ကိုယ်ပိုင်လက်နက်ထုတ်လုပ်တော့မယ့် ဗိုလ်နဂါး..see more

လက်နက်ဝယ်ယူရေးထက် ထုတ်လုပ်ရေးကို ဦးစားပေးလုပ်ဆောင်နေဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ပြော

ရန်ကုန်၊ စက်တင်ဘာ ၁
လူငယ့်ခေတ်

တော်လှန်ရေးရေချိန်မြင့်လာသည်နှင့်အမျှ ပြည်သူများပင်ပန်းလာမည်စိုးသည့်အတွက် လက်နက်ဝယ်ယူရေးထက် လက်နက်ထုတ်လုပ်ရေးကို ဦးစားပေးလုပ် ဆောင်နေပြီဖြစ်ကြောင်း ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA Yangon မှ သိရသည်။

“မြန်မာကျပ်ငွေဈေး ကျဆင်းလာတာနဲ့အမျှ လက်နက်က ကျွန်တော်တို့ အခက် အခဲရှိလာတယ်ခင်ဗျ၊ တော်လှန်ရေး ရေချိန်မြင့်လာလေ ပြည်သူပန်းလာမှာကိုကြိုတွေးပြီး ထုတ်လုပ်ရေးကိုစတင်လုပ်ဆောင်နေတာပါ” ဟု MRDA Yangon ၏ ထောက်ပို့တာဝန်ခံတစ်ဦး က လူငယ့်ခေတ်သို့ပြောသည်။

MRDA အနေဖြင့် ၄၀ မမ မှစ၍ ၁၂၀ မမအထိ M16၊ AK၊ 9mm၊ MK12 သေ နတ်များကိုထုပ်လုပ်သွားမည်ဖြစ်ပြီး လက်ရှိ MK12 နှင့် ၄၀ မမ များကို ထုတ် လုပ်နေပြီဖြစ်ကြောင်း MRDA က ဆိုသည်။

“တော်လှန်ရေးမှာ ဦးစားပေးအနေနဲ့ လက်နက်လိုအပ်တဲ့ UG တွေကို ဦးစား ပေးထောက်ပို့ပေးမယ်” ဟု အထက်ပါ ထောက်ပို့တာဝန်ခံက ထပ်မံပြောသည် ။

MRDA အနေဖြင့်လည်း မြို့ပြကိုပိုမိုအားစိုက်သွားမည်ဖြစ်ပြီး ကုန်ကြမ်းဝယ် ယူနိုင်ရန်နှင့် ထုတ်လုပ်ရေးစခန်း အတွက် ငွေကြေးလိုအပ်ချက်များရှိနေခြင်းကြောင့် ကူညီပေးရန်လည်း တောင်းဆိုထားသည်။

မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA မှာ ဗိုလ်နဂါးဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာန MOD ၏ လမ်းစဉ်အတိုင်းဆောင်ရွက်နေသည့် စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်ကာ ရန်ကုန်တွင်လည်း မြို့ပြပြောက်ကျားအဖြစ်လှုပ်ရှားရန် MRDA Yangon ကိုလည်းဖွဲ့စည်းထားသည်။

Photo- MRDA Yangon

#P08
#Lungekhit

Zawgyi(version)

လက္နက္ဝယ္ယူေရးထက္ ထုတ္လုပ္ေရးကို ဦးစားေပးလုပ္ေဆာင္ေနဟု ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ေျပာ

ရန္ကုန္၊ စက္တင္ဘာ ၁
လူငယ့္ေခတ္

ေတာ္လွန္ေရးေရခ်ိန္ျမင့္လာသည္ႏွင့္အမွ် ျပည္သူမ်ားပင္ပန္းလာမည္စိုးသည့္အတြက္ လက္နက္ဝယ္ယူေရးထက္ လက္နက္ထုတ္လုပ္ေရးကို ဦးစားေပးလုပ္ ေဆာင္ေနၿပီျဖစ္ေၾကာင္း ဗိုလ္နဂါးဦးေဆာင္သည့္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္-MRDA Yangon မွ သိရသည္။

“ျမန္မာက်ပ္ေငြေဈး က်ဆင္းလာတာနဲ႕အမွ် လက္နက္က ကြၽန္ေတာ္တို႔ အခက္ အခဲရွိလာတယ္ခင္ဗ်၊ ေတာ္လွန္ေရး ေရခ်ိန္ျမင့္လာေလ ျပည္သူပန္းလာမွာကိုႀကိဳေတြးၿပီး ထုတ္လုပ္ေရးကိုစတင္လုပ္ေဆာင္ေနတာပါ” ဟု MRDA Yangon ၏ ေထာက္ပို႔တာဝန္ခံတစ္ဦး က လူငယ့္ေခတ္သို႔ေျပာသည္။

MRDA အေနျဖင့္ ၄၀ မမ မွစ၍ ၁၂၀ မမအထိ M16၊ AK၊ 9mm၊ MK12 ေသ နတ္မ်ားကိုထုပ္လုပ္သြားမည္ျဖစ္ၿပီး လက္ရွိ MK12 ႏွင့္ ၄၀ မမ မ်ားကို ထုတ္ လုပ္ေနၿပီျဖစ္ေၾကာင္း MRDA က ဆိုသည္။

“ေတာ္လွန္ေရးမွာ ဦးစားေပးအေနနဲ႕ လက္နက္လိုအပ္တဲ့ UG ေတြကို ဦးစား ေပးေထာက္ပို႔ေပးမယ္” ဟု အထက္ပါ ေထာက္ပို႔တာဝန္ခံက ထပ္မံေျပာသည္ ။

MRDA အေနျဖင့္လည္း ၿမိဳ႕ျပကိုပိုမိုအားစိုက္သြားမည္ျဖစ္ၿပီး ကုန္ၾကမ္းဝယ္ ယူနိုင္ရန္ႏွင့္ ထုတ္လုပ္ေရးစခန္း အတြက္ ေငြေၾကးလိုအပ္ခ်က္မ်ားရွိေနျခင္းေၾကာင့္ ကူညီေပးရန္လည္း ေတာင္းဆိုထားသည္။

ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ MRDA မွာ ဗိုလ္နဂါးဦးေဆာင္သည့္အဖြဲ႕ျဖစ္ၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာ ကြယ္ေရးဝန္ႀကီးဌာန MOD ၏ လမ္းစဥ္အတိုင္းေဆာင္႐ြက္ေနသည့္ စစ္ကိုင္းတိုင္းအေျခစိုက္အဖြဲ႕တစ္ဖြဲ႕ျဖစ္ကာ ရန္ကုန္တြင္လည္း ၿမိဳ႕ျပေျပာက္က်ားအျဖစ္လႈပ္ရွားရန္ MRDA Yangon ကိုလည္းဖြဲ႕စည္းထားသည္။

Photo- MRDA Yangon

#P08
#Lungekhit