တချိန်က ရယ်စရာအဖြစ် ဗင်နီဇွဲလားရဲ့ငွေကြေး ဖောင်းပွမှုနှုန်းကို ပြထားတဲ့ ပုံများနဲ့ နောက်က လိုက် လာတော့မယ့် မြန်မာပြည်
တချိန်က ရယ်စရာအဖြစ် ဗင်နီဇွဲလားရဲ့ငွေကြေး ဖောင်းပွမှုနှုန်းကို ပြထားတဲ့ ပုံများနဲ့ နောက်က လိုက် လာတော့မယ့် မြန်မာပြည်
ဒေါ်လာဈေး ရွှေဈေး ဘယ်လောက်ထိ တက်ဦးမှာလဲ၊တိုင်းပြည် အခြေအနေ ဘာဆက်ဖြစ်မှာလဲ? “ဘယ်လောက်ထိ တက်မှာလဲဆိုတဲ့” အတိုင်းအဆကို ခန့်မှန်းလို့ကို မရတာ။ ဆရာတစ်ယောက် ရေး ထားတဲ့ ပိုစ့်ကို ဖတ်ကြည့်ပီး ကျနော့်အမြင် ပြောရရင်မြန်မာငွေတန်ဖိုးကျမှာက Infinity ပဲ။ .သူရေးထားတာ ကောက်နုတ်ကြည့်ရရင်.. ဗင်နီဇွဲလားနိုင်ငံရဲ့ အဖြစ်အပျက်ပေါ့။
2010 မှာ.. US $1 = 8 ကျပ် (ဗင်နီဇွဲလား ငွေ) ပဲ ရှိသေးသတဲ့။ 2015 မှာ အာဏာလုကြတယ်။ အစိုးရ ၂ ခု ဖြစ်တယ်။ ၂ နှစ်အတွင်းUS $1 = 8000 ကျပ် (ဗင်နီဇွဲလား ငွေ) ဖြစ်သွားတယ်။ခု2022 မှာUS $1 = 800,000 ကျပ် (ဗင်နီဇွဲလား ငွေ)ဖြစ်နေပြီတဲ့။၇ နှစ်အတွင်းမှ (၁) ဒေါ်လာကို (၈) ကျပ်ပဲ ရှိရာကနေ အာဏာလုကြရင်းနဲ့ (၁) ဒေါ်လာကို (၈) သိန်း ဖြစ်သွားတယ်။ ဆိုတော့မြန်မာငွေ တန်ဖိုးကရော ဘယ်အထိ ဆင်းမှာလဲ? သင်ခန်းစာ ရှိနေတာပဲလေ။
ဘာတွေဖြစ်နိုင်လဲ အဆိုးဆုံးအခြေအနေမှာဝန်ထမ်း တွေကို လစာမပေးနိုင်တော့ဘူး.. လျှပ်စစ်ဓာတ်အား ပုံမှန်မပေးနိုင်တော့ဘူးလိုအပ်တဲ့ဆေးဝါးအပြည့် အစုံအချိန်မှီရဘို့ မဖြစ်နိုင်ဘူးထမင်းချက်ဖို့ ဂတ်စ်ရတော့မှာ မဟုတ်ဘူး.အဝေးပြေးကားတွေ ဆီမရလို့ ပုံမှန်မပြေးနိုင်တော့ဘူးရောင်းကုန် ဝယ်ကုန် ကုန်စည်ပို့ဆောင်ဖို့ အရမ်းခက်သွားမယ်။စားဝတ် နေရေးကြပ်မှာက အထူးပြောစရာမလိုဘူး မိတ်ဆွေ တယောက်ကပြောတယ် သူ့နဲ့တွေ့တဲ့ သံတမာန်တယောက်က မေးတယ်တဲ့.ကျစရာ စီးပွားရေးကကော ရှိသေးလို့လားတဲ့.. လည်စင်းခေါင်းငုံခံရမှာလား ကယ်တင်ရှင် ထုံးစံအတိုင်း မျှော်ကြမှာလားမမြင်ရတဲ့ အထက်ပုဂ္ဂိုလ်တွေနဲ့ နတ်ဒေဝါသကြားတွေကြောင့် အလိုလို အကောင်းဖက်ကို ပြောင်းသွားမယ်ထင်သလား
Zawgyi(version)