စစ်ကိုင်းမှာ စစ်အုပ်စုနှင့် ပေါင်းပြီး သောင်းကျန်းနေတဲ့ ရပ်ကွက်အုပ်ကြီး ရှင်းလင်းခံရ၊
MFP ၊ စက်တင်ဘာ – ၁
စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတဲ့ စစ်ကိုင်းမြို့ စီတီးရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဆိုသူ ဒီမနက်ပိုင်း လမ်းပေါ်မှာ ပစ်ခတ်ခံရကာ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ(၁)ရက် မနက်(၆)နာရီခွဲက စစ်ကိုင်းမြို၊ စီးတီးရပ်ကွက်၊ ပုဂံလမ်းနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ဆိုသူ စစ်ကိုင်းမြို့၊ တင်းတိပ်လမ်းဆုံမှာ ပစ်ခတ်ခံရပြီး သေဆုံးတာလို့ ဆိုပါတယ်။
“ဦးကျော်နိုင်သည် ရပ်ရွာအတွင်း သာရေး နာရေး ပွဲများပြုလုပ်ရာ၌ ငွေကြေးတောင်းခံခြင်း၊ မြေကွက်များ ရောင်းရငွေမှ ရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံခြင်း၊ စစ်တပ်အရာရှိများနှင့် ပူးပေါင်းကာ အမှုပွဲစား ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင် ပြည်သူလုထုအပေါ် အနိုင့်အထက်စီးနင်း ဆက်ဆံဗိုလ်ကျခြင်း၊ အာဏာရှင် ဆန့်ကျင်သူများ၏ သတင်းအချက်အလက်များကို ထောက်လှမ်းကာ စစ်တပ်အား ပေးပို့ခြင်း၊ ဓာတ်ပုံသတင်းထောက် ဖြစ်သူ ကိုအေးကျော် သေဆုံးသ-တ်-ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခြင်းနှင့် ညဘက်များတွင် စစ်တပ်မှ အရာရှိကြီးများနှင့် ပေါင်းကာ KTVများ၌ အနိုင်ကျင့်ဗိုလ်ကျကာ မိန်းကလေးငယ်များနှင့် ပျော်ပါးနေခြင်း တို့ကြောင့် ၎င်းအား စကစ ထောက်တိုင် ဒ-လ-န်များ၏ သွားရာ လမ်းကြောင်းအတိုင်း သေမင်းတမန်သို့ ပို့လိုက်ခြင်းဖြစ်တယ်။
နောက်နောင် စစ်ကိုင်းမြို့နယ် အတွင်းရှိ ပျူများ၊ အုပ်ချုပ်ရေးမှူးများ အနေနှင့် စစ်တပ်၏ အာဏာရှင် အလိုကျအတိုင်း ဆက်လက် လုပ်ဆောင်ကြပါက လူယုတ်မာ ကျော်နိုင်၏ သွားရာ လမ်းအတိုင်း ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း အားလုံးကို သတိပေးလိုက်သည်” လို့ လင်းလက်ကြယ်အဖွဲ့ က သတိပေးပြောကြားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။
စစ်ကိုင်းမြို့မှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်နေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းမြို့နေ ဓာတ်ပုံဆရာ ကိုအေးကျော်ကို စစ်အုပ်စုက ညအချိန် နေအိမ်ထဲ စီးနင်းဝင်ရောက် ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ်ပြီးနောက် အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့ပါတယ်။
စစ်ကိုင်းမြို့ တပ်မ (၃၃)ထဲက စစ်အုပ်စုဟာ မြို့ခံ အုပ်ကြီးတွေ၊ ပျူတွေနှင့် ပေါင်းပြီး ဒေသခံပြည်သူတွေအပေါ် ဖမ်းဆီး ငွေညှစ်တာကို ထမင်းစားရေသောက်သဖွယ် လုပ်ဆောင်နေပြီး ငွေမပေးနိုင်သူတွေကို သ-တ်-ဖြတ် နေတယ်လို့ စစ်ကိုင်း ဒေသခံတွေက ပြောပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စီတီးရပ်ကွက်
Zawgyi(version)
စစ္ကိုင္းမွာ စစ္အုပ္စုႏွင့္ ေပါင္းၿပီး ေသာင္းက်န္းေနတဲ့ ရပ္ကြက္အုပ္ႀကီး ရွင္းလင္းခံရ၊
MFP ၊ စက္တင္ဘာ – ၁
စစ္အုပ္စုႏွင့္ ေပါင္းၿပီး ျပည္သူကို ဖမ္းဆီးေငြညွစ္ ေသာင္းက်န္းေနတဲ့ စစ္ကိုင္းၿမိဳ႕ စီတီးရပ္ကြက္ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္နိုင္ဆိုသူ ဒီမနက္ပိုင္း လမ္းေပၚမွာ ပစ္ခတ္ခံရကာ ေသဆုံးတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။
ဒီေန႕ စက္တင္ဘာ(၁)ရက္ မနက္(၆)နာရီခြဲက စစ္ကိုင္းၿမိဳ၊ စီးတီးရပ္ကြက္၊ ပုဂံလမ္းေန စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္နိုင္ ဆိုသူ စစ္ကိုင္းၿမိဳ႕၊ တင္းတိပ္လမ္းဆုံမွာ ပစ္ခတ္ခံရၿပီး ေသဆုံးတာလို႔ ဆိုပါတယ္။
“ဦးေက်ာ္နိုင္သည္ ရပ္႐ြာအတြင္း သာေရး နာေရး ပြဲမ်ားျပဳလုပ္ရာ၌ ေငြေၾကးေတာင္းခံျခင္း၊ ေျမကြက္မ်ား ေရာင္းရေငြမွ ရာခိုင္ႏႈန္း ျဖတ္ေတာက္ေကာက္ခံျခင္း၊ စစ္တပ္အရာရွိမ်ားႏွင့္ ပူးေပါင္းကာ အမႈပြဲစား ျပဳလုပ္ျခင္း၊ ပတ္ဝန္းက်င္ ျပည္သူလုထုအေပၚ အနိုင့္အထက္စီးနင္း ဆက္ဆံဗိုလ္က်ျခင္း၊ အာဏာရွင္ ဆန႔္က်င္သူမ်ား၏ သတင္းအခ်က္အလက္မ်ားကို ေထာက္လွမ္းကာ စစ္တပ္အား ေပးပို႔ျခင္း၊ ဓာတ္ပုံသတင္းေထာက္ ျဖစ္သူ ကိုေအးေက်ာ္ ေသဆုံးသ-တ္-ျဖတ္မႈတြင္ ပူးေပါင္းပါဝင္ျခင္းႏွင့္ ညဘက္မ်ားတြင္ စစ္တပ္မွ အရာရွိႀကီးမ်ားႏွင့္ ေပါင္းကာ KTVမ်ား၌ အနိုင္က်င့္ဗိုလ္က်ကာ မိန္းကေလးငယ္မ်ားႏွင့္ ေပ်ာ္ပါးေနျခင္း တို႔ေၾကာင့္ ၎အား စကစ ေထာက္တိုင္ ဒ-လ-န္မ်ား၏ သြားရာ လမ္းေၾကာင္းအတိုင္း ေသမင္းတမန္သို႔ ပို႔လိုက္ျခင္းျဖစ္တယ္။
ေနာက္ေနာင္ စစ္ကိုင္းၿမိဳ႕နယ္ အတြင္းရွိ ပ်ဴမ်ား၊ အုပ္ခ်ဳပ္ေရးမႉးမ်ား အေနႏွင့္ စစ္တပ္၏ အာဏာရွင္ အလိုက်အတိုင္း ဆက္လက္ လုပ္ေဆာင္ၾကပါက လူယုတ္မာ ေက်ာ္နိုင္၏ သြားရာ လမ္းအတိုင္း ပို႔ေဆာင္ေပးသြားမည္ ျဖစ္ေၾကာင္း အားလုံးကို သတိေပးလိုက္သည္” လို႔ လင္းလက္ၾကယ္အဖြဲ႕ က သတိေပးေျပာၾကားေၾကာင္း စစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ ျပန္ၾကားေရးက ေဖာ္ျပပါတယ္။
စစ္ကိုင္းၿမိဳ႕မွာ စစ္အုပ္စုက ေဒသခံျပည္သူေတြကို ဥပေဒမဲ့ ထင္တိုင္းက်ဲ ဖမ္းဆီး သ-တ္-ျဖတ္ေနၿပီး လြန္ခဲ့တဲ့ ရက္ပိုင္းက စစ္ကိုင္းၿမိဳ႕ေန ဓာတ္ပုံဆရာ ကိုေအးေက်ာ္ကို စစ္အုပ္စုက ညအခ်ိန္ ေနအိမ္ထဲ စီးနင္းဝင္ေရာက္ ဖမ္းဆီးကာ ညွဥ္းပန္းႏွိပ္စက္ သ-တ္-ျဖတ္ၿပီးေနာက္ အေလာင္းကို လမ္းေဘးမွာ စြန႔္ပစ္ထားခဲ့ပါတယ္။
စစ္ကိုင္းၿမိဳ႕ တပ္မ (၃၃)ထဲက စစ္အုပ္စုဟာ ၿမိဳ႕ခံ အုပ္ႀကီးေတြ၊ ပ်ဴေတြႏွင့္ ေပါင္းၿပီး ေဒသခံျပည္သူေတြအေပၚ ဖမ္းဆီး ေငြညွစ္တာကို ထမင္းစားေရေသာက္သဖြယ္ လုပ္ေဆာင္ေနၿပီး ေငြမေပးနိုင္သူေတြကို သ-တ္-ျဖတ္ ေနတယ္လို႔ စစ္ကိုင္း ေဒသခံေတြက ေျပာပါတယ္။
#MFP #Mandalay_Free_Press #မႏၱေလး #စစ္ကိုင္း #စီတီးရပ္ကြက္