နာမည်ကြီးပျူစောထီးခေါင်ဆောင် ဦးဝါသ၀၏ပျူစခန်းတစ်ခုကို တို-က်ခို-က်သိ-မ်းပိုက်၊ စစ်ဗိုလ်အပါအ၀င်၈ယောက်‌ေ-သ

ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဦးဝါသ၀ဦးဆောင်သည့် ပျူစခန်းကို တိုက်ခိုက် သိမ်းပိုက်၊ သင်တန်းပေးဆရာ စစ်ကောင်စီတပ် ဗိုလ်အပါ၀င် ၈ ဦးသေ

ဧရာ၀တီတိုင်းမ်

ဖေဖော်ဝါရီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ပျူအဖွဲ့သို့၀င်ရန် လိုက်လံ စည်းရုံးနေသည့် သင်္ကန်း၀တ် ဦးဝါသ၀ ဦးဆောင်သည့် စိန်နားရွာရှိ ပျူစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၂ နာရီခန့်က ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ ပျူစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များမှ ၀င်ရောက်စီးနင်း သိမ်းပိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့်ပျူအဖွဲ့၀င် ၈ ဦး သေဆုံး ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း (၁၆)-TRF ထံက သိရသည်။

“ဝါသ၀ရဲ့ တပည့်တွေ ဦးဆောင်နေတဲ့ ပျူစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ပျူတွေကို သင်တန်းပေးနေတဲ့ စစ်ကောင်စီက အရာရှိ တစ်ယောက်ရယ်၊ သူ့သက်တော် စောင့်တစ်ယောက်နဲ့ ပျူအဖွဲ့၀င် ၆ ယောက်သေတယ်။

ဒဏ်ရာရပြီးထွက်ပြေး လွတ်မြောက်သွားတဲ့ သူတွေလည်းရှိတယ်။ MA -1 တစ်လက်၊ ကာဘိုင်တစ်လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရခဲ့တယ်” ဟု ရွှေဘိုခရိုင် PDF တပ်ရင်း (၁၆)-TRF တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီအရာရှိမှာ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း (၆၀၀၆) မှ စစ်ဗိုလ် ကျော်ဇင်သက်‌ဆိုသူဖြစ်ပြီး ကန့်ဘလူနယ်ရှိ မြေတူး၊ မှော်တော၊ စိန်နား၊ ကမ်းဖြူရွာသစ်၊ ဆားကုန်းကျေးရွာများ၌ ပျူအဖွဲ့၀င်များ ဖွဲ့စည်းစေပြီး သင်တန်းပေးနေသူဖြစ်ကြောင်း၊ သင်္ကန်း ၀တ်ပျူခေါင်းဆောင် ဝါသ၀နှင့်အတူ ပျူအဖွဲ့များပြန့်ပွားအောင် လုပ်ဆောင်နေသူဖြစ်ကြောင်း PDF တပ်ရင်း (၁၆)-TRF တာ၀န်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁၆) ရွှေဘိုခရိုင်- TRF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် တပ်ရင်း(၁)ကန့်ဘလူခရိုင်တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန႔္ဘလူတြင္ ပ်ဴေစာထီးေခါင္းေဆာင္ သကၤန္းဝတ္ ဦးဝါသ၀ဦးေဆာင္သည့္ ပ်ဴစခန္းကို တိုက္ခိုက္ သိမ္းပိုက္၊ သင္တန္းေပးဆရာ စစ္ေကာင္စီတပ္ ဗိုလ္အပါ၀င္ ၈ ဦးေသ

ဧရာ၀တီတိုင္းမ္

ေဖေဖာ္ဝါရီလ ၁၁ ရက္

စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္တြင္ ပ်ဴေစာထီးေခါင္းေဆာင္ျဖစ္ၿပီး ပ်ဴအဖြဲ႕သို႔၀င္ရန္ လိုက္လံ စည္း႐ုံးေနသည့္ သကၤန္း၀တ္ ဦးဝါသ၀ ဦးေဆာင္သည့္ စိန္နားရြာရွိ ပ်ဴစခန္းကို ေဒသကာကြယ္ေရးပူးေပါင္းအဖြဲ႕မွ ၀င္ေရာက္စီးနင္းသိမ္းပိုက္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၉ ရက္ေန႔ ည ၁၂ နာရီခန႔္က ကန႔္ဘလူၿမိဳ႕နယ္၊ စိန္နားရြာရွိ ပ်ဴစခန္းကို ေဒသကာကြယ္ေရးအဖြဲ႕မ်ားမွ ၀င္ေရာက္စီးနင္း သိမ္းပိုက္ခဲ့ ျခင္းျဖစ္ၿပီး စစ္ေကာင္စီႏွင့္ပ်ဴအဖြဲ႕၀င္ ၈ ဦး ေသဆုံး ေၾကာင္း ေရႊဘိုခရိုင္ PDF တပ္ရင္း (၁၆)-TRF ထံက သိရသည္။

“ဝါသ၀ရဲ့ တပည့္ေတြ ဦးေဆာင္ေနတဲ့ ပ်ဴစခန္းကို သိမ္းပိုက္နိုင္ခဲ့တာပါ။ ပ်ဴေတြကို သင္တန္းေပးေနတဲ့ စစ္ေကာင္စီက အရာရွိ တစ္ေယာက္ရယ္၊ သူ႔သက္ေတာ္ ေစာင့္တစ္ေယာက္နဲ႔ ပ်ဴအဖြဲ႕၀င္ ၆ ေယာက္ေသတယ္။

ဒဏ္ရာရၿပီးထြက္ေျပး လြတ္ေျမာက္သြားတဲ့ သူေတြလည္းရွိတယ္။ MA -1 တစ္လက္၊ ကာဘိုင္တစ္လက္နဲ႔ က်ည္ဆံေတြ သိမ္းဆည္းရခဲ့တယ္” ဟု ေရႊဘိုခရိုင္ PDF တပ္ရင္း (၁၆)-TRF တာ၀န္ရွိသူက ဧရာ၀တီတိုင္းမ္ကို ေျပာသည္။

ေသဆုံးသြားသည့္ စစ္ေကာင္စီအရာရွိမွာ ကန႔္ဘလူအေျခစိုက္ တင့္ကားတပ္ရင္း (၆၀၀၆) မွ စစ္ဗိုလ္ ေက်ာ္ဇင္သက္‌ဆိုသူျဖစ္ၿပီး ကန႔္ဘလူနယ္ရွိ ေျမတူး၊ ေမွာ္ေတာ၊ စိန္နား၊ ကမ္းျဖဴရြာသစ္၊ ဆားကုန္းေက်းရြာမ်ား၌ ပ်ဴအဖြဲ႕၀င္မ်ား ဖြဲ႕စည္းေစၿပီး သင္တန္းေပးေနသူျဖစ္ေၾကာင္း၊ သကၤန္း ၀တ္ပ်ဴေခါင္းေဆာင္ ဝါသ၀ႏွင့္အတူ ပ်ဴအဖြဲ႕မ်ားျပန႔္ပြားေအာင္ လုပ္ေဆာင္ေနသူျဖစ္ေၾကာင္း PDF တပ္ရင္း (၁၆)-TRF တာ၀န္ရွိသူက ဆိုသည္။

အဆိုပါ တိုက္ခိုက္သိမ္းပိုက္မႈကို ျပည္သူ႔ကာကြယ္ ေရးတပ္မေတာ္ တပ္ရင္း(၁၆) ေရႊဘိုခရိုင္- TRF ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္မ‌ေတာ္ တပ္ရင္း(၁)ကန႔္ဘလူခရိုင္တို႔မွ ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။