အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ပေါ်မှ MOGE ဖယ်ရှားခံရ

အောင်ပွဲအဆုံးသတ်က လေယာဉ်ပ-စ် UN R2P မဟုတ်ဘူး ဒါဗျ ဒါ..အောင်တော့မယ်ဟေ့ ဒါက ပထမခြေလှမ်းပဲ ✊🏻✊🏻

ခြုံပြောရရင် ယခုမြန်မာ့အရေး ပြီးသွားချင်ရင် လုပ်စရာ နှစ်ခုပဲရှိတယ် အလွယ်လေး

🪀အာဆီယံက NUG ကို အသိမှတ်ပြု လက်ခံလိုက်

🪀 US က NDAA အရ MOGE ကို ပိတ်ဆို့လိုက်

ဒ့ါဆို ခုပွဲ ပြီးပြတ်သွားပါလိမ့်မယ် ခုကြ ဘာကြောင့်မလုပ်သေးလဲဆို နောက်ကွယ် အကျိုးမြတ် အကျိုးစီးပွားတွေကြောင့်ပါပဲ

ဒီတော့ နိုင်ငံရေး စစ်ရေးတွေ ဘယ်လောက်သူံးသပ်နေပါစေ အနီးဆူံးဓားနဲ့ အဖြေက မိမိတို့ရှေ့ အနားမှာ တွေ့မြင် ရှိနေပါလျက် အဝေးကြီးတွေ မြင်တွေးဆ သုံးသပ်နေရတာတွေက မဖြစ်သင့်တော့သလို မတန်ဘူးလို့ ခံစားလာရတယ်

တနည်း နိုင်ငံရေးကစားနေမှု ရှေ့တမျိုး နောက်ကွယ်အရာတွေကြောင့် လိမ်ညာနေတယ်လို့ ခံစား မြင်မိလာတယ်

လုပ်ရရဲ့သား ဘာကြောင့်မလုပ်တာလဲ အကြောင်းပြနေလဲဆိုပြီး ခံပြင်းမိတယ်

အကယ်၍ အာဆန်က NUG ကို လက်ခံ US က MOGE ကို ပိတ်လိုက်ရင် ရပေမယ့်

ထိုချိန်ဆို တျူတ် ရုရှားအားကိုးနဲ့ မီးကုန်ရမ်းကြမ်းလာမည့် စစ်တပ်ယုတ်ကွက်ကို ထိန်းနေရမှုရယ် သို့ ချက်ခြင်းပြိုလဲစေမည့် အရေးမှာ နောက်ကွယ်အကျိုးစီးပွားနဲ့ ထိန်းချုပ်ပြီး နိုင်ငံရေး ကစားနေမှု သို့ မိီ့ကုန်မရမ်းစေဖို့ ဖြေးညှင်း ပြိုဆင်းစေဖို့လုပ်နေမှုက အဖြေမထွက် ပိုဆိုးရွား တောင့်ခံနိုင်နေတယ်ဆိုတာ US နဲ့ အာဆန် UN သိသင့်ပြီ ထင်၏

ခုကြ ရှေ့တမျိုး နောက်ကွယ်ရာတမျိုးနဲ့ အိပ်ပေါက်နဲ့ ဖားကောက်နေသလို လုပ်ပုံက မဟုတ်သေးဘူး ဒီတော့ ခုအချက်တွေ အမြန် အကောင်ထည်ဖော်မှရမယ်/ ဖော်စေ့ချင်သည်/ ဖော်လိုက်ရင် မြန်မာ့အရေး နေ့မကူးဘူး ပြီးတယ် !( မနေ့ကတင်ထားတဲ့ပို့စ်)

ခု..Haumb ပေးထားပြီ ပိတ်ဆို့လိုက်ရင် ပြီးပြီဗျို့ အမြန်လုပ်စေချင်

#မင်းကြည်ညိုနေ 🕊️👇👇👇

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ပေါ်မှ MOGE ဖယ်ရှားခံရ

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ပေါ်မှ MOGE ဖယ်ရှားခံရ ကြောင်း Justic for Myanmar က သတင်းထုတ်ပြန်သည်။

အမေရိကန် ရေနံလုပ်ငန်း၏ ဝန်ဆောင်မှုကုမ္ပဏီများအကြောင်း ဖော်ထုတ်ရေးသား ထောက်ပြပြောဆိုပြီး နောက်တွင် ယင်းသို့ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု Justic for Myanmar က ဆိုသည်။

” အမေရိကန်အစိုးရ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုစီမံရေးအဖွဲ့က သူတို့ဝဘ်ဆိုဒ် ပေါ်က မြန်မာနိုင်ငံစီးပွားရေး လမ်းညွှန်အောက်မှာပါတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္႑စာမျက်နှာကို ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်” ဟု Justic for Myanmar က ပြောသည်။

ယင်းစာမျက်နှာတွင် ယခင်က မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္႑ကို အမေရိကန်ရင်းနှီးမြှုပ်နှံသူများအတွက် အရေးပါပြီး အခွင့်အလမ်းကောင်းများ ရှိသော အလားအလာအကောင်းဆုံးကဏ္႑အဖြစ် ဖော်ပြထားသည်။

အဆိုပါ စာမျက်နှာတွင် ရှာဖွေတူးဖော်ခြင်း၊ ဖြစ်နိုင်ခြေလေ့လာခြင်း၊ ကုန်းတွင်းနှင့် ကမ်းလွန်တူးဖော်ရေး၊ ကုန်ချောလုပ်ဆောင်ခြင်း၊ စက်ယန္တရားနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ပံ့ပိုးသည့် လုပ်ငန်းများ အပါအဝင် အခွင့်အလမ်းများကို ဖော်ပြထားပြီး ပြည်ပ ကုမ္ပဏီများကို စစ်အုပ်စု၏ တင်ဒါများတွင် တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင်ရယူရန် အကြံပြုချက်များကိုလည်း ဖော်ပြခဲ့သည်။

သို့သော် MOGE ကို ဝက်ဘ်ဆိုက်မှ ဖယ်ရှားရုံမျှသာမကဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းလုပ်ဆောင်ရန် Justic for Myanmar က တိုက်တွန်းသည်။

” ဘိုင်ဒင်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဝိရောဓိဖြစ်တဲ့ချည်းကပ်မှုနဲ့ MOGE အပေါ် ဒဏ္ခတ္ပိတ္ဆို့ဖို့ ပျက်ကွက်တာတွေက အမေရိကန်aရနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ပုံမှန်အတိုင်း စီးပွားရေးတွေလုပ်ဆောင်ပြီး၊ စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်စေဖို့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဖို့ အမေရိကန်အစိုးရကို တောင်းဆိုပါတယ်” ဟု JFM က ဆိုသည်။

စစ်ကောင်စီက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှတဆင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္႑ကို ထိန်းချုပ်ထားပြီး အကျိုးအမြတ်များပြားသည့် အခွန်အခနှင့် ရေနံတူးဖော်ခများ၊ စီမံကိန်းအမြတ်ဝေစုများကို ရရွိ နေသည်။

MOGE ကို ပိတ်ဆို့အရေးယူရန် အဖွဲ့အစည်းများက တစိုက်မတ် မတ် တောင်းဆိုလျက်ရှိသော်လည်း မည်သည့်နိုင်ငံကမျှ အရေးယူခြင်း မရှိသေးပေ။