မုံရွာမြို့ လဝကရုံး အစောင့် လုံခြုံရေး စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး(ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ် ကွက်ရှိ လဝကရုံးတွင် တပ်စွဲထားသော လုံခြုံရေး စစ်တပ်ကို အလစ်အငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက အင်အား ၂၀ ခန့်ဖြင့် ညောင်ပင်စောက်လဝကရုံး တွင် တပ်စွဲပြီး လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေး၊ ရှာဖွေ၊ စောင့်ကြည့်နေသော အကြမ်းဖက်စစ်သား၊ ရဲများကို ကားဖြင့် အလစ်အငိုက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လမ်းသွားလမ်းလာများကို စစ်ဆေး ရန် ရုံးအတွင်းမှ ထွက်လာသော စစ်သား ၅ ဦးအနက်မှ စစ်သား ၃ ဦးထိမှန်သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ ရုံးအတွင်းပြန်လည်ပြေး ဝင်သွားကြောင်း သိရသည်။
“စစ်ခွေးတွေ ပြန် ပစ်ချိန် မရဘူး၊ လက်နက်ကတော့ ကောက်ဖို့ မလွယ်ဘူး။ ကျနော်တို့အဖွဲ့လည်း ပစ်ပြီး ဒါနဲ့ ပြည်သူတွေ အဲဒီကို မသွားကြဖို့ တစ်ခါတည်းပြောခဲ့တယ်၊ စစ်ခွေးတွေက သူတို့ထိရင် မနိုင်ရင် နိုင်ရာ မည်းမည်းမြင်ရာ ကိုက်တတ်တာမို့၊ အဲဒါကြောင့် ပြည်သူတွေမထိခိုက်အောင် သတိပေးခဲ့တယ်” ဟု Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော် (Chindwin Attack Force) တပ်ရင်း ၄ ၊ အထူးကွန်ဒိုတပ်ဖွဲ့၊ (Monywa The Boy ) မှ ဦးဆောင်ပြီး အထူးစစ်ဆင် ရေးတပ်ဖွဲ့(Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း -၄ တပ်ခွဲ ၄ (5/Teachers People Defence Force PDF ၊ Spring Dove တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။