ဗိုလ်ချုပ်မွေးနေ့အမှတ်တရအဖြစ် ပဲပြုတ်နှင့်နံပြား ဒေါနစစ်ကြောင်း တည်းခင်း

ဗိုလ်ချုပ်မွေးနေ့အမှတ်တရအဖြစ် ပဲပြုတ်နှင့်နံပြား ဒေါနစစ်ကြောင်း တည်းခင်း

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၈နှစ်မြောက်မွေးနေ့အမှတ်တရအဖြစ် ဒေါနစစ်ကြောင်းက ပဲပြုတ်နှင့်နံပြား ကျွေးမွေးခဲ့ကြောင်းသိရသည်။

ယနေ့ကျရောက်သည့် ဗိုလ်ချုပ်မွေးနေ့တွင် ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးတပ်ခွဲ (၁) ရဲဘော်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် သူရဲကောင်းများကို အလေးပြုခြင်း၊

ပဲပြုတ်နှင့်နံပြားကျွေးမွေးခြင်းများပြုလုပ်ခဲ့ပြီးဒေါနစစ်ကြောင်း၏ စစ်ကြောင်းလုံခြုံရေး တပ်စိပ်မှရဲဘော်များကလည်း စစ်ကြောင်းရှိ ရဲဘော်များကို မုန့်ဟင်းခါးချက်ကျွေးခြင်း ၊

ဒေါနစစ်ကြောင်း၏စစ်ကြောင်းမှူး စောဒါးကို အမှတ်တရပန်းချီကားရေးဆွဲပြီး လက်ဆောင်ပေးခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ရဲဘော်ဝင်းထင် ၊ ရဲဘော် ဒဿ

Zawgyi(version)





