စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးပြီး PDF ၃ဦး…see more

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးပြီး PDF ၃ဦးကျဆုံး
===============
ဂျူနို

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သုံးဦးကျဆုံးကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်နှင့် တော်လှန်ရေးအင်အားစုများသည် အဆိုပါရွာအနီးရှိ တောင်မြိုကျေးရွာနှင့် တောင်ကြားကျေးရွာတွင် သြဂုတ်လ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ် People Revolution Force Kyaukse (PRFK) မှ ရဲဘော်တစ်ဦးက ဆိုသည်။

အဆိုပါတိုက်ပွဲတွင် ကျဆုံးသူများမှာ ကျောက်ဆည် ပင်မပညာရေးသပိတ်ဦးဆောင်သူ CDMကျောင်းဆရာလည်းဖြစ်၊ PRFKတာဝန်ခံလည်းဖြစ်သူ ကိုဝေလွင်ဦး၊ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ခေါင်းဆောင်တစ်ဦးနှင့် ဒေသခံ PDF တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

”အခုကျဆုံးသွားတဲ့ CDMကျောင်းဆရာက လွန်ခဲ့တဲ့ လေးလလောက်က မိသားစုတွေအကုန် ထိန်းသိမ်းခံထားရသူဖြစ်တယ်။ အခုထိတောင်လွတ်လားဘာလား သိမသွားရဘူး။ သူပြောနေကျစကားလေးရှိတယ် ‘မိသားစုကိုဖမ်းလို့ စစ်ဖိနပ်အောက်ဒူးထောက်ရအောင် မိသားစုအတွက်တိုက်ပွဲဝင်ခဲ့တာ မဟုတ်ဘူး’လို့ပြောတယ်”ဟု PRFK မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်က မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာအနီးရှိ တောင်ကြားရွာနှင့်တောင်မြို့ရွာတွင် လူနေအိမ် ၁၆၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဩဂုတ်လ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ကြွယ်ပုံရွာသည် ပျူစောထီးဆိုသူများ အများစုရှိသည့်ကျေးရွာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Zawgyi(version)

စစ္ကိုင္းၿမိဳ႕နယ္ ႂကြယ္ပုံေက်း႐ြာတိုက္ပြဲတြင္ စစ္ေကာင္စီတပ္သား ၂၀ ဦးခန႔္ေသဆုံးၿပီး PDF ၃ဦးက်ဆဳံး
===============
ဂ်ဴနို

(မဇၩိမ)။ ။စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္၊ ႂကြယ္ပုံ႐ြာတြင္ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ား ထိေတြ႕တိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီဘက္မွ ၂၀ ဦးခန႔္ေသဆုံးၿပီး ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဘက္မွ သုံးဦးက်ဆဳံးေၾကာင္း သိရသည္။

စစ္ကိုင္းၿမိဳ႕နယ္ ႂကြယ္ပုံေက်း႐ြာတြင္ အထိုင္ခ်ထားေသာ စစ္ေကာင္စီတပ္ႏွင့္ ပ်ဴေစာထီး အင္အား ၁၀၀ ဝန္းက်င္ႏွင့္ ေတာ္လွန္ေရးအင္အားစုမ်ားသည္ အဆိုပါ႐ြာအနီးရွိ ေတာင္ၿမိဳေက်း႐ြာႏွင့္ ေတာင္ၾကားေက်း႐ြာတြင္ ၾသဂုတ္လ ၂၉ ရက္ေန႕က တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္ဆည္ျပည္သူ႕ကာကြယ္ေရးတပ္ People Revolution Force Kyaukse (PRFK) မွ ရဲေဘာ္တစ္ဦးက ဆိုသည္။

အဆိုပါတိုက္ပြဲတြင္ က်ဆဳံးသူမ်ားမွာ ေက်ာက္ဆည္ ပင္မပညာေရးသပိတ္ဦးေဆာင္သူ CDMေက်ာင္းဆရာလည္းျဖစ္၊ PRFKတာဝန္ခံလည္းျဖစ္သူ ကိုေဝလြင္ဦး၊ေဒသခံ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕(ပကဖ) ေခါင္းေဆာင္တစ္ဦးႏွင့္ ေဒသခံ PDF တစ္ဦးတို႔ျဖစ္ေၾကာင္း သိရသည္။

”အခုက်ဆဳံးသြားတဲ့ CDMေက်ာင္းဆရာက လြန္ခဲ့တဲ့ ေလးလေလာက္က မိသားစုေတြအကုန္ ထိန္းသိမ္းခံထားရသူျဖစ္တယ္။ အခုထိေတာင္လြတ္လားဘာလား သိမသြားရဘူး။ သူေျပာေနက်စကားေလးရွိတယ္ ‘မိသားစုကိုဖမ္းလို႔ စစ္ဖိနပ္ေအာက္ဒူးေထာက္ရေအာင္ မိသားစုအတြက္တိုက္ပြဲဝင္ခဲ့တာ မဟုတ္ဘူး’လို႔ေျပာတယ္”ဟု PRFK မွ ျပန္ၾကားေရးတာဝန္ခံ ရဲေဘာ္က မဇၩိမကို ေျပာသည္။

စစ္ကိုင္းၿမိဳ႕နယ္၊ ႂကြယ္ပုံ႐ြာအနီးရွိ ေတာင္ၾကား႐ြာႏွင့္ေတာင္ၿမိဳ႕႐ြာတြင္ လူေနအိမ္ ၁၆၀ ေက်ာ္ကိုလည္း စစ္ေကာင္စီတပ္က ဩဂုတ္လ ၂၉ ရက္ေန႕က မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း၊ႂကြယ္ပုံ႐ြာသည္ ပ်ဴေစာထီးဆိုသူမ်ား အမ်ားစုရွိသည့္ေက်း႐ြာျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

စာတည္း။ ။ ဖူးသိမ္က်
စာမူတည္းျဖတ္။ ။ သန့္ေဇာ္(သန္လ်င္)