မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက် နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။

“ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။ တိုက်ပွဲထဲမှာ စစ်တပ်ဘက်က ခွေးဗိုလ်လေး ၁ ဦး၊ ခွေးဗိုလ်ကြီး ၁ ဦး နဲ့ တပ်သား ၅ ဦးသေတယ်။ ၅ ဦး အရှင်ဖမ်းမိတယ်။ အဲဒီမှာ ၂ ဦးက အရပ်သားဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းမိတာက တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၂ ဦး ဖမ်းမိတယ်။ တိုက်ပွဲက မနက် ၈ နာရီ ၄၅ မိနစ်မှာပြီးတယ်။ စစ်ခွေးတွေဘက်က ရဟတ်ယာဉ်နဲ့လာပစ်တယ်။ သူတို့လာပစ်တဲ့အချိန် ကျနော်တို့ လွတ်ပါတယ်” ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ၊ မြစ်ခြေMCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Earthquake ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Aerial Team ဘာဂျာ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

(Facebook ၏ လူမှုကွန်ရက် စံချိန်စံညွန်းများအရ ဖော်ပြနိုင်ခြင်းမရှိသော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/98860 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

Zawgyi(version)

ျမစ္ေျခ ေမြးျမဴေရးတပ္ကို PDF တပ္ေပါင္းစု ဝင္ေရာက္စီးနင္းမႈ စစ္တပ္အရာရွိ ၂ ဦး အပါအဝင္ ၇ ဦး ေသဆုံးၿပီး စစ္သား ၃ ဦး အရွင္ဖမ္းမိ၊ လက္နက္ ၃ လက္ႏွင့္ ခဲယမ္းမ်ား သိမ္းဆည္းရမိ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္၊ ျမစ္ေျခၿမိဳ႕အေျခစိုက္ ေမြးျမဴေရးတပ္ကို PDF တပ္ေပါင္းစုမ်ားက ယေန႕ နံနက္ပိုင္း ဝင္ေရာက္စီးနင္းတိုက္ခိုက္ရာ စစ္တပ္အရာရွိ ၂ ဦး အပါအဝင္ ၇ ဦးေသဆုံးၿပီး စစ္သား ၃ ဦးအရွင္ဖမ္းမိကာ လက္ နက္ ၃ လက္ႏွင့္ ခဲယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း ၿမိဳင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕၊ တပ္ရင္းမွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ယေန႕ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႕ နံနက္ ၆ နာရီခန႔္အခ်ိန္ ျမစ္ေျခအေျခစိုက္ ေမြးျမဴေရး တပ္ကို ျပည္သူ႕ကာ ကြယ္ေရးတပ္ဖြဲ႕မ်ားက ဝင္ေရာက္တိုက္ခိုက္ရာ တိုက္ပြဲ ၂ နာရီခန႔္ၾကာျမင့္ခဲ့ေၾကာင္း၊ ေမြးျမဴေရးတပ္ ဝင္ေရာက္တိုက္ခိုက္ခံရၿပီးေနာက္ အၾကမ္းဖက္စစ္တပ္က ေလေၾကာင္းမွ ျမစ္ေျခၿမိဳ႕ကို ဗုံးက်ဲ တိုက္ခိုက္ေနသည့္အျပင္ ပခုကၠဴ ၿမိဳ႕မွ စစ္အင္အားအမ်ားအျပားေရာက္ရွိေၾကာင္း၊ တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္မွ အရာရွိ ၂ ဦး ႏွင့္စစ္သား ၅ ဦး စုစုေပါင္း ၇ ဦးေသဆုံးၿပီး စစ္သား ၃ ဦးကို အရွင္ ဖမ္းဆီးရမိေၾကာင္း သိရွိရသည္။

“ဒီေန႕ မနက္ ၆ နာရီမွာ စၿပီး တပ္ကို ဝင္စီးတာ။ တိုက္ပြဲထဲမွာ စစ္တပ္ဘက္က ေခြးဗိုလ္ေလး ၁ ဦး၊ ေခြးဗိုလ္ႀကီး ၁ ဦး နဲ႕ တပ္သား ၅ ဦးေသတယ္။ ၅ ဦး အရွင္ဖမ္းမိတယ္။ အဲဒီမွာ ၂ ဦးက အရပ္သားျဖစ္ေနလို႔ ျပန္လႊတ္ေပးလိုက္တယ္။ ဖမ္းမိတာက တပ္ၾကပ္ႀကီး ၁ ဦးနဲ႕ တပ္သား ၂ ဦး ဖမ္းမိတယ္။ တိုက္ပြဲက မနက္ ၈ နာရီ ၄၅ မိနစ္မွာၿပီးတယ္။ စစ္ေခြးေတြဘက္က ရဟတ္ယာဥ္နဲ႕လာပစ္တယ္။ သူတို႔လာပစ္တဲ့အခ်ိန္ က်ေနာ္တို႔ လြတ္ပါတယ္” ဟု ၿမိဳင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ တပ္ရင္း ၂ မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ စစ္ဆင္ေရးကို ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕၊ တပ္ရင္း ၂၊ တပ္ခြဲ ၁၊ တပ္ခြဲ ၂၊ တပ္ခြဲ ၃ ၊ ျမစ္ေျခMCKC ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕၊ Earthquake ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ Aerial Team ဘာဂ်ာ Drone တပ္ဖြဲ႕တို႔က ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

(Facebook ၏ လူမႈကြန္ရက္ စံခ်ိန္စံၫြန္းမ်ားအရ ေဖာ္ျပနိုင္ျခင္းမရွိေသာ ဓာတ္ပုံမ်ားကို ရန္ကုန္ေခတ္သစ္၏ တယ္လီဂရမ္ https://t.me/khitthitnews/98860 တြင္ ဝင္ေရာက္ၾကည့္ရႈနိုင္ပါသည္။)