ရက်ကြိုခန့်မှန်းချက်ရေထိမခံနိုင်သောလုပ်ငန်းလုပ်ကိုင်နေကြသူများ မိုးရွာနိုင်ပါတယ်..

12/02/2023 Chin State ချင်းပြည်နယ်ကြီးမှာတစ်နာရီလေတိုက်ခတ်နှုန်း 30MPH ဖြင့်လေထန်နိုင်ပါတယ်

ရက်ကြိုခန့်မှန်းချက်

၂၀၂၃ ဖေဖော်ဝါရီလ ၁၇ရက်နေ့နှင့် ၁၈ရက်နေ့တို့တွင်

ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသကြီးတွေမှာ မိုးရွာနိုင်ပါတယ်

ရေထိမခံနိုင်သောလုပ်ငန်းလုပ်ကိုင်နေကြသူများနှင့်တောင်သူလယ်သမားများအတွက်ရက်ကြိုတင်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်

ဖျက်မိုးသတိ 🌧🌧🌧🌧🌧

၂၀၂၃ ဖေဖော်ဝါရီလ ၁၇ရက်နေ့ နှင့် ၁၈ရက်နေ့တွေမှာ ဖျာပုံခရိုင် မအူပင်ခရိုင် မြောင်းမြခရိုင် လပွတ္တာခရိုင် ပုသိမ်ခရိုင် ဟင်္သာတခရိုင် ဒေသတွေမှာမိုးရွာနိုင်သဖြင့် ဆားလုပ်ငန်း အုတ်လုပ်ငန်း ကောက်ပဲသီးနှံရိတ်သိမ်းအခြောက်လှမ်းနေကြသူတွေနဲ့ ရေထိမခံနိုင်သောလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေကြသူများအားလုံးအတွက် ပျက်စီးမှုမရှိအောင်လုပ်ကိုင်စိမံဆောင်ရွက်နိုင်ကြစေရန်အတွက် ရက်ကြိုတင်ခန့်မှန်းပေးလိုက်ပါတယ် ရက်နီးခန့်မှန်းချက်တွေကိုလည်း အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်

ဆားငိုမိုးသတိ 🌧🌧🌧🌧

၂၀၂၃ဖေဖော်ဝါရီလ ၁၆ရက်၁၇ရက် ၁၈ရက်နေ့တွေမှာ တနင်္သါရီကမ်းရိုးတန်း မွန်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးတွေမှာမိုးရွာနိုင်ပါတယ်

16/02/2023 🌧🌧🌧🌧🌧တနင်္သာရီတိုင်းဒေသကြီးမှာမိုးရွာနိုင်ပါတယ်

မိုင်ဆုန်ခ 🌧🌧🌧🌧🌧🌧

၂၀၂၃ ဖေဖော်ဝါရီလ ၁၇ရက်နေ့ ၁၈ရက်နေ့တွေမှာ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် ကယားပြည်နယ် ရှမ်းပြည်နယ်ဒေသတွေမှာ မိုးရွာနိုင်ပါတယ်

အပင်အားတိုးမိုးဖြစ်နိုင်သလို ရိတ်သိမ်းအခြောက်လှမ်းနေကြသူတွေအဖို့တော့ ဖျက်မိုးအန္တရာယ်ရှိပါတယ်

ပဲရိတ်နေသူတွေမိုးသတိ

၂၀၂၃ ဖေဖော်ဝါရီလ ၁၇ရက်နေ့ ၁၈ရက်နေ့တွေမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်းဒေသတွေမှာမိုးအနည်းငယ်မှအသင့်အတင့်အထိရွာနိုင်ပါတယ်

ရှမ်းပြည်နယ်ဒေသတွေမှာတော့ မိုးအသင့်အတင့်ပိုမိုးများလာစေနိုင်ပါတယ်

17/02/2023 🌧🌧🌧🌧🌧

၂၀၂၃ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင်

မွန်ပြည်နယ် ကရင်ပြည်နယ်ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းအရှေ့ပိုင်း ကယားပြည်နယ် နေပြည်တော်ပြည်ထောင်စုနယ်မြေ ရှမ်းပြည်နယ်ဒေသတွေမှာ မိုးအနည်းမှအသင့်အတင့်ရွာနိုင်ပါတယ်

မွန်ပြည်နယ်နှင့်ဧရာဝတီတိုင်းက ဆားလုပ်ငန်းသမားတွေနဲ့ ပဲသိမ်းနေကြတဲ့တောင်သူလယ်သမားဦးကြီးများအထူးသတိထားရမည့် မိုးဖြစ်ပါတယ်

ပျက်စီးမှုမရှိအောင် ကြိုတင်စီမံခန့်ခွဲလုဏ်ကိုင်ဆောင်ရွက်နိုင်ကြစေရန်အတွက် ရက်ကြိုတင်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်

# မင်း ဂွတ် သီး Su Su San






ဖျက်မိုးသတိ 🌧🌧🌧🌧🌧


ဆားငိုမိုးသတိ 🌧🌧🌧🌧



မိုင်ဆုန်ခ 🌧🌧🌧🌧🌧🌧






17/02/2023 🌧🌧🌧🌧🌧





# မင်း ဂွတ် သီး Su Su San