မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ ထပ်တိုးပေးမည်ဟု အမေရိကန် ကြေညာ

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ ထပ်တိုးပေးမည်ဟု အမေရိကန် ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင် ရာအကူအညီ ဒေါ်လာသန်း ၅၀ ထပ်တိုးပေးမည်ဟု ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့်နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စားနပ်ရိက္ခာပိုမိုရှားပါးလာမှုများက ရှိရင်းစွဲလိုအပ်ချက်များနှင့်ပေါင်း စပ်လျက်ရှိသည့်ဒေသများအတွက် လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် အမေရိကန်ပြည် ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာလို အပ်ချက်များအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော် – လူသုံးဦးတွင် တစ်ဦးခန့် – သည် ယခု ၂၀၂၃ တွင် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များကိုလိုအပ်လျက်ရှိကြောင်း၊ USAID သည် ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှုကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့မှုတွင် လစဉ်စားနပ် ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ် ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက မြန်မာနိုင်ငံတစ်ဝန်းမှ အကူ အညီ လိုအပ်နေသာ ပြည်သူများအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေးအထောက်အပံ့များပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မြန်မာပြည်သူများအတွက် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအနာဂတ်ဆီသို့ ငြိမ်းချမ်းစွာရှေးရှုဆောင်ရွက်နေကြသူများကိုလည်း ချီးကျူးဂုဏ်ပြုအပ် ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ- Reuters

Zawgyi(version)

ျမန္မာျပည္သူမ်ားအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီ ေဒၚလာသန္း ၅၀ ထပ္တိုးေပးမည္ဟု အေမရိကန္ ေၾကညာ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၆

အေမရိကန္ျပည္ေထာင္စုက ျမန္မာျပည္သူမ်ားအတြက္ လူသားခ်င္းစာနာမႈဆိုင္ ရာအကူအညီ ေဒၚလာသန္း ၅၀ ထပ္တိုးေပးမည္ဟု ရန္ကုန္အေျခစိုက္ အေမရိကန္သံ႐ုံးက တရားဝင္ သတင္းထုတ္ျပန္ေၾကညာသည္။

ျမန္မာနိုင္ငံတြင္ တိုးျမင့္လာသည့္ေနရပ္စြန႔္ခြာရမႈမ်ား၊ လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ စားနပ္ရိကၡာပိုမိုရွားပါးလာမႈမ်ားက ရွိရင္းစြဲလိုအပ္ခ်က္မ်ားႏွင့္ေပါင္း စပ္လ်က္ရွိသည့္ေဒသမ်ားအတြက္ လူသားခ်င္းဆိုင္ရာအကူအညီအျဖစ္ အေရးေပၚစားနပ္ရိကၡာႏွင့္ အာဟာရအေထာက္အပံ့မ်ားအတြက္ အေမရိကန္ျပည္ ေထာင္စုသည္ အေမရိကန္နိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီ (USAID) မွတဆင့္ အေမရိကန္ေဒၚလာ သန္း ၅၀ ကို အသစ္ထပ္မံေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ကုလသမဂၢက လတ္တေလာထုတ္ျပန္ခဲ့သည့္ လူသားခ်င္းစာနာမႈဆိုင္ရာလို အပ္ခ်က္မ်ားအေပၚ ၿခဳံငုံသုံးသပ္ခ်က္အရ ျမန္မာနိုင္ငံတြင္ လူဦးေရ ၁၇ သန္းေက်ာ္ – လူသုံးဦးတြင္ တစ္ဦးခန႔္ – သည္ ယခု ၂၀၂၃ တြင္ လူသားခ်င္းစာနာမႈဆိုင္ရာအေထာက္အပံ့မ်ားကိုလိုအပ္လ်က္ရွိေၾကာင္း၊ USAID သည္ ကုလ သမဂၢ ကမၻာ့စားနပ္ရိကၡာအစီအစဥ္ႏွင့္အတူ ပဋိပကၡျဖစ္ပြားလ်က္ရွိေသာ ျပည္နယ္မ်ားမွ လူေပါင္း ၇၅၀,၀၀၀ ေက်ာ္ကို အာဟာရခ်ိဳ႕တဲ့မႈကုစားရန္ႏွင့္ ကာကြယ္ရန္ ကူညီနိုင္မည္ျဖစ္ေၾကာင္း၊ ယခုေထာက္ပံ့မႈတြင္ လစဥ္စားနပ္ ရိကၡာခြဲတမ္းမ်ားေပးအပ္ျခင္းႏွင့္ အသက္ငါးႏွစ္ေအာက္ကေလးငယ္မ်ား၊ ကိုယ္ ဝန္ေဆာင္မိခင္မ်ားႏွင့္ နို႔တိုက္မိခင္မ်ားအတြက္ အာဟာရျဖစ္စားသုံးကုန္မ်ားေပးအပ္ျခင္းမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရွိရသည္။

အေမရိကန္နိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီက ျမန္မာနိုင္ငံတစ္ဝန္းမွ အကူ အညီ လိုအပ္ေနသာ ျပည္သူမ်ားအတြက္ အေရးေပၚ အသက္ကယ္ဆယ္ေရးအေထာက္အပံ့မ်ားေပးအပ္ျခင္းကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာျပည္သူမ်ားအတြက္ အားလုံးပါဝင္နိုင္သည့္ ဒီမိုကေရစီအနာဂတ္ဆီသို႔ ၿငိမ္းခ်မ္းစြာေရွးရႈေဆာင္႐ြက္ေနၾကသူမ်ားကိုလည္း ခ်ီးက်ဴးဂုဏ္ျပဳအပ္ ေၾကာင္း ရန္ကုန္အေျခစိုက္ အေမရိကန္သံ႐ုံးက ထုတ္ျပန္ေၾကညာသည္။

ဓာတ္ပုံ- Reuters