“လွယ်တယ်ထင်နေသူတွေကိုသတိတော့ပေးချင်တယ်စစ်ကောင်စီဟပေးလိုက်တဲ့လက်နက်ကိုင်ဆောင်ခွင့်ထောင်ချောက်ကအမှုတွဲမှာလို့”

“လွယ်တယ်ထင်နေသူတွေကိုသတိတော့ပေးချင်တယ်စစ်ကောင်စီဟပေးလိုက်တဲ့လက်နက်ကိုင်ဆောင်ခွင့်ထောင်ချောက်ကအမှုတွဲမှာလို့”

▪︎ဦးမင်းကိုနိုင်နဲ့​မေးမြန်းခန်း

လူထု​တော်လှန်​ရေးတိုင်းမှာ ​ရှေ့တန်းကပါဝင်ခဲ့တဲ့၈၈ မျိုးဆက်​ကျောင်းသား​ခေါင်း​ဆောင် ဦးမင်းကိုနိုင်ကို People’s Spring ကဒီ​နေ့ အင်တာဗျူးထားပါတယ်။
စစ်​ကောင်စီရဲ့လက်နက်ခဲယမ်းကိုင်​ဆောင်ခွင့်မူထုတ်ပြန်လာတာ ၊ အ​ရေး​ပေါ်ကာလကို ၆ လထပ်တိုးတာ ၊စစ်အုပ်အုပ်​ရေး ၃၇ မြို့နယ်ထပ်​ကြေညာတာ ​တွေအ​ပေါ် ဦးမင်းကိုနိုင်ကသုံးသပ်ချက်​တွေနဲ့ ​နွေဦး​တော်လှန်​ရေးရဲ့ အ​ရေးကြီးဆုံးအချိန်မှာ ပြည်သူ​တွေအတွက် သတင်းစကား​တွေကိုလည်း ဒီ​မေးမြန်းခန်းမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။

-ဒီပ/People’s Spring

​မေး- စစ်​ကောင်စီရဲ့လက်နက်ခဲယမ်းကိုင်​ဆောင်ခွင့်မူအ​ပေါ်ဘယ်လိုသုံးသပ်ပါလဲ ။

​ဖြေ-မနိုင်တော့ဘူးဆိုတာဝန်ခံလိုက်ရတာဗျ ။ဘယ်မှာလဲ အင်အားဘယ်နှသိန်းရှိပါတယ်ဆိုတဲ့သူတို့တပ်တွေ ။ရှိရင်တိုက်လေ ၊သူတို့လစာတွေအခွင့်အရေးတွေယူပြီး ကိုယ့်တာဝန်ကိုယ်မထမ်းနိုင်ရုံမက သူတစ်ပါးကိုပါလိုက်ထမ်းခိုင်းတာ။အမှုတွဲခိုင်းတာ။ဥပမာဗျာ အဘနဲ့တွဲဂေါက်ရိုက်ပေါင်းစားတွေတော့ ဝယ်ချင်ဝယ်မပေါ့ ဒီလိုအတန်းစားတွေက ခေတ်တိုင်းဖျံကျနေကျလေ။ဝယ်ထားပြီးတော်လှန်ရေးအောင်မှ ကျနော်လည်းဒီကောင်တွေကိုခံချဖို့ဝယ်ထားတာဆိုတာမျိုး နှစ်ဖက်လှ လာရောဦးမှာ မြင်ယောင်သေး ။လတ်တလောတော့စစ်သားသစ်စုမရလို့ ကိုယ့်စားရိတ်နဲ့ကိုယ်စစ်မှုလာထမ်းခိုင်းမှာအရင်။စစ်သားသစ်က အရာရှိတွေလုဝယ်ရောင်းနေရတဲ့ဈေးကွက်ပဲ။လွယ်တယ်ထင်နေသူတွေကိုသတိတော့ပေးချင်တယ်စစ်ကောင်စီ ‘ဟ’ ပေးလိုက်တဲ့လက်နက်ကိုင်ဆောင်ခွင့်ထောင်ချောက်ကအမှုတွဲမှာလို့ ။

​မေး-တစ်ဖက်မှာ​ရွေး​ကောက်ပွဲလုပ်မယ်​ပြောတယ် တစ်ဖက်မှာလည်း သာမာန်အ​ခြေအ​နေမဟုတိလို့အ​ရေး​​ပေါ်ကာလ ၆လထပ်တိုးတယ်လုပ်ပြန်တယ်ဒီအ​ပေါ်မှာ​ရောဘယ်လိုမြင်လဲ ။

​ဖြေ- ဒါလည်းဝန်ခံရတာပဲရက်ပိုင်း၊လပိုင်းနဲ့ငြိမ်ကျသွားမယ်ထင်ပြီးအာဏာလုခဲ့တာ။ပြည်သူကိုလျော့တွက်ခဲ့တာ စစ်ကျွန်ခံမယ်ထင်ခဲ့တာ အထင်သေးခဲ့တာ။ကြာလေ သူတို့အတွက်ပိုဆိုးလေ သူတို့သိသိကြီးနဲ့ ဘာလုပ်ရမှန်းမသိအရှက်​ပြေ “၆လအခါခါ ၆အလီရွတ်တာကမတက်နိုင်တော့တာ။ပြသနာကသူ့တပ်ထဲသူပြန်ကြုံရမှာ ။အရင်က အချိုသပ်ခဲ့လို့ရသေးတယ် “ခဏပါကွာ ၆လပါကွာ၊ရွေးကောက်ပွဲလုပ် အာဏာပြန်အပ် ပြီးရင် အရင်လိုသာသာယာယာပါ”လို့ ကျောသပ်လို့မရတော့ဘူး။မီးခိုးမဆုံးမိုးမဆုံး တိုက်ရတော့မယ် တိုက်ရမှာကလည်း တော်လှန်ရေးအားစုတွေပေါင်းဆော်ကြတော့မှာ တပ်ထဲအထိဒရုန်းတွေ ဗျူဟာမြောက်နည်းပညာတွေနဲ့တိုက်တာခံရတော့မှာ ဒီနေ့မသေ နောက်နေ့သေမှာပဲ ရှင်လည်းလူမုန်းသံသရာမဆုံးပဲ။ စစ်ကောင်စီရှိနေသရွေ့ ဒီဒုက္ခမလွတ်တော့ဘူးဆိုတာပေါ်သွားတာပဲ။ ဒါနဲ့ ဝိုင်းဖိတိုက်လိုက်တာနဲ့အကုန်စွန့်ပြေးကုန်တာ ဖက်စစ်တပ် ခေါင်းမဖေါ်နိုင်တာ ဒီအကျိုးဆက်တွေ။

​မေး- ဒီနှစ်ပါတ်အတွင်းမှာပဲအာဏာသိမ်းစစ်​ကောင်စီက အ​ရေး​ပေါ်ကာလ ၆ လတိုးတယ်၊ ပြီး​တော့စစ်အုပ်ချုပ်​ရေး၃၇ မြို့နယ်ထပ်တိုးတယ်။ အခုလက်နက်ခဲယမ်းကိုင်​ဆောင်ခွင့်ထုတ်ပြန်တယ် ။ဒီအ​ခြေအ​နေအားလုံးအ​ပေါ် ခြုံငုံသုံးသပ်ရင် ဘယ်လိုအဓိပ္ပါယ်​ဆောင်​နေလဲ ။

​ဖြေ- အခုအဲ့ဒီ၃၇ မြို့အပြင် တခြားမြို့နယ်တွေကောထိန်းရသတဲ့လား ။လုပ်ငန်းရှင်တွေကိုပါလိုက်ကြိမ်း၊မဲနေတာ စစ်တပ်ကိုမကူရင် မြို့ပါ”နာ”မယ်တဲ့စစ်တပ်က ပြည်သူကိုမကာပဲ “နာ “မယ်ချည်းခြိမ်းခြောက်နေတာသူတို့စရိုက်မှန်ပဲ။အထူးသတိထားရမှာက ဘာလဲပြည်သူတွေကို အချိန်မရွေး ဖုန်းကအစ ကိုယ်ရေးကိုယ်တာအဆုံး နေရာမရွေးအနိုင်ကျင့်နေပါလျက်၊စစ်ဆေးရေးအမျိုးမျိုးနဲ့စိတ်မထင်ပစ်သတ်နေပါလျက်၊မြို့ရွာတွေမီးတင်ရှို့နေပါလျက် စစ်အုပ်ချုပ်ရေးလို့ဘာကြောင့်သီးခြားကြေငြာရတာလဲ ဖက်ဆစ်အပြုအမူတွေနဲ့လူမဆန်အောင်ရိုင်စိုင်းခွင့်တရားဝင်ရှိတယ်လို့ ကြေငြာပေးသလိုဖြစ်နေတယ်။ ဒါ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သတိအကြီးကြီးထားရမယ့်အချက်ပဲ။

အခုဗျာ အာဆီယံထဲတောင်ဩဇာကြီးလာသူတွေက ပြင်းပြင်းထန်ထန်ပြောလာကြတာ စကားနောက်တရားပါရင်ပိုနာတော့မှာ ဆိုတော့ကူရာကယ်ရာမဲ့၊ရှုံးမဲမဲချင်တိုင်းမဲမရအောင်တော့ ကာကွယ်ကြရမှာပေါ့ ။ကိန်းဂဏန်းတွေကတော့ ဒီလောက်ပဲမနိုင်တာပါလို့ ဖုံးကွယ်တဲ့သဘောပဲ အခုအဲ့ဒီ၃၇ မြို့နယ်ထဲစာရင်းမပါတဲ့တော်လှန်ပြည်သူတွေက ရာဇဝင်အရိုင်းတော့မခံဘူးဆိုပြီး စစ်ကျွန်မခံ ပြကြမှာကြည့်ပါ။တော်လှန်ရေးနယ်မြေသစ်တွေထပ်တိုးလာတာပဲရှိမယ်ဒါကြောင့်ပြောတာပေါ့ နွေဦးဟာအပေါင်းလက္ခဏာပဲရှိတယ်လို့။

​မေး- တော်လှန်​ရေးရဲ့ အဆုံးအဖြစ်နှစ်လို့တော်လှန်​ရေးအင်အားစု​တွေက​ကြေညာထားသလိုအခုဆိုရင် နိုင်ငံတစ်ဝန်းခုခံ​တော်လှန်စစ်ပွဲ​တွေ ​နေ့တိုင်းအများကြီးဖြစ်​နေတယ် ။ဒီလိုအ​ရေးကြီးတဲ့အချိန်မှာပြည်သူ​တွေကို ဘယ်လိုသတင်းစကားပါးချင်ပါလဲ ။

​​ဖြေ- အချိန်တန်တော့လည်း နွေဦးဟာယုံကြည်သူ၊မယုံကြည်သူအားလုံးထံမှောက် သစ္စာမပျက်ရောက်လာတာပါပဲ။ အခုဗုံစမ်း၊ပါတ်စမ်း၊ကြိုးညှိခန်းမှာလက်စွမ်းတော်တော်ပြလိုက်တယ်။ပြည်သူကလည်း ဒီအောင်ပွဲကိုEOD (​နွေဦး​တော်လှန်​ရေး​ရန်ပုံ​ငွေအတွက် ​ငွေတိုက်စာချုပ်များ ၊အိမ်ရာများ​​ဖော်​ဆောင်ရောင်းချ​ပေး​နေတဲ့ The End of Dictatorship အစီအစဥ်) နဲ့အမီလိုက်ပေးတယ် ။

အိမ်ခန်း၃၀၀၀ ကုန်ပါ့မလား ၊လူတွေလည်းပမ်းနေကြပြီလို့တွေးပူသူပူနေတာ။ဘယ်ဟုတ်မလဲ အသက်ပေးတိုက်သူတောင်တိုက်နေတာငါတို့မရရအောင်ဝယ်မယ်ဆိုပြီး အား
ပေးကြတာ ။လျာထားချက်ရဲ့နှစ်ဆ ၆၀၀၀ကျော် ဝယ်ကြတယ် ။မရလိုက်သူတွေက အကျန်မခံနိုင်ဘူးထပ်ဖွင်ပေးဆိုလို့ သောင်းချီရောင်းပေးလိုက်ရတယ်အသေးစိတ်တွေEOD မှာဝင်ကြည့်ကြပါ။ဒီအောင်စိတ်အလုပ်တွေရဲ့အရှိန်က နိုင်ငံတကာမှာ ကောင်းကျိုးသွားရတယ်။

ဒီလောက်ညီတဲ့ပြည်သူ တော်လှန်အားစုတွေ ကိုယ်စားနိုင်ငံတကာမှာအားစိုက်လိုက်တော့ ကမ္ဘာပါတ်အသိမှတ်အကူအညီ အောင်ခြင်းတွေဂိုးပြတ်သွင်းချလိုက်တာ ဆက်တိုက်တွေ့မှာပေါ့။အချိန်ကိုက်ပဲဗျ။ ဟိုဘက်က စုပေါင်းမသာချတဲ့ကလစ်တွေတက်လာတယ် တိုက်ဆိုင်တာလား။တဖက်က ဖက်ဆစ်တပ်မဟုတ်ဘူးဆိုရင်အားနာမိနိုင်တဲ့အထိဂိုးပြတ်တာ။ဒါပဲဗျ ကမ္ဘာက “ကိုယ့်တော်လှန်ရေးဘယ်လောက်ညီလဲ”ဆိုတဲ့အချက်ကိုကြည့်ပြီး ဆုံးဖြတ်နေချိန်မှာ မိမိရဲ့ကိုယ်အမှုနုတ်စကားတွေကြောင့်တော်လှန်ရေးမနစ်နာအောင်သတိပြုကြရမှာပါ ။ပေါက်ကွဲတာလွယ်သလေက် ချုပ်ထိမ်းတာခက်တယ်လေ။ခက်ခဲသောအကျင့်ကအောင်စေလိမ့်မယ်ယုံပါ။အချိန်မတန်သေးလို့မကြေငြာသေးတာတွေရှိပါတယ် ဒါပေမယ့်တော်လှန်ရေးဘက်သားတိုင်း သတိအမြဲကပ်ထားကြမှာပါ ။

ယုံပါတယ် ရင်ပြင်ပေါ်က Orchestra ကြည့်ဖူးကြတာပဲ ။ ကြိုးညှိသံစမ်းရင်း မျောပါသွား လှည့်ကြည့်လိုက်တော့သံစုံတီးဝိုင်းကြီးဖြစ်နေပြီလက်ထဲရှိတဲ့ဒူရိယာနဲ့ အပြီအပြင်ဆွဲဖို့ပဲဗျာ ။ရင်ပြင်ပန်းခြံကခင်ဗျားနံဘေး အိပ်ငိုက်နေတဲ့အဖိုးကြီးအနွေးထည်အောက်မှာ၊ ကလေးထမင်းခွန့်နေတဲ့အမျိုးသမီးအိတ်ထဲမှာ တယောပြားကိုယ်စီရှိနေတယ်ဆိုတာသာသိထားစမ်းပါ ။

​ကျေးဇူးပါ။