Breaking News- သန်လျင်တွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ပစ်ခတ်သည့် စစ်သား…see more

Breaking News- သန်လျင်တွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ပစ်ခတ်သည့် စစ်သား ၂ ဦး လက်နက်ဖြင့် လွတ်မြောက်သွား၊ သန်လျင်တံတားနှင့်တစ်မြို့လုံးကို ပိတ်ဆို့ပြီး လူတစ်ဦးချင်းစီကို စစ်ဆေးနေ

ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာတွင် လုံခြုံရေးတာဝန်ချ ထားသည့် စစ်ကောင်စီတပ်သား ၂ ဦးက အချင်းချင်း ပြန်လည် ပစ်ခတ်သဖြင့် ၇ ဦးသေဆုံးသွားခဲ့ပြီး ပစ်ခတ်သော စစ်သား ၂ ဦး ဖမ်းဆီးရမိခြင်းမရှိသဖြင့် ယနေ့ သန်လျင်တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမျ သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်သား ၂ ဦးက အခြား စစ်သားနှင့်မိသားစုဝင် ၇ ဦးကို ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ပစ်ခတ်သော စစ်သား ၂ ဦးမှာလည်း လက်နက်ဖြင့် လွတ်မြောက်သွားကြောင်း၊ လုံခြုံရေး ကင်းစောင့်သည့်ကိစ္စ ရန်ဖြစ်ရာမှ စကားများကြပြီး အချင်းချင်း ပြန်လည်ပစ်ခတ်ကြခြင်းဖြစ်သည်ဟု လတ်တ လော သိရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်က ပြောသည်။

“သန်လျင်မြို့နယ်၊စစ်ပင်ကွင်းမှာ စစ်သား အချင်းချင်း ရန်ဖြစ်ရင်း ပစ်တာ ၇ ယောက်သေပြီး ၁ ဦး ဒဏ်ရာရတယ်။ ပစ်ပြီး ထွက်ပြေးတဲ့ စစ်သား ၂ ဦးကို မမိသေးလို့ လိုက်ရှာ နေကြတယ်။ တစ်မြို့လုံးပိတ်ဆို့ပြီး ရှာနေတာ။ မြစ်ထဲမှာလည်း လှေတွေ သင်္ဘောတွေ အကုန်စစ်တယ်။ ကုန်းလမ်းမှာလည်း သန်လျင်တံတား၊ ကုလားဝဲတံတားအကုန်ပိတ်ဆို့ စစ်တာ။ သန်လျင်က ပစ်ခတ်သွားတဲ့ စစ်သား ထွက်မရသေးဘူးလို့ ယူဆလို့ထင်ပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် သန်လျင်တံတားလည်း ပိတ်ဆို့နေပြီး ကားများ ရှေ့ဆက်သွားမရကြောင်း၊လူတစ်ဦးချင်းစီ လမ်း လျှောက် ရပြီး Mask ချွတ်ပြသရကြောင်း ဒေ သခံများက ဆိုကြသည်။

“သန်လျင်တံတားအဆင်း..တိုင်းရင်းသားကျေးရွာရှေ့ ခွေးတွေ ကားပေါ်က ဆင်းခိုင်းပြီး လွယ်အိတ် ကအစ စစ်ဆေးနေတယ်။ယောကျာ်းလေးတွေဆို maskတွေပါချွတ်ခိုင်းတာ”ဟု ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် သန်လျင်မြို့နယ် ရပ်ကွက်တချို့ကိုလည်း ရဲကားနှင့်စစ်ကားတချို့ လှည့် လည် ရှာဖွေမှုများရှိနေသည်ဟု သိရှိရသည်။

ဓာတ်ပုံ- သန်လျင်တံတားအဆင်း(မြို့ထဲဘက်တွင်) ပုံမှန် သံဆူးကြိုး ဘယ်ရီရာများ ချထားစဉ်။ (ပုံအဟောင်းဖြစ်သည်)

Photo- CJ ။

Zawgyi(version)

Breaking News- သန္လ်င္တြင္ စစ္သားအခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ၿပီး ၇ ဦးေသဆုံးကာ ပစ္ခတ္သည့္ စစ္သား ၂ ဦး လက္နက္ျဖင့္ လြတ္ေျမာက္သြား၊ သန္လ်င္တံတားႏွင့္တစ္ၿမိဳ႕လုံးကို ပိတ္ဆို႔ၿပီး လူတစ္ဦးခ်င္းစီကို စစ္ေဆးေန

ရန္ကုန္၊ စက္တင္ဘာ ၁

ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္၊ စစ္ပင္ကြင္းေက်း႐ြာတြင္ လုံၿခဳံေရးတာဝန္ခ် ထားသည့္ စစ္ေကာင္စီတပ္သား ၂ ဦးက အခ်င္းခ်င္း ျပန္လည္ ပစ္ခတ္သျဖင့္ ၇ ဦးေသဆုံးသြားခဲ့ၿပီး ပစ္ခတ္ေသာ စစ္သား ၂ ဦး ဖမ္းဆီးရမိျခင္းမရွိသျဖင့္ ယေန႕ သန္လ်င္တစ္ၿမိဳ႕လုံးကို ပိတ္ဆို႔စစ္ေဆးေနေၾကာင္း စစ္တပ္သတင္းရင္းျမစ္မ်ားထံမ် သိရွိရသည္။

ဩဂုတ္လ ၃၁ ရက္ေန႕ ည ၁၀ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ပစ္ခတ္မႈျဖစ္ပြားျခင္းျဖစ္ၿပီး စစ္သား ၂ ဦးက အျခား စစ္သားႏွင့္မိသားစုဝင္ ၇ ဦးကို ပစ္ခတ္သျဖင့္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း၊ ပစ္ခတ္ေသာ စစ္သား ၂ ဦးမွာလည္း လက္နက္ျဖင့္ လြတ္ေျမာက္သြားေၾကာင္း၊ လုံၿခဳံေရး ကင္းေစာင့္သည့္ကိစၥ ရန္ျဖစ္ရာမွ စကားမ်ားၾကၿပီး အခ်င္းခ်င္း ျပန္လည္ပစ္ခတ္ၾကျခင္းျဖစ္သည္ဟု လတ္တ ေလာ သိရွိထားေၾကာင္း စစ္တပ္ သတင္းရင္းျမစ္က ေျပာသည္။

“သန္လ်င္ၿမိဳ႕နယ္၊စစ္ပင္ကြင္းမွာ စစ္သား အခ်င္းခ်င္း ရန္ျဖစ္ရင္း ပစ္တာ ၇ ေယာက္ေသၿပီး ၁ ဦး ဒဏ္ရာရတယ္။ ပစ္ၿပီး ထြက္ေျပးတဲ့ စစ္သား ၂ ဦးကို မမိေသးလို႔ လိုက္ရွာ ေနၾကတယ္။ တစ္ၿမိဳ႕လုံးပိတ္ဆို႔ၿပီး ရွာေနတာ။ ျမစ္ထဲမွာလည္း ေလွေတြ သေဘၤာေတြ အကုန္စစ္တယ္။ ကုန္းလမ္းမွာလည္း သန္လ်င္တံတား၊ ကုလားဝဲတံတားအကုန္ပိတ္ဆို႔ စစ္တာ။ သန္လ်င္က ပစ္ခတ္သြားတဲ့ စစ္သား ထြက္မရေသးဘူးလို႔ ယူဆလို႔ထင္ပါတယ္” ဟု စစ္တပ္သတင္းရင္းျမစ္က ေျပာသည္။

လက္ရွိတြင္ သန္လ်င္တံတားလည္း ပိတ္ဆို႔ေနၿပီး ကားမ်ား ေရွ႕ဆက္သြားမရေၾကာင္း၊လူတစ္ဦးခ်င္းစီ လမ္း ေလွ်ာက္ ရၿပီး Mask ခြၽတ္ျပသရေၾကာင္း ေဒ သခံမ်ားက ဆိုၾကသည္။

“သန္လ်င္တံတားအဆင္း..တိုင္းရင္းသားေက်း႐ြာေရွ႕ ေခြးေတြ ကားေပၚက ဆင္းခိုင္းၿပီး လြယ္အိတ္ ကအစ စစ္ေဆးေနတယ္။ေယာက်ာ္းေလးေတြဆို maskေတြပါခြၽတ္ခိုင္းတာ”ဟု ျပည္သူတစ္ဦးက ေျပာသည္။

ထို႔ျပင္ သန္လ်င္ၿမိဳ႕နယ္ ရပ္ကြက္တခ်ိဳ႕ကိုလည္း ရဲကားႏွင့္စစ္ကားတခ်ိဳ႕ လွည့္ လည္ ရွာေဖြမႈမ်ားရွိေနသည္ဟု သိရွိရသည္။

ဓာတ္ပုံ- သန္လ်င္တံတားအဆင္း(ၿမိဳ႕ထဲဘက္တြင္) ပုံမွန္ သံဆူးႀကိဳး ဘယ္ရီရာမ်ား ခ်ထားစဥ္။ (ပုံအေဟာင္းျဖစ္သည္)

Photo- CJ ။