လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် လျှပ်စစ်ရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအပါအဝင် ရုံးရှိဝန်ထမ်းအချို့က မီတာဆောင်ထားသည့် ကျပ်ငွေသိန်းပေါင် ၁၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားကြောင်း လက်ပံတန်းမြို့ခံများထံက သိရသည်။
အဆိုပါ မီတာခများ ယူဆောင်ထွက်ပြေးသွားသည့်သူများမှာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဝေဖြိုးအောင်ဆိုသူမှ သိန်း ၁၀၀၀ ကျော်၊ မီတာစာရေး ဖြိုးသက်နောင်ဆိုသူမှ ကျပ်ငွေ သိန်း ၄၀၀ ကျော်၊ မန်နေဂျာ ပေါဦးဆိုသူမှ ကျပ်ငွေသိန်း ၉၀၀၊ သာရဝေါခွဲမှူးဆိုသူမှ ကျပ်ငွေ သိန်း ၁၀၀၀ ကျော်ယူဆောင်ထွက်ပြေးသွားကြောင်း လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဒါ့ပြင် လျှပ်စစ်ရုံးမှ လျှပ်စစ်အခြားအဆင့်၀န်ထမ်းများကလည်း ကျန်ရှိနေသည့် မီတာခငွေကြေးများကို ယူ၍ ထပ်မံထွက်ပြေးသွားကြကြောင်း EPC ရုံးနှင့် နီးစပ်သူ တစ်ဦးထံကမှ သိရှိရသည်။
ဒါ့ပြင် လက်ပံတန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ရုံးရှိဝန်ထမ်းအချို့က မီတာခ ကျပ်ငွေ သိန်း ၁၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးခဲ့သော်လည်း ရုံးတွင်း ကျန်ရှိနေသည့် ဝန်ထမ်းများက ဒေသခံပြည်သူများမှ မီတာခပေးဆောင်ခြင်းမရှိ သေးဟုဆိုကာ တရားရုံးမှ ဆင့်ခေါ်စာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့စွဲဖြင့် ဆင့်ခေါ်စာပေးပို့လာကြောင်း ဒေသခံများထံမှ သိရှိရသည်။
“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကစပြီး မီတာမဆောင်ထားတာဆိုပြီး တရားရုံးကဆင့်ခေါ်စာထဲမှာရေးထားတယ်။ ကျွန်မတို့က လတိုင်းဆောင်တယ်။ ဆင့်ခေါ်ခံရတဲ့ ရွာတွေမနည်းဘူး။ လူအယောက် ၁၀၀ ကျော်တယ် ဆင့်ခေါ်ခံရတာ။ သမ္မစိတ္တ၊ တာဆိပ်ရယ်၊ အခြားရပ်ကွက်က လူတွေရယ် မနည်းဘူး။ ဆောင်ထားတာကို မဆောင်ထားပါဘူးဆို ပြီး အကွက်ဆင်တောင်းတာ။ သူတို့လူတွေ ပိုက်ဆံတွေယူပြီး လိမ်ပြေးတာကို အထက်ကိုပေးစရာမရှိ တော့ ဆတိုးပြီးကောက်တယ်။ မီးဖြတ်ခံထားရတာတောင် လာဆောင်ခိုင်းတယ်”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှ်ိမှာ လက်ပံတန်းမြို့တွင် မီတာခများ ယူဆောင်ထွက်ပြေးသွားခြင်းကြောင့် ဒေသခံပြည်သူများထံမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက တရားရုံးနှင့်ပူးပေါင်းကာ ဖိအားပေးကောက်ခံလျက်ရှိပြီး လျှပ်စစ်၀န်ကြီးဌာနမှလည်း ဖိအားပေး တောင်းခံနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
လက္ပံတန္းၿမိဳ႕ EPC ႐ုံးမွ ၿမိဳ႕နယ္အင္ဂ်င္နီယာႏွင့္ ဝန္ထမ္းအခ်ိဳ႕ မီတာခ သိန္း ၄၀၀၀ေက်ာ္ကိုယူေဆာင္ထြက္ေျပး
ဧရာဝတီတိုင္းမ္
ေဖေဖာ္ဝါရီ ၁၄ ရက္
ပဲခူးတိုင္း၊ လက္ပံတန္းၿမိဳ႕နယ္ လၽွပ္စစ္႐ုံးမွ ၿမိဳ႕နယ္လၽွပ္စစ္အင္ဂ်င္နီယာအပါအဝင္ ႐ုံးရွိဝန္ထမ္းအခ်ိဳ႕က မီတာေဆာင္ထားသည့္ က်ပ္ေငြသိန္းေပါင္ ၁၀၀၀၀ ေက်ာ္ကို ယူေဆာင္ထြက္ေျပးသြားေၾကာင္း လက္ပံတန္းၿမိဳ႕ခံမ်ားထံက သိရသည္။
အဆိုပါ မီတာခမ်ား ယူေဆာင္ထြက္ေျပးသြားသည့္သူမ်ားမွာ ၿမိဳ႕နယ္လၽွပ္စစ္အင္ဂ်င္နီယာ ေဝၿဖိဳးေအာင္ဆိုသူမွ သိန္း ၁၀၀၀ ေက်ာ္၊ မီတာစာေရး ၿဖိဳးသက္ေနာင္ဆိုသူမွ က်ပ္ေငြ သိန္း ၄၀၀ ေက်ာ္၊ မန္ေနဂ်ာ ေပါဦးဆိုသူမွ က်ပ္ေငြသိန္း ၉၀၀၊ သာရေဝါခြဲမႉးဆိုသူမွ က်ပ္ေငြ သိန္း ၁၀၀၀ ေက်ာ္ယူေဆာင္ထြက္ေျပးသြားေၾကာင္း လၽွပ္စစ္႐ုံးႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။
ဒါ့ျပင္ လၽွပ္စစ္႐ုံးမွ လၽွပ္စစ္အျခားအဆင့္၀န္ထမ္းမ်ားကလည္း က်န္ရွိေနသည့္ မီတာခေငြေၾကးမ်ားကို ယူ၍ ထပ္မံထြက္ေျပးသြားၾကေၾကာင္း EPC ႐ုံးႏွင့္ နီးစပ္သူ တစ္ဦးထံကမွ သိရွိရသည္။
ဒါ့ျပင္ လက္ပံတန္း ၿမိဳ႕နယ္လၽွပ္စစ္အင္ဂ်င္နီယာႏွင့္ ႐ုံးရွိဝန္ထမ္းအခ်ိဳ႕က မီတာခ က်ပ္ေငြ သိန္း ၁၀၀၀၀ ေက်ာ္ကို ယူေဆာင္ထြက္ေျပးခဲ့ေသာ္လည္း ႐ုံးတြင္း က်န္ရွိေနသည့္ ဝန္ထမ္းမ်ားက ေဒသခံျပည္သူမ်ားမွ မီတာခေပးေဆာင္ျခင္းမရွိ ေသးဟုဆိုကာ တရား႐ုံးမွ ဆင့္ေခၚစာကို ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔စြဲျဖင့္ ဆင့္ေခၚစာေပးပို႔လာေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
“စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ၂၀၂၁ ခုႏွစ္ကစၿပီး မီတာမေဆာင္ထားတာဆိုၿပီး တရား႐ုံးကဆင့္ေခၚစာထဲမွာေရးထားတယ္။ ကၽြန္မတို႔က လတိုင္းေဆာင္တယ္။ ဆင့္ေခၚခံရတဲ့ ရြာေတြမနည္းဘူး။ လူအေယာက္ ၁၀၀ ေက်ာ္တယ္ ဆင့္ေခၚခံရတာ။ သမၼစိတၱ၊ တာဆိပ္ရယ္၊ အျခားရပ္ကြက္က လူေတြရယ္ မနည္းဘူး။ ေဆာင္ထားတာကို မေဆာင္ထားပါဘူးဆို ၿပီး အကြက္ဆင္ေတာင္းတာ။ သူတို႔လူေတြ ပိုက္ဆံေတြယူၿပီး လိမ္ေျပးတာကို အထက္ကိုေပးစရာမရွိ ေတာ့ ဆတိုးၿပီးေကာက္တယ္။ မီးျဖတ္ခံထားရတာေတာင္ လာေဆာင္ခိုင္းတယ္”ဟု ေဒသခံအမ်ိဳးသမီး တစ္ဦးက ဧရာ၀တီတိုင္းမ္ကို ေျပာသည္။
လက္ရွ္ိမွာ လက္ပံတန္းၿမိဳ႕တြင္ မီတာခမ်ား ယူေဆာင္ထြက္ေျပးသြားျခင္းေၾကာင့္ ေဒသခံျပည္သူမ်ားထံမွ စစ္ေကာင္စီလက္ေအာက္ခံဝန္ထမ္းမ်ားက တရား႐ုံးႏွင့္ပူးေပါင္းကာ ဖိအားေပးေကာက္ခံလ်က္ရွိၿပီး လၽွပ္စစ္၀န္ႀကီးဌာနမွလည္း ဖိအားေပး ေတာင္းခံေနေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရ သိရသည္။