေးမြနေပါလိမ့်မယ်မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး

မိုင်ဆုန်ခ ယူလီဟ 🌧🌧🌧

မိုးရက်ကြိုသတိပေးချက်

၂၀၂၃ ဖေဖော်ဝါရီလ ၂၁ရက်နေ့၂၃ရက်နေ့အထိ ရှမ်းပြည်နယ် မိုင်းပန် မိုင်းဆတ် မိုင်းတုံ ကျိုင်းတုံ မိုင်းပျဥ်း မိုင်းဖြတ် တာလေ တာချီလိတ်ဒေသတွေမိုးများရွာသွန်းနိုင်ပါတယ် ဖန်သတိခ

ပဲတွေအတွက် စိတ်ချရတဲ့ရာသီဥတု

၂၀၂၃ ဖေဖော်ဝါရီလ ၁၉ရက်နေ့မှ ၂၂ရက်နေ့အထိ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်ဒေသတွေမှာပဲစိုက်ပျိုးကြသူတွေ ဆားလုပ်ငန်းအုတ်လုပ်ငန်း ရာဘာခြစ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူတွေအကြိုက်အေးမြကြည်လင်သာသာယာယာရာသီဥတုကိုရရှိကြပါလိမ့်မယ်

16/02/2023 17/02 /2023 အဲဒီရက်တွေမှာ မိုးရွာနိုင်မှုအခြေအနေကို တစ်ပတ်ကြိုတင်ပြီး ခန့်မှန်းချက်ထုတ်ပြန်ခဲ့တာလေးကို မျှဝေလိုက်ပါဦးမယ်10/02/2023 ရက်နေ့မှာ ထိုင်းပင်လယ်ကွေ့အတွင်းမှာ Low pressure cell တွေစုဖွဲ့နေတာကို Eumetsat satellite ကနေပြီးတော့ထောက်လှမ်းတွေ့ရှိခဲ့ရပါတယ် weather data အချက်အလက်တွေဝယ်ယူပြီးစိစစ်တွက်ချက်လိုက်တော့

၁၁ရက်နေ့မှ ၁၅ရက်နေ့အတွင်းအားကောင်းလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင် မြန်မာ့ပင်လယ်ပြင်မြောက်ပိုင်းအထိစီးမျောရောက်ရှိကာ 850mbar ပေ၅၀၀၀အမြင့်​လး​စေီးကနေပြီး မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ပိုင်းတွေမှာ မိုးရွာနိုင်တာကိုစိစစ်တွက်ချက်နိုင်ခဲ့လို့ ရက်ဝေစကြိုတင်ခန့်မှန်းပေးနိုင်ခဲ့တာဖြစ်ပါတယ်

မိုးသီးကြွေရခြင်း

500mbar ပေ၁၈၀၀၀ အမြင့်မှာ လေအေးစီးကြောင်း ကြောင့် လေထုအပူချိန်လျော့ကျသွားပြီး

ရေငွေ့တွေကခဲသွားတယ် ရေခဲတုံးတွေအဖြစ်ကနေ တဖြေးဖြေးပြုတ်ကျလာတဲ့အတွက် မိုးသီးကြွေကျခြင်းဖြစ်ပါတယ်

လျှပ်စီးမိုးကြိုး

ရေငွေ့အပူနဲ့လေအေးထုတွေ့ဆုံကြတော့ လျှပ်စီးမိုးကြိုးတွေပါဖြစ်ပေါ်လာတော့တာပေါ့

မြန်မာတစ်နိုင်ငံလုံးမှာ ဖျက်မိုးအန္တရာယ်ရွာနိုင်မိုးကို ၁၀ရက်ကြိုတင်ခန့်မှန်းပေးခဲ့လို့ တစ်ချို့ပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း မင်းဂွတ်သီးလေးကိုယုံကြည်ကြသူတွေကတော့ ပျက်စီးဆုံးရှုံးမှုမရှိကြဘူးလို့သိရှိရတဲ့အတွက် ကြိုးစားခန့်မှန်းပေးရကြိုးနပ်ပါတယ်

ချစ်ရတဲ့နိုင်ငံတော်ကြီးနဲ့ တောင်သူလယ်သမားတွေအတွက် အမြဲကြိုးစားပေးနေတဲ့ မင်းဂွတ်သီးလေးရဲ့ မှတ်ကျောက်တစ်ခုပဲပေါ့

အားလုံးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်အောင်မြင်ကြီးပွားတိုးတက်ကြပါစေ

#မင်း ဂွတ် သီး Su Su San

Zawgyi(version)

ကချင်ပြည်နယ်သတိ






မိုင်ဆုန်ခ ယူလီဟ







မိုးသီးကြွေရခြင်း



လျှပ်စီးမိုးကြိုး





#မင်း ဂွတ် သီး Su Su San