မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၁၅၈ ခုတွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီဖြစ်ကြောင်း NUG အစိုးရပြောကြား

မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၁၅၈ ခုတွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီဖြစ်ကြောင်း NUG အစိုးရပြော

ဧရာ၀တီတိုင်းမ်

ဖေဖော်ဝါရီလ ၁၂ ရက်

မြန်မာနိုင်ငံတဝှမ်းမှ မြို့နယ်ပေါင်း ၁၅၈ မြို့နယ်တွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီဖြစ်ပြီး ၇၀ ရာခိုင်နှုန်းအထိ ထိမ်းချုပ်ထားနိုင်သည့်မြို့ပေါင်းမှာလည်း ၇၃ မြို့အထိ ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ယနေ့ ပြောဆိုသည်။

ယနေ့ကျင်းပသည့် NUG အစိုးရနှင့် တကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ (ဒုတိယမြောက်နေ့) တွင် NUG အစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ယခုလိုပြောဆိုခြင်း ဖြစ်သည်။

“တိုင်းဒေသကြီးတွေအားလုံးမှာ လတ်တလောအခြေအနေမှာ ၁၅၈ မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသတွေမှာ မြို့တွေကို ၇၀ ရာခိုင်နှုန်းလောက်ထိမ်းချုပ်ထားနိုင်တဲ့မြို့စုစုပေါင်း ၇၃ မြို့လောက် ရှိပါပြီ”ဟု ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အဆိုပါအခမ်းအနားတွင် ပြောဆိုသည်။

မိမိတို့ NUG အစိုးရအနေဖြင့် နွေဦးတော်လှန်ရေးနှင့်ပတ်သတ်၍ အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ နယ်မြေစိုးမိုးထိမ်းချုပ်မှု ရရှိရေး၊ ရရှိသည့်နယ်မြေများ၌ အုပ်ချုပ်ရေးယန္တရား ခိုင်မာအောင် တည်ဆောက်နိုင်ရေးနှင့် အုပ်ချုပ်မှု ရထားသောနယ်မြေများတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု လုံခြုံရေးကို ဝန်ဆောင်မှုပေးနိုင်ရေးအစီအမံဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း NUG ဝန်ကြီးက ဆိုသည်။

“အုပ်ချုပ်ရေးကဏ္ဍကို ဖော်ဆောင်တဲ့အခါမှာ အမှားအယွင်းမဖြစ်စေဖို့အတွက် ကြားကာလအုပ်ချုပ်မှု ဖော်ဆောင်ရေးကော်မတီဆိုပြီး ဖွဲ့စည်းပြီးတော့ ဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

နယ်မြေစိုးမိုးမှု ရရှိသည့်ဒေသများတွင်လည်း တရားရုံးများ တည်ဆောက်ဖွင့်လှစ်၍ တရားဥပဒေစိုးမိုးမှု ရှိစေရေး ဆောင်ရွက်နေပြီး အခွန်ကောက်ခံမှုတွင်လည်း ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် PDF များအတွက် သုံးစွဲကြောင်း၊ ၃၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာမြို့နယ်၏အုပ်ချုပ်ရေးကဏ္ဍအတွက် သုံးစွဲကြောင်း၊ ကျန် ၃၀ ရာခိုင်နှုန်းကို ပြည်ထောင်စုမှ ခွဲဝေသုံးစွဲကြောင်း ဝန်ကြီး ဦးလွင်ကိုလတ်က အခမ်းအနားတွင် ပြောဆိုသည်။

ျမန္မာနိုင္ငံတဝွမ္းရွိ ၿမိဳ႕နယ္ေပါင္း ၁၅၈ ခုတြင္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ဖြဲ႕စည္းထားနိုင္ၿပီျဖစ္ေၾကာင္း NUG အစိုးရေျပာ

ဧရာ၀တီတိုင္းမ္

ေဖေဖာ္ဝါရီလ ၁၂ ရက္

ျမန္မာနိုင္ငံတဝွမ္းမွ ၿမိဳ႕နယ္ေပါင္း ၁၅၈ ၿမိဳ႕နယ္တြင္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ဖြဲ႕စည္းထားနိုင္ၿပီျဖစ္ၿပီး ၇၀ ရာခိုင္ႏႈန္းအထိ ထိမ္းခ်ဳပ္ထားနိုင္သည့္ၿမိဳ႕ေပါင္းမွာလည္း ၇၃ ၿမိဳ႕အထိ ရွိေနၿပီျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ – NUG က ယေန႔ ေျပာဆိုသည္။

ယေန႔က်င္းပသည့္ NUG အစိုးရႏွင့္ တကမၻာလုံးရွိ ျပည္သူလူထု၊ အြန္လိုင္းေတြ႕ဆုံေမးျမန္းပြဲ (ဒုတိယေျမာက္ေန႔) တြင္ NUG အစိုးရ ျပည္ထဲေရးႏွင့္လူဝင္မႈႀကီးၾကပ္ေရးဌာနဝန္ႀကီး ဦးလြင္ကိုလတ္က ယခုလိုေျပာဆိုျခင္း ျဖစ္သည္။

“တိုင္းေဒသႀကီးေတြအားလုံးမွာ လတ္တေလာအေျခအေနမွာ ၁၅၈ ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ ဖြဲ႕စည္းထားၿပီး ျဖစ္ပါတယ္။ ဒီလိုဖြဲ႕စည္းရာမွာလည္း စစ္ကိုင္းတိုင္း၊ မေကြးတိုင္းနဲ႔ ပဲခူးတိုင္းေဒသေတြမွာ ၿမိဳ႕ေတြကို ၇၀ ရာခိုင္ႏႈန္းေလာက္ထိမ္းခ်ဳပ္ထားနိုင္တဲ့ၿမိဳ႕စုစုေပါင္း ၇၃ ၿမိဳ႕ေလာက္ ရွိပါၿပီ”ဟု ျပည္ထဲေရးဝန္ႀကီး ဦးလြင္ကိုလတ္က အဆိုပါအခမ္းအနားတြင္ ေျပာဆိုသည္။

မိမိတို႔ NUG အစိုးရအေနျဖင့္ ေႏြဦးေတာ္လွန္ေရးႏွင့္ပတ္သတ္၍ အဆင့္ ၃ ဆင့္ျဖင့္ ေဆာင္ရြက္ေနေၾကာင္း၊ နယ္ေျမစိုးမိုးထိမ္းခ်ဳပ္မႈ ရရွိေရး၊ ရရွိသည့္နယ္ေျမမ်ား၌ အုပ္ခ်ဳပ္ေရးယႏၲရား ခိုင္မာေအာင္ တည္ေဆာက္နိုင္ေရးႏွင့္ အုပ္ခ်ဳပ္မႈ ရထားေသာနယ္ေျမမ်ားတြင္ တရားဥပေဒစိုးမိုးေရးႏွင့္ ျပည္သူလူထု လုံျခဳံေရးကို ဝန္ေဆာင္မႈေပးနိုင္ေရးအစီအမံျဖင့္ ေဆာင္ရြက္လၽွက္ရွိေၾကာင္း NUG ဝန္ႀကီးက ဆိုသည္။

“အုပ္ခ်ဳပ္ေရးက႑ကို ေဖာ္ေဆာင္တဲ့အခါမွာ အမွားအယြင္းမျဖစ္ေစဖို႔အတြက္ ၾကားကာလအုပ္ခ်ဳပ္မႈ ေဖာ္ေဆာင္ေရးေကာ္မတီဆိုၿပီး ဖြဲ႕စည္းၿပီးေတာ့ ေဆာင္ရြက္လၽွက္ရွိပါတယ္”ဟု ဝန္ႀကီး ဦးလြင္ကိုလတ္က ေျပာသည္။

နယ္ေျမစိုးမိုးမႈ ရရွိသည့္ေဒသမ်ားတြင္လည္း တရား႐ုံးမ်ား တည္ေဆာက္ဖြင့္လွစ္၍ တရားဥပေဒစိုးမိုးမႈ ရွိေစေရး ေဆာင္ရြက္ေနၿပီး အခြန္ေကာက္ခံမႈတြင္လည္း ၄၀ ရာခိုင္ႏႈန္းကို ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ) ႏွင့္ PDF မ်ားအတြက္ သုံးစြဲေၾကာင္း၊ ၃၀ ရာခိုင္ႏႈန္းကို သက္ဆိုင္ရာၿမိဳ႕နယ္၏အုပ္ခ်ဳပ္ေရးက႑အတြက္ သုံးစြဲေၾကာင္း၊ က်န္ ၃၀ ရာခိုင္ႏႈန္းကို ျပည္ေထာင္စုမွ ခြဲေဝသုံးစြဲေၾကာင္း ဝန္ႀကီး ဦးလြင္ကိုလတ္က အခမ္းအနားတြင္ ေျပာဆိုသည္။