ဧရာဝတီသား နဲ့ မြောက်ပိုင်း က ကချင်သူ တို့ကတောင်ပိုင်း ကရင်ပြည်နယ် မှာ ဖူးစာလာဆုံတယ် ❤️😍

ဧရာဝတီသား နဲ့ မြောက်ပိုင်း က ကချင်သူ တို့ကတောင်ပိုင်း ကရင်ပြည်နယ် မှာ ဖူးစာလာဆုံတယ် ❤️😍

ချစ်လားဆိုတာကို တိုက်ပွဲဖြစ်နေတဲ့ မြေပြင်ထိလိုက်လာပြီအတူတူရင်ဆိုင်ကျတယ်။

ကိုယ်ပါ ငုတ်တုတ်ထိုင်ကြွေမိတဲ့ အခိုက်ကတိုက်ပွဲကနေ ပြန်ရောက်လာတော့သောက်စားကျတယ် မူးမူးနဲ့သူတို့ စုံတွဲ ၂ ယောက် တစ်ယောက် တစ်ဖက် ပိုက်ကျော်ခြင်း ခတ်ကျတယ်ပေါ့

အဲ့မှာ ကချင်မ ဆာဗင် ထောင်လိုက်တဲ့ ခြင်း ကစည်းနားကပ်ကျော်ကျပြီး ဝေး တယ်

ကျွန်တော် အပါအဝင်ဘေးနားကြည့်နေတဲ့ သူတွေက ပါ စုံတွဲ ၂ ယောက် မူးမူးနဲ့ ပိုက်ကျော်ခြင်း ခတ်နေတာကို ကြည့်ရင်း ဝေး ဝေးတယ် ဆိူပြီး ပြောပြီးရီနေကျတာပေါ့။

အဲ့အချိန် မှာ ကချင်မ ကသူ့ ကောင်လေးကိုဘာထ ပြောလည်းဆိုတော့…

“ ဘာ ဝေးတာလည်းတဲ့ နီးချင်ရင် နီးအောင်လုပ်လို့ရတယ် , ငါတောင် အဝေးကြီးကနေ နင်နဲ့နီးရအောင် နင့်နားရောက်အောင် လာခဲ့တာ “ တဲ့

ဘေးမှာ ထိုင်ကြည့်နေတယ် ကိုယ်တွေ အာမေဋိတ် ပါ ထွက်ပြီး ထ အော်ကျရတယ်။

တစ်ကယ်လည်း ကချင်မ က အလုပ်နဲ့ သက်သေပြပြီး တစ်ကယ် စစ်ပွဲထဲ လိုက်လာတာဆိုတော့ဘာပြောရမလည်းဗျာ…. ဆွံ့အ မနေ့ကတော့

သူတို့ မင်္ဂလာပွဲကျွန်တော်တို့ ပြောင်းခင်းစခန်းရဲ့ ပထမဆုံး မင်္ဂလာပွဲ

သူများ wedding ကြည့်ပြီးဆောင်ချင်နေကျတာ အများကြီးပဲ 😅

ဒီလို အခြေအနေတွေဘာအချိန်ဘာဖြစ်မယ် မသိတဲ့ဘဝ မှာအခက်အခဲတွေကြားကနေ ချစ်သူနဲ့ ပေါင်းဖက်ခွင့်ရတာက အောင်မြင်မှု တစ်ခုလိုပါပဲကွာ

ဆက်လက်ပြီးဘာတွေပဲကြုံကြုံ ရင်ဆိုင်ပြီးချစ်ခြင်း မေတ္တာ အဓွန့်ရှည်စွာ ပေါင်းဖက်နိုင်ပါစေ

ငါတို့မှာ အားကျလျက်ပေါ့ 😅😅😅

တော်လှန်ရေးကြီးပီးဖို့ ‌‌ေ၀းသလားနီးသလားမေးနေကြသူတွေအတွက် ကချင်မ က အလုပ်နဲ့ သက်သေပြလိုက်ပြီ ❤️😍 😅

“ ဘာ ဝေးတာလည်းတဲ့ နီးချင်ရင် နီးအောင်လုပ်လို့ရတယ် , ငါတောင် အဝေးကြီးကနေ နင်နဲ့နီးရအောင် နင့်နားရောက်အောင် လာခဲ့တာ “ တဲ့😅

PaingMhuKoKo

Zawgyi(version)





ကျွန်တော် အပါအဝင်ဘေးနားကြည့်နေတဲ့ သူတွေက ပါ စုံတွဲ ၂ ယောက် မူးမူးနဲ့ ပိုက်ကျော်ခြင်း ခတ်နေတာကို ကြည့်ရင်း ဝေး ဝေးတယ် ဆိုပြီး ပြောပြီးရီနေကျတာပေါ့။










တော်လှန်ရေးကြီးပီးဖို့ ‌‌ဝေးသလားနီးသလားမေးနေကြသူတွေအတွက် ကချင်မ က အလုပ်နဲ့ သက်သေပြလိုက်ပြီ ❤️😍 😅
