နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၏ ဝါရှင်တန် ခရီးစဉ်
*****************
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန် ပြည်ထောင်စု သို့ တပတ်ကြာ ခရီးစဉ် အတွင်း ဘိုင်ဒင် အစိုးရ အဖွဲ့မှ အထက်တန်း အရာရှိကြီးများ၊ ကွန်ဂရက် အမတ်များ နှင့် တွေ့ဆုံ ဆွေး နွေး နိုင်ခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြလာခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် စစ်အာဏာသိမ်း အဖွဲ့အား ယခုထက် ပိုမိုပြင်းထန်သည့် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ပေးရန် နှင့် ရံပုံငွေ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
အမေရိကန် နှင့် မဟာမိတ်များက ဇန်နဝါရီ ၃၁ တွင် နောက်ဆုံး ပြဋ္ဌာန်းလာသော စီးပွားရေး ဒဏ်ခတ်မှုများသည် လုံလောက် မှု မရှိသေးဟု ဒေါ်ဇင်မာအောင်က ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ထို ပိတ်ဆို့ဒဏ်ခတ်မှု တွင် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းကို တိုက်ရိုက် ရည်ရွယ်ခြင်း မရှိပဲ ထို လုပ်ငန်း တွင် လုပ်ကိုင်နေသူများကိုသာ ထည့်သွင်းခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဒေါ်ဇင်မာအောင် နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ဝင်ဒီ ရှားမင်း တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြန်သည်။ (ပုံတွင် ရှု)
ထို ဆွေးနွေးပွဲ တွင် မစ္စက် ရှားမင်း မှ စစ်အာဏာသိမ်း အဖွဲ့ကို ရှုတ်ချကြောင်း ထပ်မံ ပြောဆိုခဲ့ပြီး ၎င်းတို့ကျုးလွန်နေသော ရက်စက် ကြမ်းကြုပ်သည့် လုပ်ရပ်များအား တာဝန်ခံမှု ရှိစေရန် လှုံ့ဆော်သွားမည့် အမေရိကန်၏ အစီအစဉ်များအားလည်း ချပြသွားခဲ့သည်ဟု သိရသည်။
မည်သို့ မည်ပုံ လုပ်မည်ဟု သတင်းတွင် ဖေါ်ပြမထားသော်လည်း စစ်အရာရှိများ အတွက် အလွန်ပင် ထိတ်လန့်စရာ ကောင်းနေပြီ ဖြစ်သည်။
ထို့အပြင် လက်ရှိ အကျပ်အတည်းအား တရားမျှတ စွာဖြင့် ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်ရန်လည်း ဖိအားများ တိုးမြှင့် ပေးသွားမည်ဟု သိရသည်။
“ယူကရိန်း ကို ထောက်ပံ့နေတဲ့ ပမာဏာရဲ့ သေးသေး မွှားမွှား ရယုံလောက်နှင့် ကျမတို့ တော်လှန်ရေး အောင်မြင်နေပြီ” ဟု လည်း ဆိုသည်။
ထို့ပြင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်လာတော့မည် ဖြစ်၍ ကျေးရွာသားများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ရန် အမေရိကန်မှ ကြိုတင် သတိပေး စနစ်များ ထောက်ပံ့ပေးရန်ကိုပါ တောင်းဆိုခဲ့သည်။
အမေရိကန် တွင် ထိုသို့ ကူညီပေးရန် သမ္မတ အဆက်ဆက် အချိန်များစွာ ရနေနိုင်သော်လည်း လုံးဝ အချိန်မရ တော့သည်က မြန်မာ ပြည်သူများပင် ဖြစ်သည်။
မကြာမီက ထွက်ပေါ်လာသော စစ်တမ်း များအရ တပ်ရင်း ပေါင်း ၂၃၀ ကျော် ရှိသည့် မြန်မာ စစ်တပ်တွင် ၃၀ ခန့်သာ ဖွဲ့စည်းပုံ အပြည့် ရှိတော့သည်ဟု သိရသည်။ ထပ်၍လည်း အင်အားဖြည့်တင်းနိုင်ခြင်း မရှိတော့၊ တပ်ကို စွန့်ခွာ မှုများ၊ အမိန့်မနာခံ မှုများ နှင့် ပြည့်နှက်လာနေသည်။
တဖက်တွင်လည်း နှစ်ပေါင်း ၇၀ နီးပါးမျှ တကြိမ်တခါ မျှ ပူးတွဲတိုက်ပွဲဝင်ခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းလာကြသည်ကို တွေ့ရသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်း Gautam Mukhopadhaya. က သူ၏ ဆောင်းပါးတွင် ထောက်ပြထားခဲ့သည်။
မင်းအောင်လှိုင် သစ္စာခံသော တပ်များ ယခုလို အကွဲအပြဲများ နှင့် တိုင်ပတ်နေသည့် cul-de-sac အနေအထားတွင် အမျိုးသား ညီညွတ်ရေး အစိုးရမှ နိုင်ငံရေး၊ စစ်ရေး တွင် အသာစီး ရလာအောင် ရသည့် နည်းဖြင့် အခွင့်ကောင်းယူ လှုပ်ရှားရတော့မည် ဖြစ်သည်။
ယခု အခါ နိုင်ငံတကာ ထောက်ခံမှုများ တိုး၍ ရနေသော်လည်း လက်နက်အင်အား ပိုင်းတွင် ချို့တဲ့လျှက်ပင် ရှိနေဆဲ ဖြစ်သည်၊ သို့သော် နဲနဲ နှင့် ကျဲကျဲ ဝိုင်းပြီး ရှိသည့် အင်အားကို ရသမျှ စုရုံးကာ ဖြစ်နိုင်သည့် နေရာမှ ထိုးဖောက် စစ်ဆင်ရတော့မည် ဖြစ်သည်။
အကယ်၍ ပြဿာနာ ရှည်ကြာနေမည် ဆိုက အာဆီယံ အပါအဝင် နိုင်ငံတကာက “အေး ပြီးရော” ဆိုကာ စစ်တပ် နှင့် အာဏာခွဲဝေရေး စေ့ဆပ်ရန် ဖိအားများ ထွက်ပေါ်လာနိုင်ဖွယ် ရှိနေသည်။
ထိုသို့ ဖြစ်လာသည် ဆိုစေဦး စစ်တပ်သည် ၎င်းတို့ အထက်စီးမှ ရှိနေသည်ဟု ယုံကြည်နေသမျှ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလို မည်သို့မျှ အောင်မြင်နိုင်စရာ မရှိပေ။ လူထု အတွင်း သဘောထား ကွဲလွဲလာခြင်းသာ အဖတ်တင်ပေလိမ့်မည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Hla soewai
နိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္၏ ဝါရွင္တန္ ခရီးစဥ္
*****************
နိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္သည္ အေမရိကန္ ျပည္ေထာင္စု သို႔ တပတ္ၾကာ ခရီးစဥ္ အတြင္း ဘိုင္ဒင္ အစိုးရ အဖြဲ႕မွ အထက္တန္း အရာရွိႀကီးမ်ား၊ ကြန္ဂရက္ အမတ္မ်ား ႏွင့္ ေတြ႕ဆုံ ေဆြး ေႏြး နိုင္ခဲ့သည္ဟု ရိုက္တာ သတင္းတြင္ ေဖၚျပလာခဲ့သည္။
ထိုသို႔ ေတြ႕ဆုံရာတြင္ စစ္အာဏာသိမ္း အဖြဲ႕အား ယခုထက္ ပိုမိုျပင္းထန္သည့္ ပိတ္ဆို႔ဒဏ္ခတ္မႈမ်ား ျပဳလုပ္ေပးရန္ ႏွင့္ ရံပုံေငြ ေထာက္ပံ့ေပးရန္ ေတာင္းဆိုခဲ့သည္ဟု ဆိုသည္။
အေမရိကန္ ႏွင့္ မဟာမိတ္မ်ားက ဇန္နဝါရီ ၃၁ တြင္ ေနာက္ဆုံး ျပ႒ာန္းလာေသာ စီးပြားေရး ဒဏ္ခတ္မႈမ်ားသည္ လုံေလာက္ မႈ မရွိေသးဟု ေဒၚဇင္မာေအာင္က ထုတ္ေဖၚ ေျပာဆိုခဲ့သည္။
ထို ပိတ္ဆို႔ဒဏ္ခတ္မႈ တြင္ ေရနံ ႏွင့္ သဘာဝ ဓါတ္ေငြ႕ လုပ္ငန္းကို တိုက္ရိုက္ ရည္ရြယ္ျခင္း မရွိပဲ ထို လုပ္ငန္း တြင္ လုပ္ကိုင္ေနသူမ်ားကိုသာ ထည့္သြင္းခဲ့ျခင္း ေၾကာင့္ပင္ ျဖစ္သည္။
ၿပီးခဲ့သည့္ အဂၤါေန႔တြင္ ေဒၚဇင္မာေအာင္ ႏွင့္ အေမရိကန္ ဒုတိယ နိုင္ငံျခားေရး ဝန္ႀကီး မစၥက္ ဝင္ဒီ ရွားမင္း တို႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကျပန္သည္။ (ပုံတြင္ ရႈ)
ထို ေဆြးေႏြးပြဲ တြင္ မစၥက္ ရွားမင္း မွ စစ္အာဏာသိမ္း အဖြဲ႕ကို ရႈတ္ခ်ေၾကာင္း ထပ္မံ ေျပာဆိုခဲ့ၿပီး ၎တို႔က်ဳးလြန္ေနေသာ ရက္စက္ ၾကမ္းၾကဳပ္သည့္ လုပ္ရပ္မ်ားအား တာဝန္ခံမႈ ရွိေစရန္ လႈံ႔ေဆာ္သြားမည့္ အေမရိကန္၏ အစီအစဥ္မ်ားအားလည္း ခ်ျပသြားခဲ့သည္ဟု သိရသည္။
မည္သို႔ မည္ပုံ လုပ္မည္ဟု သတင္းတြင္ ေဖၚျပမထားေသာ္လည္း စစ္အရာရွိမ်ား အတြက္ အလြန္ပင္ ထိတ္လန႔္စရာ ေကာင္းေနၿပီ ျဖစ္သည္။
ထို႔အျပင္ လက္ရွိ အက်ပ္အတည္းအား တရားမၽွတ စြာျဖင့္ ၿငိမ္းခ်မ္းစြာ အဆုံးသတ္နိုင္ရန္လည္း ဖိအားမ်ား တိုးျမႇင့္ ေပးသြားမည္ဟု သိရသည္။
“ယူကရိန္း ကို ေထာက္ပံ့ေနတဲ့ ပမာဏာရဲ့ ေသးေသး မႊားမႊား ရယုံေလာက္ႏွင့္ က်မတို႔ ေတာ္လွန္ေရး ေအာင္ျမင္ေနၿပီ” ဟု လည္း ဆိုသည္။
ထို႔ျပင္ စစ္တပ္မွ ေလေၾကာင္းတိုက္ခိုက္မႈမ်ား တိုးျမႇင့္ ျပဳလုပ္လာေတာ့မည္ ျဖစ္၍ ေက်းရြာသားမ်ား ေဘးလြတ္ရာသို႔ ေရွာင္တိမ္းနိုင္ရန္ အေမရိကန္မွ ႀကိဳတင္ သတိေပး စနစ္မ်ား ေထာက္ပံ့ေပးရန္ကိုပါ ေတာင္းဆိုခဲ့သည္။
အေမရိကန္ တြင္ ထိုသို႔ ကူညီေပးရန္ သမၼတ အဆက္ဆက္ အခ်ိန္မ်ားစြာ ရေနနိုင္ေသာ္လည္း လုံးဝ အခ်ိန္မရ ေတာ့သည္က ျမန္မာ ျပည္သူမ်ားပင္ ျဖစ္သည္။
မၾကာမီက ထြက္ေပၚလာေသာ စစ္တမ္း မ်ားအရ တပ္ရင္း ေပါင္း ၂၃၀ ေက်ာ္ ရွိသည့္ ျမန္မာ စစ္တပ္တြင္ ၃၀ ခန႔္သာ ဖြဲ႕စည္းပုံ အျပည့္ ရွိေတာ့သည္ဟု သိရသည္။ ထပ္၍လည္း အင္အားျဖည့္တင္းနိုင္ျခင္း မရွိေတာ့၊ တပ္ကို စြန႔္ခြာ မႈမ်ား၊ အမိန႔္မနာခံ မႈမ်ား ႏွင့္ ျပည့္ႏွက္လာေနသည္။
တဖက္တြင္လည္း ႏွစ္ေပါင္း ၇၀ နီးပါးမၽွ တႀကိမ္တခါ မၽွ ပူးတြဲတိုက္ပြဲဝင္ျခင္း မရွိေသာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ား ပူးေပါင္းလာၾကသည္ကို ေတြ႕ရသည္ဟု ျမန္မာနိုင္ငံ ဆိုင္ရာ အိႏၵိယ သံအမတ္ႀကီးေဟာင္း Gautam Mukhopadhaya. က သူ၏ ေဆာင္းပါးတြင္ ေထာက္ျပထားခဲ့သည္။
မင္းေအာင္လွိုင္ သစၥာခံေသာ တပ္မ်ား ယခုလို အကြဲအျပဲမ်ား ႏွင့္ တိုင္ပတ္ေနသည့္ cul-de-sac အေနအထားတြင္ အမ်ိဳးသား ညီညြတ္ေရး အစိုးရမွ နိုင္ငံေရး၊ စစ္ေရး တြင္ အသာစီး ရလာေအာင္ ရသည့္ နည္းျဖင့္ အခြင့္ေကာင္းယူ လႈပ္ရွားရေတာ့မည္ ျဖစ္သည္။
ယခု အခါ နိုင္ငံတကာ ေထာက္ခံမႈမ်ား တိုး၍ ရေနေသာ္လည္း လက္နက္အင္အား ပိုင္းတြင္ ခ်ိဳ႕တဲ့လၽွက္ပင္ ရွိေနဆဲ ျဖစ္သည္၊ သို႔ေသာ္ နဲနဲ ႏွင့္ က်ဲက်ဲ ဝိုင္းၿပီး ရွိသည့္ အင္အားကို ရသမၽွ စု႐ုံးကာ ျဖစ္နိုင္သည့္ ေနရာမွ ထိုးေဖာက္ စစ္ဆင္ရေတာ့မည္ ျဖစ္သည္။
အကယ္၍ ျပႆာနာ ရွည္ၾကာေနမည္ ဆိုက အာဆီယံ အပါအဝင္ နိုင္ငံတကာက “ေအး ၿပီးေရာ” ဆိုကာ စစ္တပ္ ႏွင့္ အာဏာခြဲေဝေရး ေစ့ဆပ္ရန္ ဖိအားမ်ား ထြက္ေပၚလာနိုင္ဖြယ္ ရွိေနသည္။
ထိုသို႔ ျဖစ္လာသည္ ဆိုေစဦး စစ္တပ္သည္ ၎တို႔ အထက္စီးမွ ရွိေနသည္ဟု ယုံၾကည္ေနသမၽွ ယခင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားလို မည္သို႔မၽွ ေအာင္ျမင္နိုင္စရာ မရွိေပ။ လူထု အတြင္း သေဘာထား ကြဲလြဲလာျခင္းသာ အဖတ္တင္ေပလိမ့္မည္။
ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!
Hla soewai