မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်ပွဲ အချိန် ဇယား

မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်လို့

One Championship ဘက်က ဖေဖော်ဝါရီလ ၃ ရက်မှာ အသိပေးလာပါတယ်။ချန်

ပီယံဖြစ်ဖို့ ပြန်လည်ကြိုးစားနေတဲ့ အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ဟာ

လာမယ့် မေလ ၅ ရက်၊ အမေရိကန်နိုင်ငံမှာကျင်းပမယ့် ပွဲစဉ်အတွင်း Middle Weight တန်းအဖြစ်ထိုးသတ် သွားမယ်လို့ သိရပါတယ်။

အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ဟာ ဒီနှစ်အစောပိုင်းက ယှဉ်ပြိုင်ထိုးသတ်ဖို့

စီစဉ်ခဲ့ပေမယ့်Fan Rong မှာ ကိုဗစ်ပိုးတွေ့ခဲ့လို့ အောင်လအန်ဆန်ဟာ ဘရာဇီးဖိုက်တာ Gilberto Galvao နဲ့ ထိုးသတ်ခဲ့ရပါတယ်။

အောင်လအန်ဆန်ဟာ သူ့ရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်တွေလက်လွတ်ခဲ့ရပြီး ပြန်လည်ယှဉ်ပြိုင်ရာမှာ တတိယမြောက်နိုင်ပွဲ

ရရှိထားပြီးနောက်ဆုံးထိုးသတ်ခဲ့တဲ့ ၂ ပွဲမှာဆိုရင်လည်း ပထမအချီနဲ့ အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ တရုတ်ဖိုက်တာ Fan Rong ကို ထပ်မံအနိုင်ရခဲ့မယ်ဆိုရင်တော့

သူ့ရဲ့ချန်ပီယံခါးပတ်တွေအတွက် ပြန်လည်စိန်ခေါ်ခွင့်ရမှာဖြစ်ပါတယ်။crd