တပ်သားချင်းပစ်သတ်ပြီး CDM ဝင်လာသူ PDF နဲ့အတူတိုက်ပွဲဝင်မယ်လို့ပြော( ရုပ်/သံ)
ကနီ၊ ဖေဖော်ဝါရီလ ၁၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း မုံရွာမြို့ တပ်ရင်း ၉၂၉ ထောက်ပို့တပ်က တပ်သားတဦး အချင်းချင်းပစ်သတ်ပြီး ကနီမြို့နယ် ကျောက်လုံးကြီး PDFဆီမှာဖေဖော်ဝါရီ၁၇ရက်က လက်နက်နဲ့အတူ CDM ဝင်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ရက် ညနေပိုင်းက မုံရွာမြို့မှာ ကင်းလှည့်ရင်း အချင်းချင်းစကားများရာက တပ်သား အောင်ချစ်သူဆိုသူကို ပစ်သတ်ခဲ့တာလို့ CDM ဝင်လာတဲ့ တပ်သား မျိုးမြင့်က ပြောပါတယ်။
” ဒီကောင်က ကျနော့်ကိုခြိမ်းခြောက်လို့ပါ။ သူကိုမသတ်ရင်လည်း ကျနော့်ကို သူကသတ်တော့မှာ အဲဒါကြောင့် ပစ်သတ်ခဲ့တာ”
MA 1 ၁ လက်အပါ ကျည်ဆံအချို့နဲ့ CDM ဝင်လာတဲ့ တပ်သားမျိုးမြင့်ဟာ PDFတွေနဲ့အတူ စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
သတင်း- ဒိန်းဂျား၊ တည်းဖြတ်- CM
#မြေလတ်အသံ
ရုပ်သံကြည့်ရန်👇👇👇
ခရက်ဒစ်ဗီဒီယို