မကွေးလေတပ် ရှော့ဒိုက်ဒုံးနဲ့ပစ်ခံရလို့ မြို့ပေါ် က စစ်တပ်မိသားစုဝင်တွေပါမကျန် ညလုံးပေါက်ကင်းထိုင်စောင့်ခိုင်းထား
မကွေး၊ ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၃။
မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် စစ်ကောင်စီတပ် မကွေးလေတပ်စခန်းဌာနချုပ် (ကလခ) ဒီကနေ့ မနက်အစော ၁ နာရီကျော်လောက်မှာ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မကွေး-ကံပြားလမ်းပေါ်မှာရှိတဲ့ အဲ့ဒီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်ဝန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
”ညသန်းခေါင် ၁ နာရီကျော်လောက်ကြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရတာ။ လေတပ်ဝန်းထဲကို ၂ လုံးကျတယ်။ စစ်မှုထမ်းဟောင်းအိမ်ရာဘက်ကို ၁ လုံးကျတယ်။ ရှေ့ဆင့်နောက်ဆင့်ဘဲ ဆက်တိုက်တွေကွဲတာ အသံတွေအကျယ်ကြီးဘဲကြားရတယ်။ ထိခိုက်ပျက်စီးတာတော့ မသိဘူး” လို့ အမည်မဖော်လိုသူတဦးက မြေလတ်အသံကို ပြောပါတယ်။
အဲ့ဒီလို လေတပ်ဝန်းထဲကို ရှော့တိုက်ဒုံးတွေကျရောက် ပေါက်ကွဲခဲ့တာကြောင့် လေတပ်အနီးတဝိုက်ရှိ စစ်ကောင်စီတပ်အားလုံးနီးပါးက စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေအကုန်လုံး ညလုံးပေါက်ကင်းထိုင်စောင့်ခဲ့ရတယ်လို့ သူကဆက်လက်ပြောပါတယ်။
“ညက အဲ့တာတွေလည်းထကွဲပြီးရော အဲ့လေတပ်နားက ၃၀၁၊ ၃၁၇၊ စုဆောင်းရေး၊ မဆရ ၁၀၊ သံချပ်ကာ အဲ့နားတဝိုက်တပ်တွေအကုန်လုံး အကုန်ပွက်လောတွေရိုက်ပြီးတော့ စစ်သားတွေရော သူတို့မိသားစုတွေရောအကုန်လုံးကို တပ်နယ်က ညလုံးပေါက် ကင်းထိုင်စောင့်ခိုင်းတာ။ တပ်နယ်ကလည်း လေတပ်ကကိုင်တာလေ အကုန်မိုးလင်းမှအိပ်ရတယ်” လို့ သူက ဆက်ပြောပါတယ်။
လေတပ်ဝန်းထဲ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ပျက်ဆီးမှုအခြေအနေတွေကို မသိရသေးဘဲ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်ဟာ ရှော့တိုက်ဒုံးတွေနဲ့ မကြာခဏဆိုသလိုတိုက်ခိုက်ခံနေရပြီး ပြီးခဲ့တဲ့လပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရမှုမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုနဲ့ တိုက်လေယာဉ်တချို့ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။
#မြေလတ်အသံ
မေကြးေလတပ္ ေရွာ့ဒိုက္ဒုံးနဲ႔ပစ္ခံရလို႔ ၿမိဳ႕ေပၚ က စစ္တပ္မိသားစုဝင္ေတြပါမက်န္ ညလုံးေပါက္ကင္းထိုင္ေစာင့္ခိုင္းထား
မေကြး၊ ေဖေဖၚဝါရီ ၁၀၊ ၂၀၂၃။
မေကြးတိုင္း၊ မေကြးၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္ မေကြးေလတပ္စခန္းဌာနခ်ဳပ္ (ကလခ) ဒီကေန႔ မနက္အေစာ ၁ နာရီေက်ာ္ေလာက္မွာ ေရွာ့တိုက္ဒုံး ၃ လုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။
မေကြး-ကံျပားလမ္းေပၚမွာရွိတဲ့ အဲ့ဒီေလတပ္ကို ေရွာ့တိုက္ဒုံးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခံရတာေၾကာင့္ ေလတပ္ဝန္းထဲကို က်ေရာက္ေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္။
”ညသန္းေခါင္ ၁ နာရီေက်ာ္ေလာက္ႀကီး ေရွာ့တိုက္ဒုံးေတြနဲ႔ ပစ္ခံရတာ။ ေလတပ္ဝန္းထဲကို ၂ လုံးက်တယ္။ စစ္မႈထမ္းေဟာင္းအိမ္ရာဘက္ကို ၁ လုံးက်တယ္။ ေရွ႕ဆင့္ေနာက္ဆင့္ဘဲ ဆက္တိုက္ေတြကြဲတာ အသံေတြအက်ယ္ႀကီးဘဲၾကားရတယ္။ ထိခိုက္ပ်က္စီးတာေတာ့ မသိဘူး” လို႔ အမည္မေဖာ္လိုသူတဦးက ေျမလတ္အသံကို ေျပာပါတယ္။
အဲ့ဒီလို ေလတပ္ဝန္းထဲကို ေရွာ့တိုက္ဒုံးေတြက်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ ေလတပ္အနီးတဝိုက္ရွိ စစ္ေကာင္စီတပ္အားလုံးနီးပါးက စစ္ေကာင္စီတပ္သားေတြနဲ႔ မိသားစုဝင္ေတြအကုန္လုံး ညလုံးေပါက္ကင္းထိုင္ေစာင့္ခဲ့ရတယ္လို႔ သူကဆက္လက္ေျပာပါတယ္။
“ညက အဲ့တာေတြလည္းထကြဲၿပီးေရာ အဲ့ေလတပ္နားက ၃၀၁၊ ၃၁၇၊ စုေဆာင္းေရး၊ မဆရ ၁၀၊ သံခ်ပ္ကာ အဲ့နားတဝိုက္တပ္ေတြအကုန္လုံး အကုန္ပြက္ေလာေတြရိုက္ၿပီးေတာ့ စစ္သားေတြေရာ သူတို႔မိသားစုေတြေရာအကုန္လုံးကို တပ္နယ္က ညလုံးေပါက္ ကင္းထိုင္ေစာင့္ခိုင္းတာ။ တပ္နယ္ကလည္း ေလတပ္ကကိုင္တာေလ အကုန္မိုးလင္းမွအိပ္ရတယ္” လို႔ သူက ဆက္ေျပာပါတယ္။
ေလတပ္ဝန္းထဲ ေရွာ့တိုက္ဒုံးက်ေရာက္ေပါက္ကြဲတာေၾကာင့္ ထိခိုက္ပ်က္ဆီးမႈအေျခအေနေတြကို မသိရေသးဘဲ ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္လို႔ ေဒသေတာ္လွန္ေရးအဖြဲ႕ေတြဘက္က ထုတ္ျပန္တာမေတြ႕ရေသးပါဘူး။
စစ္ေကာင္စီတပ္ရဲ့ မေကြးေလတပ္ဟာ ေရွာ့တိုက္ဒုံးေတြနဲ႔ မၾကာခဏဆိုသလိုတိုက္ခိုက္ခံေနရၿပီး ၿပီးခဲ့တဲ့လပိုင္းက ပစ္ခတ္တိုက္ခိုက္ခံရမႈမွာလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြထိခိုက္ေသဆုံးမႈနဲ႔ တိုက္ေလယာဥ္တခ်ိဳ႕ ထိခိုက္ပ်က္ဆီးမႈေတြရွိခဲ့တယ္လို႔ တိုက္ခိုက္ခဲ့တဲ့ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ေျပာဆိုထားပါတယ္။
#ေျမလတ္အသံ