ဘုရားစေတီပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတချို့ သရဲခြောက်ခံရမှုကြောင့် တပ်ပြန်ဆုတ်သွား..

ပုသိမ်မြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတချို့ တပ်ပြန်ဆုတ်သွား၊ တပ်စွဲနေစဥ်က သရဲခြောက်ခံရမှုကြောင့် စစ်သားတွေ စိတ်ကစဥ့်ကလျားဖြစ်ခဲ့ကြောင်း ဒေသခတွေပြော

ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်းက ဘုရားစေတီ၊ ဓမ္မာရုံတချို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးတဲ့တဲ့လပိုင်းက ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြွး တပ်စွဲစဥ်ကာလမှာ သရဲခြောက်ခံရမှုကြောင့် စစ်သားတွေစိတ်ကစဥွကလျားဖြစ်ခဲ့ကြောင်း ပုသိမ်ဒေသခံတေ ပြောပါတယ်။

ပုသိမ်မြို့ပေါ် ရပ်ကွက်တွေထိပ်မှာရှိတဲ့ ဘုရားကျောင်းတွေ၊ စေတီတွေနဲ့ စာသင်ကျောင်းတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရရှိရေး တောင်းဆိုသူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချို့ဟာ တပ်စွဲတဲ့နေရာတွေမှာ အရက်သေစာသောက်စားပြီး ရမ်းကားဆဲဆိုမှု တွေကြောင့် သရဲခြောက်တာတွေခံခဲ့ရသလို စိတ်ကစဥ့်ကလျားတွေဖြစ်ခဲ့ကြတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ သူတို့က နေတာက နေချင်သလိုနေတာလေ၊ မူးလာရင် အဝတ်အစားမဝတ်ဘဲနဲ့ အိပ်တာမျိုးတွေ ဆဲတာမျိုးတွေလုပ်တော့ မြင်အပ် မမြင်အပ်တဲ့ ပိုင်ရာဆိုင်ရာတွေက ပညာပေးတာမျိုးပေါ့၊ ဘယ်လိုမျိုးလဲဆို‌တော့ ညဘက် အထဲမှာအိပ်နေရင် မနက် အပြင်မှာရောက်နေတာမျိုးတွေ၊ ခြေထောက်တွေဘာတွေက အကောင်ကြီး ကနေ နောက်နေ့ ဆေးခန်းသွားပြရလောက်အောင် ကိုက်ခဲတာတွေ၊ အဲ့တာမျိုးတွေပေါ့” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ ရပ်ကွက်တွေထဲ တပ်စွဲထားတဲ့ အမှတ် ၇ ရပ်ကွက်ထိပ်နဲ့ အမှတ် ၈ ရပ်ကွက် မှာရှိတဲ့ ဧရာမင်းဓမ္မာရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် ၆ ရပ်ကွက် အထက ၉ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အပါဝင် နေရာတော်တော်များများမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြန်လည်း တပ်ရုတ်သွားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတချို့တွေ မြို့ထဲက ပြန်ရုတ်သွားခဲ့ကြပြီး မဖြစ်မနေထားဖို့အတွက် အရေးကြီးတဲ့ စစ်ကောင်စီခန့်ဝန်ကြီးတွေရုံးစိုက်ရာနေရာတွေ ဌာနဆိုင်ရာနေရာတွေနဲ့ ရပ်ကွက်တွေထဲမှာတော့ အမှတ် ၈ ရပ်ကွက် တဂေါင်းဘုရားစေတီဝန်းထဲမှာ တပ်စွဲထားတဲ့ တပ်လောက်သာရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ္ၿမိဳ႕ေပၚ တပ္စြဲထားတဲ့ စစ္ေကာင္စီစခန္းတခ်ိဳ႕ တပ္ျပန္ဆုတ္သြား၊ တပ္စြဲေနစဥ္က သရဲေျခာက္ခံရမႈေၾကာင့္ စစ္သားေတြ စိတ္ကစဥ့္ကလ်ားျဖစ္ခဲ့ေၾကာင္း ေဒသခေတြေျပာ

ဧရာဝတီတိုင္းမ္

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕တြင္းက ဘုရားေစတီ၊ ဓမၼာ႐ုံတခ်ိဳ႕မွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြဟာ ၿပီးတဲ့တဲ့လပိုင္းက ျပန္လည္ဆုတ္ခြာသြားခဲ့ၾကႁပြး တပ္စြဲစဥ္ကာလမွာ သရဲေျခာက္ခံရမႈေၾကာင့္ စစ္သားေတြစိတ္ကစဥြကလ်ားျဖစ္ခဲ့ေၾကာင္း ပုသိမ္ေဒသခံေတ ေျပာပါတယ္။

ပုသိမ္ၿမိဳ႕ေပၚ ရပ္ကြက္ေတြထိပ္မွာရွိတဲ့ ဘုရားေက်ာင္းေတြ၊ ေစတီေတြနဲ႔ စာသင္ေက်ာင္းေတြမွာ အာဏာသိမ္းၿပီးေနာက္ပိုင္း ဒီမိုကေရစီရရွိေရး ေတာင္းဆိုသူေတြကို ထိန္းခ်ဳပ္နိုင္ဖို႔အတြက္ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္သားအခ်ိဳ႕ဟာ တပ္စြဲတဲ့ေနရာေတြမွာ အရက္ေသစာေသာက္စားၿပီး ရမ္းကားဆဲဆိုမႈ ေတြေၾကာင့္ သရဲေျခာက္တာေတြခံခဲ့ရသလို စိတ္ကစဥ့္ကလ်ားေတြျဖစ္ခဲ့ၾကတယ္လို႔ စစ္ေကာင္စီတပ္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

“ သူတို႔က ေနတာက ေနခ်င္သလိုေနတာေလ၊ မူးလာရင္ အဝတ္အစားမဝတ္ဘဲနဲ႔ အိပ္တာမ်ိဳးေတြ ဆဲတာမ်ိဳးေတြလုပ္ေတာ့ ျမင္အပ္ မျမင္အပ္တဲ့ ပိုင္ရာဆိုင္ရာေတြက ပညာေပးတာမ်ိဳးေပါ့၊ ဘယ္လိုမ်ိဳးလဲဆို‌ေတာ့ ညဘက္ အထဲမွာအိပ္ေနရင္ မနက္ အျပင္မွာေရာက္ေနတာမ်ိဳးေတြ၊ ေျခေထာက္ေတြဘာေတြက အေကာင္ႀကီး ကေန ေနာက္ေန႔ ေဆးခန္းသြားျပရေလာက္ေအာင္ ကိုက္ခဲတာေတြ၊ အဲ့တာမ်ိဳးေတြေပါ့” လို႔ စစ္ေကာင္စီတပ္နဲ႔နီးစပ္သူ အမ်ိဳးသမီးတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္းမွာပါ ရပ္ကြက္ေတြထဲ တပ္စြဲထားတဲ့ အမွတ္ ၇ ရပ္ကြက္ထိပ္နဲ႔ အမွတ္ ၈ ရပ္ကြက္ မွာရွိတဲ့ ဧရာမင္းဓမၼာ႐ုံမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္နဲ႔ အမွတ္ ၆ ရပ္ကြက္ အထက ၉ စာသင္ေက်ာင္းမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္အပါဝင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြဟာ ျပန္လည္း တပ္႐ုတ္သြားတာလို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၂ဝ၂၂ ႏွစ္ကုန္ပိုင္းမွာ စစ္ေကာင္စီတပ္စခန္းတခ်ိဳ႕ေတြ ၿမိဳ႕ထဲက ျပန္႐ုတ္သြားခဲ့ၾကၿပီး မျဖစ္မေနထားဖို႔အတြက္ အေရးႀကီးတဲ့ စစ္ေကာင္စီခန႔္ဝန္ႀကီးေတြ႐ုံးစိုက္ရာေနရာေတြ ဌာနဆိုင္ရာေနရာေတြနဲ႔ ရပ္ကြက္ေတြထဲမွာေတာ့ အမွတ္ ၈ ရပ္ကြက္ တေဂါင္းဘုရားေစတီဝန္းထဲမွာ တပ္စြဲထားတဲ့ တပ္ေလာက္သာရွိေတာ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။