မန္တလေးမှာ အိမ်တွေဖျက်ဆီးဖို့လာတဲ့ လူမိုက်အဖွဲ့ကို ပြန်ခုခံတဲ့ပြည်သူတွေကို ဘက်ဟိုးဖျက်ဆီးမှုနဲ့ အမှုဖွင့်…

မန္တလေးမှာ အိမ်တွေဖျက်ဆီးဖို့လာတဲ့ လူမိုက်အဖွဲ့ကို ပြန်ခုခံတဲ့ပြည်သူတွေကို ဘက်ဟိုးဖျက်ဆီးမှုနဲ့ အမှုဖွင့်

MFP ၊ စက်တင်ဘာ – ၁

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်ထဲမှာ ပြည်သူတွေနေအိမ်ဖျက်ဆီးဖို့ကြိုးပမ်းတဲ့ ဘက်ဟိုး မီးရှို့ဖျက်ဆီးခံရတဲ့အတွက် မီးရှို့သူတွေကို အရေးယူပေးဖို့ ကုမ္ပဏီဘက်က ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၃၀)ရက် မွန်းလွဲပိုင်းမှာ ၁၃၁ လမ်းတောင်ဘက်၊ ၄၉ လမ်းနဲ့ လမ်း ၅၀ ကြား၊ ဇီးအုပ်ကွက်သစ် (ဋ) ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် အပါအဝင် ပျူစောထီး အမည်ခံ ရပ်ကွက်လူမိုက် အယောက် (၃၀)လောက်က လာရောက်ဖျက်ဆီးကြတာဖြစ်ပြီး လူမိုက်တွေက ပြည်သူတွေကို ဝိုင်းဝန်းရိုက်နှက်လာတဲ့အတွက် နေအိမ်ဖျက်ဆီးခံရတဲ့ပြည်သူတွေက ပြန်လည်ခုခံရာမှာ လူမိုက်တွေ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဘက်ဟိုးကလည်း ပြည်သူတွေကို ရမ်းကားတိုက်ခိုက်ခဲ့ပြီး လူမိုက်တွေထွက်ပြေးသွားပြီးနောက် ကျန်ရစ်တဲ့ ဘက်ဟိုးမောင်းသူနှစ်ယောက်ကို ပြည်သူတွေက ဖမ်းဆီးကာ ဘက်ဟိုးကို မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ဘက်ဟိုးမောင်းသူတွေကိုတော့ ပြည်သူတွေက ဘာမှမလုပ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတို့က ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကို ကုမ္ပဏီဘက်က ရဲစခန်းကို အမှုဖွင့်တိုင်ကြားရာမှာတော့ ကုမ္ပဏီမြေတူးစက်(ဘက်ဟိုး)နဲ့ လှိုင်းကျင်းတူးဖော်နေစဉ် အမည်မသိ လူ (၂၀)ဦးခန့်က လေးခွ၊ တုတ်၊ ဓားတွေနဲ့ ရောက်ရှိလာပြီး ညစ်ညမ်းစွာ ဆဲဆိုနေတာကြောင့် ဘက်ဟိုးကို လမ်းပေါ်မှာ ရပ်တန့်ထားစဉ် မီးရှို့ခံရတာလို့ တိုင်ကြားထားပါတယ်။

မီးရှို့ဖျက်ဆီးတာနဲ့ ညစ်ညမ်းစွာ ဆဲဆိုခံရတယ်ဆိုပြီး ကုမ္ပဏီတာဝန်ရှိသူက ပြည်သူတွေကို အမှုဖွင့်အရေးယူပေးဖို့အတွက် ပြည်ကြီးတံခွန်မြို့နယ် စက်မှုရဲစခန်းမှာ ပုဒ်မ ၂၃၇/၂၉၄/၃၂၅/၄၃၂/၁၁၄ တို့နဲ့ တိုင်ကြားထားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Zawgyi(version)

မႏၱေလးမွာ အိမ္ေတြဖ်က္ဆီးဖို႔လာတဲ့ လူမိုက္အဖြဲ႕ကို ျပန္ခုခံတဲ့ျပည္သူေတြကို ဘက္ဟိုးဖ်က္ဆီးမႈနဲ႕ အမႈဖြင့္

MFP ၊ စက္တင္ဘာ – ၁

မႏၱေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ဇီးအုပ္ကြက္သစ္ထဲမွာ ျပည္သူေတြေနအိမ္ဖ်က္ဆီးဖို႔ႀကိဳးပမ္းတဲ့ ဘက္ဟိုး မီးရွို႔ဖ်က္ဆီးခံရတဲ့အတြက္ မီးရွို႔သူေတြကို အေရးယူေပးဖို႔ ကုမၸဏီဘက္က ရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ သတင္းရင္းျမစ္အခ်ိဳ႕ဆီက သိရပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ (၃၀)ရက္ မြန္းလြဲပိုင္းမွာ ၁၃၁ လမ္းေတာင္ဘက္၊ ၄၉ လမ္းနဲ႕ လမ္း ၅၀ ၾကား၊ ဇီးအုပ္ကြက္သစ္ (ဋ) ရပ္ကြက္မွာရွိတဲ့ ေနအိမ္ေတြကို ကံႀကီးကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ျမင့္လြင္ အပါအဝင္ ပ်ဴေစာထီး အမည္ခံ ရပ္ကြက္လူမိုက္ အေယာက္ (၃၀)ေလာက္က လာေရာက္ဖ်က္ဆီးၾကတာျဖစ္ၿပီး လူမိုက္ေတြက ျပည္သူေတြကို ဝိုင္းဝန္းရိုက္ႏွက္လာတဲ့အတြက္ ေနအိမ္ဖ်က္ဆီးခံရတဲ့ျပည္သူေတြက ျပန္လည္ခုခံရာမွာ လူမိုက္ေတြ ထြက္ေျပးသြားၾကတယ္လို႔ ေဒသခံေတြက ေျပာဆိုပါတယ္။

ဘက္ဟိုးကလည္း ျပည္သူေတြကို ရမ္းကားတိုက္ခိုက္ခဲ့ၿပီး လူမိုက္ေတြထြက္ေျပးသြားၿပီးေနာက္ က်န္ရစ္တဲ့ ဘက္ဟိုးေမာင္းသူႏွစ္ေယာက္ကို ျပည္သူေတြက ဖမ္းဆီးကာ ဘက္ဟိုးကို မီးရွို႔ဖ်က္ဆီးခဲ့ၾကတာ ျဖစ္ပါတယ္။ ဘက္ဟိုးေမာင္းသူေတြကိုေတာ့ ျပည္သူေတြက ဘာမွမလုပ္ဘဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးက လာေရာက္ေခၚေဆာင္သြားခဲ့တယ္လို႔ ေဒသခံတို႔က ဆိုပါတယ္။

အဲဒီျဖစ္စဥ္ကို ကုမၸဏီဘက္က ရဲစခန္းကို အမႈဖြင့္တိုင္ၾကားရာမွာေတာ့ ကုမၸဏီေျမတူးစက္(ဘက္ဟိုး)နဲ႕ လွိုင္းက်င္းတူးေဖာ္ေနစဥ္ အမည္မသိ လူ (၂၀)ဦးခန့္က ေလးခြ၊ တုတ္၊ ဓားေတြနဲ႕ ေရာက္ရွိလာၿပီး ညစ္ညမ္းစြာ ဆဲဆိုေနတာေၾကာင့္ ဘက္ဟိုးကို လမ္းေပၚမွာ ရပ္တန့္ထားစဥ္ မီးရွို႔ခံရတာလို႔ တိုင္ၾကားထားပါတယ္။

မီးရွို႔ဖ်က္ဆီးတာနဲ႕ ညစ္ညမ္းစြာ ဆဲဆိုခံရတယ္ဆိုၿပီး ကုမၸဏီတာဝန္ရွိသူက ျပည္သူေတြကို အမႈဖြင့္အေရးယူေပးဖို႔အတြက္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈရဲစခန္းမွာ ပုဒ္မ ၂၃၇/၂၉၄/၃၂၅/၄၃၂/၁၁၄ တို႔နဲ႕ တိုင္ၾကားထားတယ္လို႔ သတင္းရင္းျမစ္ေတြဆီက သိရပါတယ္။