PDF စခန်းစီးနင်းခံရပြီး မင်္ဂလာဆောင်ခါနီး ရဲဘော်ဇနီးမောင်နှံလည်း သတ်ခံရ
ရေစကြို၊ ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၃။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ Southern Yesagyo PDF အဖွဲ့စခန်းကို ဖေဖေါ်ဝါရီလ ၁၇ ရက်မနေ့က မနက် ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး၊ PDF ရဲဘော်ဇနီးမောင်နှံ ၂ ဦးကိုလည်း သတ်ခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုနဲ့ ပခုက္ကူဘက်ကလာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်သားတွေက သဲတောရွာနဲ့ အနီးဆုံးမှာရှိနေတဲ့ အဆိုပါ PDF စခန်းကို စီးနင်းခဲ့တာလို့ Southern Yesagyo PDF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မောင်းက ပြောပါတယ်။
“ကျဆုံးသွားတဲ့ ကိုပေနဲ့မချိုတို့က Urban Underground Revolution Force (UURF-YSO) အဖွဲ့က ဖြစ်ပေမယ့် Southern Yesagyo PDF မှာ နေတာပါ။
သူတို့လင်မယားက သဲတောရွာမှာ ညအိပ်တာ ၁၇ ရက်မနက်ရောက်တော့ စစ်သားတွေက သူတို့ ၂ ဦးကို ဖမ်းတယ်။ အခြားရွာသား ၁၀ ဦးလောက်ကိုလည်း တစာခံဖမ်းပြီး စခန်းကို လိုက်ပြခိုင်းတာ” လို့ ပြောပါတယ်။
စခန်းအတွင်းရောက်ချိန် ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း ပြန်ပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲချိန်မှာ ရဲဘော်ဇနီးမောင်နှံ ၂ ဦးက ထွက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းဆီးခံရပြီး ပစ်သတ်ခံရပြီးနောက် စခန်းမှာပဲမီးရှို့သွားတာလို့ ဗိုလ်အောင်မောင်းက ဆက်ပြောပါတယ်။
စခန်းမီးရှို့ခံရတာကြောင့် ၆၀ မမပြောင်းတွေအပြင် ကိုပေဆီက Glock 380 ပစ္စတိုတလက်နဲ့ ကျည်ဆံတွေလည်း ပါသွားပြီး ကျပ်သိန်း ၃၀၀ ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
ကိုပေနဲ့မချိုတို့ ဇနီးမောင်နှံဟာ ဖေဖေါ်ဝါရီလ ၁၈ ရက်ဒီနေ့မှာ မင်္ဂလာဆောင်ဖို့ စီစဥ်ထားဖြစ်ပေမယ့် လက်ရှိမှာတော့ သူ့တို့ဇနီးမောင်နှံရဲ့ ကြွင်းကျန်တဲ့ရုပ်အလောင်းတွေကို Southern Yesagyo PDF ရဲဘော်တွေကပဲ မီးသဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
Zawgyi(version)
PDF စခန္းစီးနင္းခံရၿပီး မဂၤလာေဆာင္ခါနီး ရဲေဘာ္ဇနီးေမာင္ႏွံလည္း သတ္ခံရ
ေရစႀကိဳ၊ ေဖေဖၚဝါရီ ၁၈၊ ၂၀၂၃။
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္ရွိ Southern Yesagyo PDF အဖြဲ႕စခန္းကို ေဖေဖၚဝါရီလ ၁၇ ရက္မေန႕က မနက္ ၆ နာရီခြဲေလာက္မွာ စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ဖ်က္ဆီးခဲ့ၿပီး၊ PDF ရဲေဘာ္ဇနီးေမာင္ႏွံ ၂ ဦးကိုလည္း သတ္ခဲ့တယ္လို႔ သိရပါတယ္။
ေရစႀကိဳနဲ႕ ပခုကၠဴဘက္ကလာတဲ့ အင္အား ၂၀၀ ဝန္းက်င္ပါ စစ္သားေတြက သဲေတာ႐ြာနဲ႕ အနီးဆုံးမွာရွိေနတဲ့ အဆိုပါ PDF စခန္းကို စီးနင္းခဲ့တာလို႔ Southern Yesagyo PDF အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ေအာင္ေမာင္းက ေျပာပါတယ္။
“က်ဆဳံးသြားတဲ့ ကိုေပနဲ႕မခ်ိဳတို႔က Urban Underground Revolution Force (UURF-YSO) အဖြဲ႕က ျဖစ္ေပမယ့္ Southern Yesagyo PDF မွာ ေနတာပါ။
သူတို႔လင္မယားက သဲေတာ႐ြာမွာ ညအိပ္တာ ၁၇ ရက္မနက္ေရာက္ေတာ့ စစ္သားေတြက သူတို႔ ၂ ဦးကို ဖမ္းတယ္။ အျခား႐ြာသား ၁၀ ဦးေလာက္ကိုလည္း တစာခံဖမ္းၿပီး စခန္းကို လိုက္ျပခိုင္းတာ လို႔ ေျပာပါတယ္။
စခန္းအတြင္းေရာက္ခ်ိန္ ကာကြယ္ေရးရဲေဘာ္ေတြဘက္ကလည္း ျပန္ၿပီး မိုင္းဆြဲတိုက္ခိုက္ရာ စစ္သား ၂ ဦး ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။
မိုင္းဆြဲခ်ိန္မွာ ရဲေဘာ္ဇနီးေမာင္ႏွံ ၂ ဦးက ထြက္ေျပးခဲ့ေပမယ့္ ျပန္လည္ဖမ္းဆီးခံရၿပီး ပစ္သတ္ခံရၿပီးေနာက္ စခန္းမွာပဲမီးရွို႔သြားတာလို႔ ဗိုလ္ေအာင္ေမာင္းက ဆက္ေျပာပါတယ္။
စခန္းမီးရွို႔ခံရတာေၾကာင့္ ၆၀ မမေျပာင္းေတြအျပင္ ကိုေပဆီက Glock 380 ပစၥတိုတလက္နဲ႕ က်ည္ဆံေတြလည္း ပါသြားၿပီး က်ပ္သိန္း ၃၀၀ ဖိုးေလာက္ ဆုံးရႈံးသြားတယ္လို႔ ဆိုပါတယ္။
ကိုေပနဲ႕မခ်ိဳတို႔ ဇနီးေမာင္ႏွံဟာ ေဖေဖၚဝါရီလ ၁၈ ရက္ဒီေန႕မွာ မဂၤလာေဆာင္ဖို႔ စီစဥ္ထားျဖစ္ေပမယ့္ လက္ရွိမွာေတာ့ သူ႕တို႔ဇနီးေမာင္ႏွံရဲ႕ ႂကြင္းက်န္တဲ့႐ုပ္အေလာင္းေတြကို Southern Yesagyo PDF ရဲေဘာ္ေတြကပဲ မီးသၿဂိဳလ္ေပးခဲ့ရတယ္လို႔ သိရပါတယ္။