စက်သုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေစျေးကွက်မှ တစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ဗဟိုဘဏ်က ရောင်းပေးမည်ဟုဆို၊ စံချိန်တင် ငွေလဲနှုန်း ဆက်မတက်ရန် အယောင်ပြ ထုတ်ပြန်ချက်ဖြစ်နိုင်ပြီး မည်သည့်အာမခံချက်နှင့် ရှင်းလင်းချက်မှ မပါဝင်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၃၁
အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များကို နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော်ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန် ကြေညာသည်။
စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ရောင်းချပေးမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။
“တကယ်က ပို့ကုန်ရငွေနဲ့ ဒေါ်လာစာရင်းငွေတွေ ပုဂ္ဂလိကဘဏ်တွေလက်ထဲမှာ ရှိတာက သန်း ၅၀ အောက်ပဲရှိတာ။ အခု ဒေါ်လာသန်း ၂၀၀ ကျော် ရောင်းပေးမယ်ဆိုတာကလည်း ဘယ်လိုပေးမှာလဲ။ ဘယ်စျေးနဲ့ပေးမလဲ။ ဘယ်ကပေးမှာလဲ။ ဒါတွေလည်းမသိရသေးဘူး။ ဆီသွင်းတဲ့ ကုမ္ပဏီတိုင်းရမှာလား၊ မရဘူးလား။ ဒါလည်းမသိသေးဘူး။
တကယ်ပေးမယ်ဆိုရင်လည်း ဒါက တစ်လစာ လောင်စာဆီ တင်သွင်းတဲ့စရိတ်ပဲရှိပါတယ်။ တစ်လကို စက်သုံးဆီတင်သွင်းတာ က အနည်းဆုံး ဒေါ်လာ သန်း ၂၀၀ အထက်မှာပဲသုံးရတာ။ ရေတိုအနေနဲ့ကတော့ မှန်မှန်ကန်ကန် သူတို့သိမ်းယူလိုက်တဲ့ တစ်ဒေါ်လာ ၁၈၅၀ ကျပ် နဲ့ ရောင်းပေးမယ်ရင်တော့ ငွေလဲနှုန်း အတိုင်းအတာ တစ်ခုအထိ ခဏပဲထိန်းနိုင်မယ်။
အခုက ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ရောင်းပေးမယ် လို့ပါတယ်။ သေချာတော့ မသိရသေးဘူး။ သူတို့နဲ့ နီးစပ်တဲ့သူပဲ ပေးမယ်ဆိုရင်တော့ သိပ်တော့ထူးမှာမဟုတ်ဘူး။ ခဏတော့ ငြိမ်ပြီး ငွေလဲနှုန်းတွေက ပြန်တက်လာမှာပဲ။ ငွေလဲနှုန်း တအားတက်နေတာကို ရပ်သွားအောင် အယောင်ပြထုတ်ပြန်တာလားဆိုတာလည်း သူတို့လုပ်ရပ်တွေပေါ်မှာပဲ စောင့်ကြည့်ရမှာ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။
ဗဟိုဘဏ်အနေဖြင့် အမှန်တကယ် ဒေါ်လာငွေကို ပေါက်စျေးအောက် လျှော့သော စျေးနှုန်းဖြင့် ရောင်းချပေးမှု မရှိဘဲ အယောင်ပြ ထုတ်ပြန်ချက်အနေဖြင့် ငွေလဲနှုန်း ထိန်းရန် ကြိုးစားပါက လက်ရှိငွေလဲနှုန်းသည် ထပ်မံ၍ အမြင့်ဆုံးစံချိန်တင်သွားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ယနေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အကြား အထိ စျေးနှုန်းမြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် အဖမ်းအဆီးသတင်းများနှင့် ဗဟိုဘဏ် ထုတ်ပြန်ချက်သတင်းကြောင့် ငွေလဲနှုန်းအနည်းငယ်ပြန်လည်ကျဆင်း ကြောင်း၊ တစ်ဒေါ်လာလျှင် ငွေကျပ် ၄၂၀၀ ကျပ်ဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် စက်သုံးဆီ တင်သွင်းမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံမှ ၃ ဘီလီယံကျော်အထိ တင်သွင်းရပြီး လစဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် သုံးစွဲရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဆီဆိုင်များတွင် တန်းစီနေသော ကားများ။
Zawgyi(version)
စက္သုံးဆီတင္သြင္းမႈအတြက္ နိုင္ငံျခားေငြေစ်းကြက္မွ တစ္ဆင့္ ေဒၚလာ သန္း ၂၀၀ ေက်ာ္ ဗဟိုဘဏ္က ေရာင္းေပးမည္ဟုဆို၊ စံခ်ိန္တင္ ေငြလဲႏႈန္း ဆက္မတက္ရန္ အေယာင္ျပ ထုတ္ျပန္ခ်က္ျဖစ္နိုင္ၿပီး မည္သည့္အာမခံခ်က္ႏွင့္ ရွင္းလင္းခ်က္မွ မပါဝင္ဟုဆို
ရန္ကုန္၊ ဩဂုတ္ ၃၁
အၾကမ္းဖက္စစ္ေကာင္စီ၏ ဗဟိုဘဏ္က စက္သုံးဆီ တင္သြင္းသည့္ လုပ္ငန္းရွင္မ်ားကို နိုင္ငံျခားေငြေစ်းကြက္မွတစ္ဆင့္ ေဒၚလာ သန္း ၂၀၀ ေက်ာ္ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္က ယေန႕ ညေနပိုင္းတြင္ ထုတ္ျပန္ ေၾကညာသည္။
စစ္ေကာင္စီဗဟိုဘဏ္က စက္သုံးဆီေဈးႏႈန္းႀကီးျမင့္မႈေၾကာင့္ အေျခခံကုန္စည္ေဈးႏႈန္း ႀကီးျမင့္လာမႈကို သက္သာေစရန္ နိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီ၏ ဆုံးျဖတ္ခ်က္ျဖင့္ နိုင္ငံျခားေငြေၾကးေဈးကြက္မွတဆင့္ အေမရိကန္ေဒၚလာသန္း ၂၀၀ ေက်ာ္ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာသည္။
တကယ္က ပို႔ကုန္ရေငြနဲ႕ ေဒၚလာစာရင္းေငြေတြ ပုဂၢလိကဘဏ္ေတြလက္ထဲမွာ ရွိတာက သန္း ၅၀ ေအာက္ပဲရွိတာ။ အခု ေဒၚလာသန္း ၂၀၀ ေက်ာ္ ေရာင္းေပးမယ္ဆိုတာကလည္း ဘယ္လိုေပးမွာလဲ။ ဘယ္ေစ်းနဲ႕ေပးမလဲ။ ဘယ္ကေပးမွာလဲ။ ဒါေတြလည္းမသိရေသးဘူး။ ဆီသြင္းတဲ့ ကုမၸဏီတိုင္းရမွာလား၊ မရဘူးလား။ ဒါလည္းမသိေသးဘူး။
တကယ္ေပးမယ္ဆိုရင္လည္း ဒါက တစ္လစာ ေလာင္စာဆီ တင္သြင္းတဲ့စရိတ္ပဲရွိပါတယ္။ တစ္လကို စက္သုံးဆီတင္သြင္းတာ က အနည္းဆုံး ေဒၚလာ သန္း ၂၀၀ အထက္မွာပဲသုံးရတာ။ ေရတိုအေနနဲ႕ကေတာ့ မွန္မွန္ကန္ကန္ သူတို႔သိမ္းယူလိုက္တဲ့ တစ္ေဒၚလာ ၁၈၅၀ က်ပ္ နဲ႕ ေရာင္းေပးမယ္ရင္ေတာ့ ေငြလဲႏႈန္း အတိုင္းအတာ တစ္ခုအထိ ခဏပဲထိန္းနိုင္မယ္။
အခုက ဗဟိုဘဏ္က နိုင္ငံျခားေငြေစ်းကြက္မွတစ္ဆင့္ ေရာင္းေပးမယ္ လို႔ပါတယ္။ ေသခ်ာေတာ့ မသိရေသးဘူး။ သူတို႔နဲ႕ နီးစပ္တဲ့သူပဲ ေပးမယ္ဆိုရင္ေတာ့ သိပ္ေတာ့ထူးမွာမဟုတ္ဘူး။ ခဏေတာ့ ၿငိမ္ၿပီး ေငြလဲႏႈန္းေတြက ျပန္တက္လာမွာပဲ။ ေငြလဲႏႈန္း တအားတက္ေနတာကို ရပ္သြားေအာင္ အေယာင္ျပထုတ္ျပန္တာလားဆိုတာလည္း သူတို႔လုပ္ရပ္ေတြေပၚမွာပဲ ေစာင့္ၾကည့္ရမွာ ဟု ရန္ကုန္စီးပြားေရးသမားတစ္ဦးက ေျပာဆိုသည္။
ဗဟိုဘဏ္အေနျဖင့္ အမွန္တကယ္ ေဒၚလာေငြကို ေပါက္ေစ်းေအာက္ ေလွ်ာ့ေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးမႈ မရွိဘဲ အေယာင္ျပ ထုတ္ျပန္ခ်က္အေနျဖင့္ ေငြလဲႏႈန္း ထိန္းရန္ ႀကိဳးစားပါက လက္ရွိေငြလဲႏႈန္းသည္ ထပ္မံ၍ အျမင့္ဆုံးစံခ်ိန္တင္သြားနိုင္ေၾကာင္း ၎က ဆက္လက္ ေျပာဆိုသည္။
ယေန႕တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ ၄၅၀၀ က်ပ္မွ ၅၀၀၀ က်ပ္အၾကား အထိ ေစ်းႏႈန္းျမင့္တက္ခဲ့ၿပီး ညေနပိုင္းတြင္ အဖမ္းအဆီးသတင္းမ်ားႏွင့္ ဗဟိုဘဏ္ ထုတ္ျပန္ခ်က္သတင္းေၾကာင့္ ေငြလဲႏႈန္းအနည္းငယ္ျပန္လည္က်ဆင္း ေၾကာင္း၊ တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၄၂၀၀ က်ပ္ဝန္းက်င္တြင္ရွိေနေၾကာင္း သိရွိရသည္။
ျမန္မာနိုင္ငံတြင္ တစ္ႏွစ္လွ်င္ စက္သုံးဆီ တင္သြင္းမႈ အေမရိကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံမွ ၃ ဘီလီယံေက်ာ္အထိ တင္သြင္းရၿပီး လစဥ္ အေမရိကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ သုံးစြဲရေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ဆီဆိုင္မ်ားတြင္ တန္းစီေနေသာ ကားမ်ား။