ပြည်တွင်းမှာ တိုက်ပွဲဝင်မဲ့ ရဲဘော်အင်အား သိန်းနဲ့ချီပြီရှိနေပြီလို့ ပြောလာတဲ့ ပြည်သူချစ် သရုပ်ဆောင် မင်းမော်ကွန်း
ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်းဟာ လတ်တလောမှာတော့ မိသားစုနဲ့အတူ ဩစတြေးလျ နိုင်ငံကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။
မင်းမော်ကွန်းဟာ ဩစတြေးလျကိုရောက်နေပေမယ့်လဲ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ပြည်သူတွေအတွက်တတ်နိုင်တဲ့နေရာငနေဆက်လက်ကြိုးပမ်းဆောင်ရွက် နေတာပဲဖြစ်ပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာပြုလုပ်တဲ့ “စစ်အာဏာရှင်ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့”ကံစမ်းမဲလက်မှတ်များကို နွေဦးတော်လှန်ရေးအောင်မြင်‌ရေးအတွက် ကံစမ်းမဲလက်မှတ်ရောင်းချပွဲကို အားသွန်ခွန်စိုက်ကိုယ်တိုင်ဦးဆောင်ရောင်းချပေးနေတာပဲဖြစ်ပါတယ်။
အမေ့ဝတ်စုံ ကံစမ်းမဲ လက်မှတ် ရောင်းချပွဲမှာ သရုပ်ဆောင် မင်းမော်ကွန်းက ပြည်တွင်းမှာ တိုက်ပွဲဝင်မဲ့ ရဲဘော်အင်းအားသိန်းနဲ့ချီရှိနေပြီဖြစ်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။ မင်းမော်ကွန်းက ” ကျွန်တော်တို့ ပြည်တွင်းမှာ တပ်ရင်းရပြီးသားတိုက်ဖို့ စောင့်နေကြတဲ့ အင်းအားကိုအများကြီး သိန်းဂဏန်းချီပြီးတော့ ရှိနေပါတယ်။
ပြည်သူတွေက သူတို့စီမှာ တိုက်စရာလက်နက်မရှိလို့ မတိုက်နိုင်သေးတဲ့အနေအထားဖြစ်ပါတယ်။ဒီလူတွေအားလုံးလက်နက်ကိုယ်စီရသွားပြီဆိုရင် ကျွန်တော်တို့က စစ်မျက်နှာတွေအများကြီး ဖွင့်နိုင်ပြီ။စစ်မျက်နှာတွေဖွင့်နိုင်တာနဲ့အတူ စစ်ကောင်စီကို လှလှပပ တပြည်လုံးအတိုင်းအတာနဲ့ ဒုက္ခတွေပေးနိုင်မှာပဲဖြစ်ပါတယ်။
အဲ့လိုမြန်မြန်တိုက်နိုင်မှ လဲ တော်လှန်ရေးက မြန်မြန်ပြီးမှာပဲဖြစ်ပါတယ်။မဟုတ်လို့ဆိုရင် ကျွန်တော်တို့ ပြည်သူတွေတစ်နေ့တက်တစ်နေကြပ်တည်းလာမယ် ဒုက္ခတွေရောက်လာမယ်
သူရဲကောင်းတွေ စတေးခံရမယ်။ ဒီဒုက္ခတွေက လူတိုင်းကြုံတွေ့နေရမှာဖြစ်ပါတယ်” လို့ပြောလာခဲ့ပါတယ်။အမေ့ဝတ်စုံ ကံစမ်းမဲ လက်မှတ် ရောင်းချပွဲမှရရှိတဲ့ ငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့
ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေအတွက် (၅၀)% လှူဒါန်းပြီး နောက်ထပ် (၂၅)% ကိုတော့ မြို့ပြ (UG) တွေ PDF အတွက် အသုံးပြုမှာဖြစ်ပြီးတော့ကျန်(၂၅)% ကိုတော့ တော်လှန်ရေးမှာ ကိုလက်အင်္ဂါတွေ ဆုံးရှုံးခဲ့ကြတဲ့ ရဲဘော်တွေအတွက် အသုံးပြုသွားမယ်လို့လဲ ပြောခဲ့ပါတယ်။\\
“စစ်အာဏာရှင်ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့” ကံစမ်းမဲလက်မှတ်ရောင်းချရာမှ အမေရိကန်ဒေါ်လာ 1 million ရဖို့ရည်မှန်းထားပြီးလက်မှတ်များကိုလည်း စက်တင်ဘာလကုန်ထိ ဆက်လက်ရောင်းချပေးမှာဖြစ်တဲ့အကြောင်း ပြည်သူချစ် သရုပ်ဆောင်မင်းမော်ကွန်းက ပြောလာခဲ့ပါတယ်။
credit,
Zagyi(version)
သရုပ်ဆောင် မင်းမော်ကွန်းဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာပြုလုပ်တဲ့ စစ်အာဏာရှင်ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့ကံစမ်းမဲလက်မှတ်များကို နွဦေးတော်လှန်ရေးအောင်မြင်ရေးအတွက် ကံစမ်းမဲလက်မှတ်ရောင်းချပွဲကို အားသွန်ခွန်စိုက်ကိုယ်တိုင်ဦးဆောင်ရောင်းချပေးနေတာပဲဖြစ်ပါတယ်။
credit,