အဟေး ဟေး ဟေးးး လာကုန်ပြီ လာကုန်ပြီဟေ့ ..

အဟေး ဟေး ဟေးးး လာကုန်ပြီ လာကုန်ပြီဟေ့ ..

မိုဒီလည်း ငိုပြီပေါ့နော် ခုတော့ ဘာတတ်နိုင်သေးလဲ မောင်အနှဲ ဟမ် ..

US ဒုဝန်နဲ့ ဝန်ကြီး ဒေါ်ဇင်မာအောင် ထပ်တွေ့ NUG ရုံးခန်းဖွင့်အပြီး မိုဒီပါ နောက်ဆုတ်ရပြီလေ ဟေးးးး

” မဏိပူရ်ပြည်နယ်အစိုးရက မြန်မာစစ်ဘေးရှောင်တွေကို ယာယီခိုလုံခွင့်ပြုတော့မယ် ”

၂၀၂၃ ကတော့ အားလုံး sweet dream , sweet home , အိမ်ပြန်ရမည့် အောင်ပွဲအဆုံးသတ် Luck 7 နှစ်ပါပဲဆိုတာ ပိုပိုပြီး ထင်ရှား သက်ဝင် လှလာနေပါပြီလေ

အရေးတော်ပုံ အောင်ရမည်

စစ္‌ေ-ခြး နိဂုံး ၂၀၂၃

တော်လှန်နှစ်သစ် အောင်ပွဲ ဖြစ်စေ

NUG က US မှာ ရုံးခန်းဖွင့်လိုက်ရော !

🪀 စလုံးက မြန်မာကို လန-က်မရောင်းတာကြာပြီ ထပြောတယ်

🪀 ထိုင်းက ပူးတွဲစ-စ်ဆင်ရေး မဖိတ်တော့ဘူး ပြောတယ်

🪀 မလေးက NUG နဲ့ ဆက်ဆံသင့်ပြီ ဖြစ်ကြောင်းပြောတယ်

🪀 အင်ဒိုက မြန်မာ့အရေး အားလုံး ပူးပေါင်း လုပ်ဆောင်မှ ရမယ် ဆိုနေတယ်

🪀 UN က မက် ၁၅ ရက်နေ့ စကစကို ပေးထားတဲ့ Limit နဲ့ Order အတွက် အဆင်မပြေကြောင်း မအလ မလိုက်နာကြောင်း တင်ပြရတော့မယ်

🪀 US က မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့ MOGE ဝက်ဆိုက်ကို ဖြုတ်ချပြီး ပိတ်ဆို့ဖို့ သတိပေးနေတယ်

🪀 ထိုင်း မလေး ကမ္ဘောဒီးယားက တိုးတိတ်နဲ့ NUG ကို အသိမှတ်ပြုကြောင်း ပြောထားတယ်

🪀 ထိုင်းမှာ NUG သံရူံးဖွင့်ဖို့ ‌ဆွေးနွေး အကောင်ထည်ဖော် လုပ်နေကြတယ်

🪀 အခြားနိုင်ငံတွေမှာလည်း ရုံးခန်းဖွင့်ပြီး ပူးပေါင်းဆောင်ရွက် အသိမှတ်ပြုဖို့ အကောင်ထည်ဖော် လုပ်ဆောင်နေတာ အောင်မြင်နေတယ်

🪀 ပြင်သစ်မင်းသမီးကြီးနဲ့ အမေရိကန်အဆိုတော် ရီဟားနားက မြန်မာအတွက် ကူညီပေးရေးနဲ့ ပိတ်ဆို့ရေးတွေအတွက် ဖိအားပေး တိုက်တွန်း‌ ပြောဆိုပေးနေတယ်

ကဲ ဘာလိုသေးလဲ အချစ်ရယ် လာပါ ဒေါက်ဖိန-ပ် သီချင်းလေးနဲ့ ကကြပြီး အနမ်းများနဲ့ပွေ့ဖက် တော်လှန်နှစ်သစ်အောင်ပွဲဖြစ်ဖို့ ၂၀၂၃ End Game ကို ကြိုဆိုကြမယ် ခမ်းနားစွာ လှပစွာ !

#မင်းကြည်ညိုနေ 🕊️

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်က ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းတွေက မြန်မာစစ်ဘေးရှောင်တွေကို ယာယီနေထိုင်ခွင့်ပြုဖို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုရာမှာ ဝန်ကြီးချုပ်က သဘောတူခဲ့တယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

” စစ်ရှောင်ကတ်ထုတ်ပေးပြီးရင်တော့ မီဇိုရမ်ပြည်နယ်မှာလို နေထိုင်လို့ရတော့မယ်” လို့ မြန်မာစစ်ရှောင်တဦးက ပြောပါတယ်။

ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အစိုးရက စစ်အာဏာသိမ်းကတည်းက မြန်မာစစ်ရှောင်တွေကို နေထိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

မဏိပူရ်ကတော့ မီဇိုရမ်ပြည်နယ်နဲ့ ထိစပ်တဲ့ဒေသတခုဖြစ်သလို မြန်မာဘက်က ကလေး၊ မော်လိုက်၊ တမူး စတဲ့ စစ်ကိုင်းတိုင်းဒေသတွေနဲ့ နယ်စပ်တလျှောက်ထိစပ်နေတဲ့ အိန္ဒိယဘက်က ပြည်နယ်တခုဖြစ်ပြီး အဲ့ဒီနယ်မြေတွေထဲ မြန်မာဘက်ကနေ ခိုလှုံနေကြသူအများစုဟာ စစ်ကိုင်းတိုင်းဒေသခံတွေ ဖြစ်ပါတယ်။

မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က အခုလိုသဘောတူခဲ့တာကို စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ Burma Refugee Committee Kabaw Valley အဖွဲ့နာယက ဦးထန်ဆေးက ခေါနုသုမ်မီဒီယာကို ဖြေကြားထားတာတွေ့ရပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ တရားဝင်အမိန့်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကို ရောက်ရှိနေတဲ့ သူတွေဟာ တရားမဝင်ခိုးဝင်တဲ့သူတွေမဟုတ်ဘဲ အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေဖြစ်တဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်အဖြစ် သတ်မှတ်ပေးဖို့ ၊ မီဇိုရမ်ပြည်နယ်လိုပဲ ဒုက္ခသည်အသိမှတ်ပြုကတ်ထုတ်ပေးဖို့၊ ဖမ်းထားတဲ့ စစ်ဘေးရှောင်တွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဗမာပြည်ကိုပြန်မပို့ဖို့ ဆိုတဲ့အချက်လေးချက်ကို Burma Refugee Committee Kabaw Valley အဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အဆိုပါကော်မတီက တောင်းဆိုအပြီး တပတ်လောက်အကြာမှာ မိုရေးမြို့အခြေစိုက် အရပ်ဖက်အဖွဲ့စည်းတွေဖြစ်တဲ့ Hill Tribal Council ၊ Kuki Students Organi zation ၊ Kuki Women Union and Human right ၊ Model Youth Club နဲ့ Kuki Khanglai Lawmpi အဖွဲ့အစည်းငါးဖွဲ့က မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်ဆီ ထပ်ပြီး စာရေးသား ပေးပို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မဏိပူရ်ပြည်နယ်အစိုးရဟာ မိုရေးမြို့နယ် လန်းချန်းကျေးရွာနဲ့ နီးယူဆလ်ဘုန်းကျေးရွာမှာ ခိုလှုံနေကြတဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ် ကိုးဦး အပါအဝင် မြန်မာစစ်ဘေးရှောင်အယောက် ၈၀ ကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အင်ဖာအကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားပါတယ်။

ချူရချမ်ပူရ်ခရိုင် နယူးလန်ကားမြို့ Vaal ရပ်ကွက် မှာ ယက္ကန်းလုပ်ငန်းလုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကိုလည်း မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးရှောင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် Burma Refugee Committee Kabaw Valley နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်နေတယ်တယ်လို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံဘက်ရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေကိစ္စနဲ့ ပတ်သက်ပြီး ဇန်နဝါရီလက အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီဆွေးနွေးခဲ့သလို အိန္ဒိယအစိုးရနဲ့ NUG နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ စစ်ရှောင်ကိစ္စနဲ့ပတ်သက်ပြီး မဏိပူရ်ပြည်နယ် လွတ်တော်အမတ်တချို့၊ တာနိုပါးခရိုင် ဝန်နဲ့ မဏိပူရ် ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။