နွေမရောက်နိုင်သေးပါဘူး
စတော်ဘယ်ရီသီးလေးတွေရေ(Pyinoolwin) အအေးပိုနေပါဦးမယ်
၂၀၂၃ ဖေဖော်ဝါရီလ ၁၀ရက်နေ့နှင့်၁၁ရက်နေ့တွေမှာတနင်္သာရီတိုင်း မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်ဒေသတွေမှာ မိုးအနည်းငယ်မှအသင့်အတင်အထိရွာသွန်းနိုင်ပါတယ်
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာနောက်၂ရက်အတွင်း အအေးပိုလာပါလိမ့်ဦးမယ်မိုးရွာနိုင်တဲ့အလားအလာတော့မရှိပါဘူး
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ မုန်တိုင်းကင်းစင်သာသာယာယာရှိနေပါတယ်
မြန်မာတစ်နိုင်ငံလုံးမှာ အေးမြသာယာကြည်လင်နေမှာဖြစ်ပါတယ် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး
အယ်နီညို သတိပေးချက်
၂၀၂၃ သြဂုတ်လ စက်တင်ဘာလ အောက်တိုဘာလတွေမှာ အယ်နီညိုညွှန်းကိန်းမြင့်တက်သွားဖွယ်ရာရှိပါတယ်
05/02/23 ECMWF ခန့်မှန်းချက် (လစဉ် ပျမ်းမျှ)
– Region3.4 ENSO-ဘက်မလိုက်ကြားနေ (ဖေဖော်ဝါရီမှ မေလအထိ
#အယ်လ်နီညိုအားနည်း (ဇွန်မှသြဂုတ်လအထိ
Region3 ENSO-ဘက်မလိုက်ကြားနေ (ဖေဖော်ဝါရီမှ ဧပြီလ အထိ
#အယ်လ်နီညို ပျော့မှ အလယ်အလတ် (မေလမှ သြဂုတ်အထိ
Region1+2 (ကမ်းရိုးတန်း) #ENSO- ဘက်မလိုက်ကြားနေ
ဖေဖော်ဝါရီ – ဧပြီလ #အယ်လ်နီညို ပျော့မှ အလယ်အလတ် မေလမှ ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့
၂၀၂၃ သြဂုတ်လအထိ #အယ်နီညို ရာသီဥတုဆိုးရွားနိုဂ်ဘွယ်မရှိသေးပဲပြောင်လဲဖြစ်စဥ်များအရ၂၀၂၃ စက်တင်ဘာလမှ ၂၀၂၄ခုှုစ်တစ်နှစ်လုံးမှာ အယ်နီညိုညွှန်းကိန်းမြင့်တက်နိုင်ဖွယ်ရှိပါတယ်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်တာနှင့်အညီရာသီဥတုကိုတည်မှိလုပ်ကိုင်နေကြသူတွေအတွက် ၂၀၂၃ မိုးရာသီရာသီဥတုခန့်မှန်းချက်တွေကို ဒေသအလိုက်ပိုင်းခြားစိတ်ဖြာ၍ မကြာမှိအချိန်အတွင်းကြိုတင်ခန့်မှန်းပေးသွားပါမယ်
ပြီးခဲ့သည့် အယ်နီညို ဖြစ်စဉ်နောက်ပိုင်း ကမ္ဘာမြေမျက်နှာပြင် အပူချိန်သည် လွန်ခဲ့သည့် ၇နှစ်အတွင်း အတော်လေး တည်ငြိမ်ခဲ့ပါတယ်
သို့သော်လည်း မကြာသေးမီက Lijing_Cheng et al စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း သမုဒ္ဒရာအပူရှိန်ပါဝင်မှုသည် ဆက်တိုက်မြင့်တက်လျက်ရှိပါတယ်
ဘက်မလိုက်ကြားနေအဆင့်မှာ ဧပြီလလည်အထိတည်ရှိနေနိုင်သဖြင့် 2023 မြန်မာနွေရာသီမှာ ဆိုးရွားပြင်းထန်တဲ့ ပူပြင်းခြောက်သွေ့မှုတော့ မရှိနိုင်သေးပါဘူး ၂၀၂၃ -၂၀၂၄ အယ်နီညိုရာသီဥတုဖြစ်နိုင်သဖြင့် မိုးခေါင်ရေရှားခြင်းပူပြင်းခြောက်သွေ့နိုင်ခြင်းတွေဖြစ်လာနိုင်တာကိုတော့ ကြိုတင်သိရှိကြပြီးပြင်ဆင်ကာကွယ်နိုင်ကြဖို့လိုအပ်ပါလိမ့်မယ်
ပြီးခဲ့သည့် အယ်နီညို ဖြစ်စဉ်နောက်ပိုင်း ကမ္ဘာမြေမျက်နှာပြင် အပူချိန်သည် လွန်ခဲ့သည့် ၇နှစ်အတွင်း အတော်လေး တည်ငြိမ်ခဲ့ပါတယ်
သို့သော်လည်း မကြာသေးမီက Lijing_Cheng et al စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း သမုဒ္ဒရာအပူရှိန်ပါဝင်မှုသည် ဆက်တိုက်မြင့်တက်လျက်ရှိပါတယ်
မင်း ဂွတ် သီး လေးပြောချင်တာက နောက်လာမယ့် အယ်နီညိုကို အယ်နီညိုလာရင် ဘယ်လိုပြင်ဆင်ကြမလည်း တွေးတောကြံဆလုပ်ဆောင်နိုင်ကြစေရန် စောင့်ကြည့်ထောက်လှမ်းပြီးခန့်မှန်းချက်တွေထုတ်ပြန်ပေးနေတာဖြစ်ပါတယ် ဆေးပညာရှင်တွေနဲ့ စိုက်ပျိုးရေးပညာရှင်များကလည်း အယ်နီညိုဆိုးရွားပြင်ထန်ခဲ့လျှင် ဘယ်လိုပြင်ဆင်လုပ်ကိုင်နေထိုင်သင့်တယ်ဆိုတာ ပြည်သူတွေအကျိုးပြု ရေးသားပြီး social media တွေမှာတင်ပေးကြပါလို့အကြံပြုလိုက်ပါတယ်နော်
တောင်သူလယ်သမားများအကျိုးစိးပွား တိုင်းပြည်ဖွင့်ဖြိုးတိုးတက်စေရန်အတွက်
မင်းဂွတ်သီးလေး သင်ယူလေ့လာဆီးပူးတတ်မြောက်ထားတဲ့ပညာရပ်ဖြင့် ကိုယ်ကြိုးမဖက်အစွမ်းကုန်ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်
အားလုံးကျမ်းမာဘေးရန်ကင်းကြပါစေ..
မင်း ဂွတ် သီး Su Su San