မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များအားလုံး စီးပွား ရေးပိတ် ဆို့မှုနှင့် ဒဏ်ခတ်အရေးယူမှုများ ရှောင်လွှဲ

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များအားလုံး စီးပွား ရေးပိတ် ဆို့မှုနှင့် ဒဏ်ခတ်အရေးယူမှုများ ရှောင်လွှဲ ရန် နာမည်ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုနှင့် မှတ်ပုံတင် ၃ ခု ကိုင်ဆောင်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များက ပြည်သူလူထုကို နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမှု ရပ်ဆိုင်း ထားသော်လည်း ၎င်းတို့၏ မိသားစုဝင်များအတွက် အမည်နာမည် ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုစီ၊ မှတ်ပုံ တင် ၃ ခု စီ ထုတ်ယူ ကိုင်ဆောင်ထားကြောင်း စစ်ဘက်သတင်းအသိုင်းအ၀ိုင်းနှင့် ပြည်ထဲရေး သတင်းရင်းမြစ် များထံမှ သိရှိရသည်။

အမေရိကန်၊ ဥရောပ၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံများက စစ်ဗိုလ်ချုပ်များနှင့် မိသားစုဝင်များကို စီးပွားရေး ပိတ်ဆို့မှုများ၊ ခရီးသွားလာခွင့် ပိတ်ပင်သော အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်လာကြောင်း၊ လိုအပ်ချက်ကြောင့် ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်ရပါက အဆိုပါ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်၊ အမည် နာမည် ပြောင်းလဲထားသော နိုင်ငံကူးလက် မှတ်များ၊ မှတ်ပုံတင်များကို ထုတ်ယူ ကိုင်ဆောင်ထားကြခြင်း ဖြစ် ကြောင်း သိရှိရသည်။

“အဲဒါက မှန်ပါတယ်။ နာမည်မတူတဲ့ မှတ်ပုံတင်တွေ ကိုင်ထားတာလည်းမှန်တယ်။ အမည်ပြောင်းထားတဲ့ နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင် ထားတာလည်းမှန်ပါတယ်။ ဒါပေမယ့် တစ်ဦးကို ၃ ခုစီ ကိုင်ဆောင်ထားတယ်ဆိုတာမျိုး အတိအကျကြီး ပြောလို့မရဘူး။ လိုအပ်သလောက် ထုတ်လို့ရနေတာဆိုတော့ ၃ ခုထက်လည်း ပိုနိုင်တယ်။ လက်ရှိ နာမည်အရင်းနဲ့ နိုင်ငံကူးလက်မှတ်တွေလည် စီးပွားရေးပိတ်ဆို့မှုမရှိတဲ့ နိုင်ငံတွေ သွားရင် သုံးကြတယ်” ဟု ပြည်ထဲ ရေး သတင်းရင်းမြစ်က ပြောသည်။

ယခုဖေဖော်ဝါရီလဆန်းပိုင်း အကြမ်းဖက် မင်းအောင်လှိုင်၏ မိန်းမ ကြူကြူလှနှင့် သားသမီး၊ မြေးများ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ရာတွင်မူ နာမည်အရင်းဖြင့် နိုင်ငံကူးလက်မှတ်များကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ဗိုလ်ချုပ် မိသားစုဝင်များက စင်ကာပူနှင့် ထိုင်းတွင် ကွန်ဒိုနှင့် တိုက် ခန်းများ ဝယ်ယူမှုရှိပြီး ပြည်ပ ဘဏ်ငွေ စာရင်း အကောင့်များ ဖွင့်လှစ်ထားကြကြောင်း၊ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရ​သောဘိန်းမူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ မင်းအောင် လှိုင်၏ သား အောင်ပြည့်စုံ အမည်ပေါက် ကွန်ဒိုတိုက်ခန်းနှင့် သမီး ခင်သီရိသက်မွန်၏ ဘဏ်အကောင့် တွေ့ရှိခဲ့ပြီးနောက် စစ်တပ်ခေါင်းဆောင် မိသားစုဝင်များက နာမည်အရင်း အသုံးမပြုကြတော့ဘဲ နာမည်ပြောင်းလွဲထားသော ပတ်စ်ပို့နှင့်ဘဏ်စာရင်းများကိုသာ အသုံးပြုကြကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

“ပြည်ပမှာ ဘဏ်စာရင်းဖွင့်တာ၊ ကွန်ဒိုနဲ့တိုက်ခန်းတွေ ဝယ်တာမှာ နာမည်အရင်း ပတ်စ်ပို့တွေ မသုံးကြတော့ဘူး။ ပိုင်ဆိုင်မှုတွေ ပိတ်ဆို့ခံရမှာစိုးလို့ နာမည်ပြောင်းတဲ့ ပတ်စ်ပို့တွေ သုံးနေကြပါတယ်။ နာမည်အရင်းနဲ့ မလုပ်ကြတော့ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖမ်းဆီးခံထားရသော မူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော အိပ်ခန်း ၄ ခန်းပါ ဘတ် ၃၃ သန်းတန် Belle Grand Rama 9 ကွန်ဒိုတိုက်ခန်း၊ ခင်သီရိသက်မွန်၏ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကို ထိုင်းအစိုးရက ၂၀၂၂ ခုနှစ်အတွင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်၏ ဇနီး သားသမီးများနှင့် ဆွေမျိုး ညီအစ်ကို မောင်နှမများကို သီတဂူဘုန်းကြီးနှင့် အတူတွေ့ရစဉ်။

Zawgyi(version)

မင္းေအာင္လွိုင္ အပါအဝင္ စစ္ဗိုလ္ခ်ဳပ္မ်ား၏ မိသားစုဝင္မ်ားအားလုံး စီးပြား ေရးပိတ္ ဆို႔မႈႏွင့္ ဒဏ္ခတ္အေရးယူမႈမ်ား ေရွာင္လႊဲ ရန္ နာမည္ေျပာင္းလဲထားေသာ နိုင္ငံကူးလက္မွတ္ ၃ ခုႏွင့္ မွတ္ပုံတင္ ၃ ခု ကိုင္ေဆာင္ထား

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၈

အၾကမ္းဖက္ မင္းေအာင္လွိုင္ႏွင့္ စစ္ဗိုလ္ခ်ဳပ္မ်ားက ျပည္သူလူထုကို နိုင္ငံကူးလက္မွတ္မ်ား ထုတ္ေပးမႈ ရပ္ဆိုင္း ထားေသာ္လည္း ၎တို႔၏ မိသားစုဝင္မ်ားအတြက္ အမည္နာမည္ ေျပာင္းလဲထားေသာ နိုင္ငံကူးလက္မွတ္ ၃ ခုစီ၊ မွတ္ပုံ တင္ ၃ ခု စီ ထုတ္ယူ ကိုင္ေဆာင္ထားေၾကာင္း စစ်ဘက်သတင်းအသိုင်းအ၀ိုင်းနှင့် ျပည္ထဲေရး သတင္းရင္းျမစ္ မ်ားထံမွ သိရွိရသည္။

အေမရိကန္၊ ဥေရာပ၊ ကေနဒါ အပါအဝင္ အေနာက္နိုင္ငံမ်ားက စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ မိသားစုဝင္မ်ားကို စီးပြားေရး ပိတ္ဆို႔မႈမ်ား၊ ခရီးသြားလာခြင့္ ပိတ္ပင္ေသာ အေရးယူဒဏ္ခတ္မႈမ်ား လုပ္ေဆာင္လာေၾကာင္း၊ လိုအပ္ခ်က္ေၾကာင့္ ျပည္ပနိုင္ငံမ်ားသို႔ ခရီးသြားေရာက္ရပါက အဆိုပါ အေရးယူဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ေက်ာ္လႊားနိုင္ရန္၊ အမည္ နာမည္ ေျပာင္းလဲထားေသာ နိုင္ငံကူးလက္ မွတ္မ်ား၊ မွတ္ပုံတင္မ်ားကို ထုတ္ယူ ကိုင္ေဆာင္ထားၾကျခင္း ျဖစ္ ေၾကာင္း သိရွိရသည္။

“အဲဒါက မွန္ပါတယ္။ နာမည္မတူတဲ့ မွတ္ပုံတင္ေတြ ကိုင္ထားတာလည္းမွန္တယ္။ အမည္ေျပာင္းထားတဲ့ နိုင္ငံကူးလက္မွတ္ေတြ ကိုင္ေဆာင္ ထားတာလည္းမွန္ပါတယ္။ ဒါေပမယ့္ တစ္ဦးကို ၃ ခုစီ ကိုင္ေဆာင္ထားတယ္ဆိုတာမ်ိဳး အတိအက်ႀကီး ေျပာလို႔မရဘူး။ လိုအပ္သေလာက္ ထုတ္လို႔ရေနတာဆိုေတာ့ ၃ ခုထက္လည္း ပိုနိုင္တယ္။ လက္ရွိ နာမည္အရင္းနဲ႕ နိုင္ငံကူးလက္မွတ္ေတြလည္ စီးပြားေရးပိတ္ဆို႔မႈမရွိတဲ့ နိုင္ငံေတြ သြားရင္ သုံးၾကတယ္” ဟု ျပည္ထဲ ေရး သတင္းရင္းျမစ္က ေျပာသည္။

ယခုေဖေဖာ္ဝါရီလဆန္းပိုင္း အၾကမ္းဖက္ မင္းေအာင္လွိုင္၏ မိန္းမ ၾကဴၾကဴလွႏွင့္ သားသမီး၊ ေျမးမ်ား စင္ကာပူနိုင္ငံသို႔ သြားေရာက္ခဲ့ရာတြင္မူ နာမည္အရင္းျဖင့္ နိုင္ငံကူးလက္မွတ္မ်ားကို အသုံးျပဳခဲ့ေၾကာင္း သိရွိရသည္။

ထို႔ျပင္ စစ္ဗိုလ္ခ်ဳပ္ မိသားစုဝင္မ်ားက စင္ကာပူႏွင့္ ထိုင္းတြင္ ကြန္ဒိုႏွင့္ တိုက္ ခန္းမ်ား ဝယ္ယူမႈရွိၿပီး ျပည္ပ ဘဏ္ေငြ စာရင္း အေကာင့္မ်ား ဖြင့္လွစ္ထားၾကေၾကာင္း၊ ထိုင္းနိုင္ငံတြင္ ဖမ္းဆီးခံထားရေသာဘိန္းမူးယစ္ရာဇာ ထြန္းမင္းလတ္ထံမွ မင္းေအာင္ လွိုင္၏ သား ေအာင္ျပည့္စုံ အမည္ေပါက္ ကြန္ဒိုတိုက္ခန္းႏွင့္ သမီး ခင္သီရိသက္မြန္၏ ဘဏ္အေကာင့္ ေတြ႕ရွိခဲ့ၿပီးေနာက္ စစ္တပ္ေခါင္းေဆာင္ မိသားစုဝင္မ်ားက နာမည္အရင္း အသုံးမျပဳၾကေတာ့ဘဲ နာမည္ေျပာင္းလြဲထားေသာ ပတ္စ္ပို႔ႏွင့္ဘဏ္စာရင္းမ်ားကိုသာ အသုံးျပဳၾကေၾကာင္း စစ္ဘက္သတင္းရင္းျမစ္က ေျပာသည္။

“ျပည္ပမွာ ဘဏ္စာရင္းဖြင့္တာ၊ ကြန္ဒိုနဲ႕တိုက္ခန္းေတြ ဝယ္တာမွာ နာမည္အရင္း ပတ္စ္ပို႔ေတြ မသုံးၾကေတာ့ဘူး။ ပိုင္ဆိုင္မႈေတြ ပိတ္ဆို႔ခံရမွာစိုးလို႔ နာမည္ေျပာင္းတဲ့ ပတ္စ္ပို႔ေတြ သုံးေနၾကပါတယ္။ နာမည္အရင္းနဲ႕ မလုပ္ၾကေတာ့ဘူး” ဟု စစ္ဘက္သတင္းရင္းျမစ္က ေျပာသည္။

ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ ဖမ္းဆီးခံထားရေသာ မူးယစ္ရာဇာ ထြန္းမင္းလတ္ထံမွ မင္းေအာင္လွိုင္၏ သားျဖစ္သူ ေအာင္ျပည့္စုံ ပိုင္ဆိုင္ေသာ အိပ္ခန္း ၄ ခန္းပါ ဘတ္ ၃၃ သန္းတန္ Belle Grand Rama 9 ကြန္ဒိုတိုက္ခန္း၊ ခင္သီရိသက္မြန္၏ Siam Commercial Bank ေငြစုစာအုပ္ႏွစ္အုပ္ကို ထိုင္းအစိုးရက ၂၀၂၂ ခုႏွစ္အတြင္းသိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- အၾကမ္းဖက္ မင္းေအာင္လွိုင္၏ ဇနီး သားသမီးမ်ားႏွင့္ ေဆြမ်ိဳး ညီအစ္ကို ေမာင္ႏွမမ်ားကို သီတဂူဘုန္းႀကီးႏွင့္ အတူေတြ႕ရစဥ္။