အဟေးးးး ပြောသားပဲ အပြောမကြီးနဲ့ အနီးကပ်ကြရင် တေ့ဖြု-တ်မှာလို့ မငိုကြနဲ့လို့
ခေါင်းစဉ်ကိုက ခဝေးတွေအတွက်သီးသန့် ရိုအရေးဂျီ-နိုဆို-က်နဲ့ ကျန်သူတွေသာ စစ်ရေး အစီစဉ် ဘာညာနဲ့ ခုတော့ လစ်ပဲ
အားရထှာ ကျေနပ်တော့ ခေါင်းရီးတို့ အနေထားက ယတြာမနိုင် မိကြူကိုင်ပဲ အဲ အလံတိုင်ပြောတာ 😄
” US ဦးဆောင်ပြီး ထိုင်းက အိမ်ရှင်အဖြစ်ကျင်းပမယ့် Cobra Gold 2023 စ-စ်ရေးလေ့ကျင့်မှုအစီအစဉ်မှာ မြန်မာ ပါဝင်ခွင့်မရ ”
ဘယ်ရမလဲထိုင်းရယ် အမေရိကန်ကိုအာခံမရဲဖျင်တုန်အောင်ကြောက်နေတာ
#မင်းတော်ဝင် Ⓜ️
ထိုင်းက အိမ်ရှင်အဖြစ်ကျင်းပမယ့် Cobra Gold 2023 စစ်ရေးလေ့ကျင့်မှုအစီအစဉ်မှာ မြန်မာ ပါဝင်ခွင့်မရ
ဖေဖော်ဝါရီ ၁၅
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ရှိတဲ့ Cobra Gold 2023 စစ်ရေးလေ့ကျင့်မှုအစီအစဉ်မှာ မြန်မာနိုင်ငံက ပါဝင်ခွင့်ရမှာမဟုတ်ဘူးလို့ သတင်းဖော်ပြချက်များအရ သိရပါတယ်။
ထိုင်းနဲ့ အမေရိကန်တို့ဦးဆောင်ပြီး Cobra Gold 2023 စစ်ရေးလေ့ကျင့်မှုအစီစဉ်ကို လာမယ့် ဖေဖော်ဝါရီလ ၂၇ရက်နေ့ကစပြီး မတ်လ ၁၀ရက်နေ့အထိ ကျင်းပပြုလုပ်သွားဖို့ရှိတာဖြစ်ပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်မှုအစီစဉ်မှာ နိုင်ငံပေါင်း ၃၀မှ တပ်ဖွဲ့ဝင်ပေါင်း ၇၃၉၄ဦး ပါဝင်မှာဖြစ်သော်လည်း မြန်မာနိုင်ငံကတော့ ပါဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲအရာရှိ ဗိုလ်ချုပ် Thitichai Tiantong က ဆိုပါတယ်။
“ထိုင်ခုံအရေအတွက် ကန့်သတ်ထားတာကြောင့် ဒီလေ့ကျင့်မှုအစီအစဉ်မှာ မြန်မာနိုင်ငံကို ပါဝင်ဖို့ ဖိတ်ကြားထားတာမရှိပါဘူး”လို့ ဗိုလ်ချုပ် Thitichai Tiantong ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြည်ပသတင်းတွေက ဖော်ပြထားပါတယ်။
အဓိက စစ်ရေးလေ့ကျင့်မှု ၇ခုမှာ ထိုင်း၊ အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ ပါဝင်မှာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေး လေ့ကျင့်ခန်း ၃ခုမှာ တရုတ်၊ ဩစတြေးလျနဲ့ အိန္ဒိယတို့ ပါဝင်တာလည်းဖြစ်ပါတယ်။

Zawgyi(version)
#မင်းတော်ဝင်
ဖေဖော်ဝါရီ ၁၅