အသံမိုင်းကွဲတာကို ထွက်ကြည့်တဲ့ စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

အသံမိုင်းကွဲတာကို ထွက်ကြည့်တဲ့ စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မုံရွာ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အဝင်ရပ်ကွက်ရှိ ရေဦးဆန်ဆိုင် စစ်ကောင်စီဂိတ်အနီး အသံမိုင်းကွဲတာကို လာထွက်ကြည့်တဲ့ စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် မနေ့ည ၈ နာရီခန့်မှာ စစ်ကောင်စီဂိတ်က စစ်ကောင်စီတပ်သားတွေ လမ်းပေါ်ထွက်လာဖို့ ရေဦးလမ်းကြား၊ ကွမ်းသီးဆိုင်နားမှာ အသံမိုင်း ၂ လုံးကို ဟန်ပြခွဲခဲ့တယ်လို့ Monywa the Boys အဖွဲ့ခေါင်းဆောင် ဒေါနမောင်မောင်က ပြောပါတယ်။

“သူတို့ထွက်လာအောင် တမင်အသံမိုင်းခွဲခဲ့တာ။ အဲဒီမှာ စကစ တပ်သား ၂ ယောက် ထွက်လာတာ မြင်တော့ ဝိုင်းပစ်တာ။ အပစ်ခံရတဲ့နေရာမှာပဲ လဲကျသွားတာ မျက်မြင်ပါ။ ပစ်ပြီးတာနဲ့ ကျနော်တို့ဘက်က ပြန်ဆုတ်လာတယ်။ သူတို့ဘက်ကတော့ တရစပ် ပစ်ကျန်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Monywa the Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack force၊ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄၊ အထူးစုံစမ်းစစ်ဆင်ရေး(Chindwin Attack force)၊ Spring Dove အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ နေရာမှာပဲ သေဆုံးသွားပြီး စစ်ကောင်စီဘက်က အလောင်းတွေကို ပြန်ကောက်သွားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို PDF တွေက ၁၂၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးတွေဟာ အဆောင်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

သတင်း − ကျော်ကြီး၊ စာတည်း − လင်း
#မြေလတ်အသံ

Zawgyi(version)

အသံမိုင္းကြဲတာကို ထြက္ၾကည့္တဲ့ စစ္သား ၂ ဦး ပစ္ခတ္ခံရၿပီး ေသဆုံး

မုံ႐ြာ၊ ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၃။

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕အဝင္ရပ္ကြက္ရွိ ေရဦးဆန္ဆိုင္ စစ္ေကာင္စီဂိတ္အနီး အသံမိုင္းကြဲတာကို လာထြက္ၾကည့္တဲ့ စစ္ေကာင္စီတပ္သား ၂ ဦး ပစ္ခတ္ခံရၿပီး ေသဆုံးသြားတယ္လို႔ သိရပါတယ္။

ေဖေဖာ္ဝါရီလ ၁၄ ရက္ မေန႕ည ၈ နာရီခန႔္မွာ စစ္ေကာင္စီဂိတ္က စစ္ေကာင္စီတပ္သားေတြ လမ္းေပၚထြက္လာဖို႔ ေရဦးလမ္းၾကား၊ ကြမ္းသီးဆိုင္နားမွာ အသံမိုင္း ၂ လုံးကို ဟန္ျပခြဲခဲ့တယ္လို႔ Monywa the Boys အဖြဲ႕ေခါင္းေဆာင္ ေဒါနေမာင္ေမာင္က ေျပာပါတယ္။

“သူတို႔ထြက္လာေအာင္ တမင္အသံမိုင္းခြဲခဲ့တာ။ အဲဒီမွာ စကစ တပ္သား ၂ ေယာက္ ထြက္လာတာ ျမင္ေတာ့ ဝိုင္းပစ္တာ။ အပစ္ခံရတဲ့ေနရာမွာပဲ လဲက်သြားတာ မ်က္ျမင္ပါ။ ပစ္ၿပီးတာနဲ႕ က်ေနာ္တို႔ဘက္က ျပန္ဆုတ္လာတယ္။ သူတို႔ဘက္ကေတာ့ တရစပ္ ပစ္က်န္ခဲ့တယ္” လို႔ ေျပာပါတယ္။

အဲဒီတိုက္ခိုက္မႈကိုေတာ့ Monywa the Boys၊ မုံ႐ြာခရိုင္ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္ Chindwin Attack force၊ တပ္ရင္း ၂၊ တပ္ရင္း ၃၊ တပ္ရင္း ၄၊ အထူးစုံစမ္းစစ္ဆင္ေရး(Chindwin Attack force)၊ Spring Dove အဖြဲ႕ေတြက ပူးေပါင္းတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

ပစ္ခတ္ခံရတဲ့ စစ္ေကာင္စီတပ္သား ၂ ဦးဟာ ေနရာမွာပဲ ေသဆုံးသြားၿပီး စစ္ေကာင္စီဘက္က အေလာင္းေတြကို ျပန္ေကာက္သြားတယ္လို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႕က မုံ႐ြာၿမိဳ႕ရွိ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကို PDF ေတြက ၁၂၀ မမေတြနဲ႕ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ လက္နက္ႀကီးေတြဟာ အေဆာင္ေတြေပၚကို က်ေရာက္ေပါက္ကြဲခဲ့ပါေသးတယ္။

သတင္း ေက်ာ္ႀကီး၊ စာတည္း လင္း
#ေျမလတ္အသံ