စစ်တပ်နှင့်ရဲကို သက်စွန့်ဆံဖျားစရိတ်ဟု အမည်တပ်၍ တစ်ဦးလျှင် ငွေကျပ်သုံးသောင်း မင်းအောင် လှိုင်အမိန့်ဖြင့် လစာတိုးပေး ၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့အတွက် လစဉ် ငွေကျပ် ဘီလီယံ ဆယ်ချီ၍ အသုံးစရိတ်တိုးလာ
ရန်ကုန်၊ စက်တင်ဘာ ၁
မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက စစ်သားနှင့်ရဲများကို သက်စွန့်ဆံဖျား စရိတ်ဟုအမည် တပ်၍ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း လစာတိုးမြှင့်ပေးလိုက်ကြောင်း နေပြည် တော် စစ်ဘက် သတင်းရပ်ကွက်က အတည်ပြုပြောဆိုသည်။
ရဲတပ်ဖွဲ့က ယခင်ဇူလိုင်လမှစတင်၍ တိုးမြှင့် ရရှိခြင်းဖြစ်ပြီး စစ်တပ်ကမူ ဩဂုတ်လမှစတင်၍ သက်စွန့်ဆံဖျား စရိတ် ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်မိသားစုအများအပြား ယင်း သက်စွန့်ဆံဖျား စရိတ်ကို ရရှိနေကြပြီဖြစ်ကြောင်း သိရှိရသည်။
“ယခင်တုန်းက တစ်ဦးကို ၁၀၀၀၀ ကျပ် ပေးတယ်။ အခု ထပ်တိုးတာက ၂၀၀၀၀ စုစုပေါင်း တစ်ဦးကို သုံးသောင်း ထပ်တိုးတာပေါ့။ လစာတိုးတယ်လို့ အမည်မတပ်ဘူး။ လစာတိုးတယ်ပြောရင် စျေးတက်မှာနဲ့ အခြား ဝန်ထမ်းတွေရဲ့ အငြိုအညင် ခံရမှာစိုးလို့ထင်ပါတယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။
ရန်ကုန်ခေတ်သစ်က ပုံမှန် စီးပွားရေးသတင်း ဆက်သွယ်မေးမြန်းနေသော ရန်ကုန်စီးပွားရေးသမားကမူ စစ်တပ်နှင့်ရဲ နှစ်ဖွဲ့စလုံးပေါင်းပါက တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်တိုးမြှင့်မှုသည် လစဉ် ငွေကျပ် ဘီလီယံ ဆယ်ချီ၍ အသုံး စရိတ် တိုးလာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အသုံးစရိတ် မြင့်တက်လာခြင်းဟု ဆိုနိုင်ကြောင်း၊ တိုင်းပြည်စီးပွား ပြိုလဲခါနီးတွင် ကျပ်ငွေသုံးစွဲမှု ပမာဏ ထပ်မံ တိုးမြှင့်ခြင်းဟု ဆိုနိုင်ကြောင်း သုံးသပ်သည်။
“ကျပ်ငွေ ပမာဏ သုံးစွဲမှု က ကြီးလာတယ်။ လစဉ် ပေးရမယ့် စစ်ကောင်စီရဲ့ အသုံးစရိတ်တွေထဲမှာ ထပ်ပြီးတော့ ကျပ်ငွေ ၁၀ ဘီလီယံကျော်လောက် ပုံမှန်တိုးလာတယ်ဆိုတာက အမြဲတမ်းတိုးတော့မယ့်ပမာဏ။ လစာခေါင်းစဉ် အပြင်က ထပ်ပေးရတာ။
ဝင်ငွေနည်းနေချိန်မှာ အသုံးစရိတ်က တိုးလာတာ။ ဘာမှ ဝင်ငွေမရှိဘဲ ကိုယ်အိတ်ထဲက ကိုယ့်ဟာကိုယ် ငွေရိုက်သုံးတာပဲ” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသော စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ CDM မဝင်စေရန်၊ နိုင်ငံရေးအရ ပိုမိုခိုင်း ကောင်းစေရန် လစာကဲ့သို့ ထပ်ဆောင်း ဝင်ငွေ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ငွေကျပ် သုံးသောင်း ပမာဏသည် ကုန်စျေးနှုန်းနှင့် နှိုင်းယှဉ်လျှင် မများပြားလှသော်လည်း စစ်သားနှင့်ရဲမိသားစုက မက်မောကြသည်ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ- အမျိုးသမီးစစ်သည် ၂ ဦးနှင့် ဟန်ရေးပြ ထမင်းစားနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။
Zawgyi(version)
စစ္တပ္ႏွင့္ရဲကို သက္စြန႔္ဆံဖ်ားစရိတ္ဟု အမည္တပ္၍ တစ္ဦးလွ်င္ ေငြက်ပ္သုံးေသာင္း မင္းေအာင္ လွိုင္အမိန႔္ျဖင့္ လစာတိုးေပး ၊ စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕အတြက္ လစဥ္ ေငြက်ပ္ ဘီလီယံ ဆယ္ခ်ီ၍ အသုံးစရိတ္တိုးလာ
ရန္ကုန္၊ စက္တင္ဘာ ၁
မင္းေအာင္လွိုင္ ဦးေဆာင္ေသာ အၾကမ္းဖက္စစ္ေကာင္စီက စစ္သားႏွင့္ရဲမ်ားကို သက္စြန႔္ဆံဖ်ား စရိတ္ဟုအမည္ တပ္၍ တစ္ဦးလွ်င္ ေငြက်ပ္ ၃၀၀၀၀ ႏႈန္း လစာတိုးျမႇင့္ေပးလိုက္ေၾကာင္း ေနျပည္ ေတာ္ စစ္ဘက္ သတင္းရပ္ကြက္က အတည္ျပဳေျပာဆိုသည္။
ရဲတပ္ဖြဲ႕က ယခင္ဇူလိုင္လမွစတင္၍ တိုးျမႇင့္ ရရွိျခင္းျဖစ္ၿပီး စစ္တပ္ကမူ ဩဂုတ္လမွစတင္၍ သက္စြန႔္ဆံဖ်ား စရိတ္ ရရွိျခင္းျဖစ္ေၾကာင္း၊ စစ္တပ္မိသားစုအမ်ားအျပား ယင္း သက္စြန႔္ဆံဖ်ား စရိတ္ကို ရရွိေနၾကၿပီျဖစ္ေၾကာင္း သိရွိရသည္။
ယခင္တုန္းက တစ္ဦးကို ၁၀၀၀၀ က်ပ္ ေပးတယ္။ အခု ထပ္တိုးတာက ၂၀၀၀၀ စုစုေပါင္း တစ္ဦးကို သုံးေသာင္း ထပ္တိုးတာေပါ့။ လစာတိုးတယ္လို႔ အမည္မတပ္ဘူး။ လစာတိုးတယ္ေျပာရင္ ေစ်းတက္မွာနဲ႕ အျခား ဝန္ထမ္းေတြရဲ႕ အၿငိဳအညင္ ခံရမွာစိုးလို႔ထင္ပါတယ္ ဟု ေနျပည္ေတာ္ သတင္းရင္းျမစ္က ေျပာသည္။
ရန္ကုန္ေခတ္သစ္က ပုံမွန္ စီးပြားေရးသတင္း ဆက္သြယ္ေမးျမန္းေနေသာ ရန္ကုန္စီးပြားေရးသမားကမူ စစ္တပ္ႏွင့္ရဲ ႏွစ္ဖြဲ႕စလုံးေပါင္းပါက တစ္ဦးလွ်င္ ေငြက်ပ္ ၃၀၀၀၀ က်ပ္တိုးျမႇင့္မႈသည္ လစဥ္ ေငြက်ပ္ ဘီလီယံ ဆယ္ခ်ီ၍ အသုံး စရိတ္ တိုးလာျခင္းျဖစ္ၿပီး စစ္ေကာင္စီ၏ အသုံးစရိတ္ ျမင့္တက္လာျခင္းဟု ဆိုနိုင္ေၾကာင္း၊ တိုင္းျပည္စီးပြား ၿပိဳလဲခါနီးတြင္ က်ပ္ေငြသုံးစြဲမႈ ပမာဏ ထပ္မံ တိုးျမႇင့္ျခင္းဟု ဆိုနိုင္ေၾကာင္း သုံးသပ္သည္။
က်ပ္ေငြ ပမာဏ သုံးစြဲမႈ က ႀကီးလာတယ္။ လစဥ္ ေပးရမယ့္ စစ္ေကာင္စီရဲ႕ အသုံးစရိတ္ေတြထဲမွာ ထပ္ၿပီးေတာ့ က်ပ္ေငြ ၁၀ ဘီလီယံေက်ာ္ေလာက္ ပုံမွန္တိုးလာတယ္ဆိုတာက အၿမဲတမ္းတိုးေတာ့မယ့္ပမာဏ။ လစာေခါင္းစဥ္ အျပင္က ထပ္ေပးရတာ။
ဝင္ေငြနည္းေနခ်ိန္မွာ အသုံးစရိတ္က တိုးလာတာ။ ဘာမွ ဝင္ေငြမရွိဘဲ ကိုယ္အိတ္ထဲက ကိုယ့္ဟာကိုယ္ ေငြရိုက္သုံးတာပဲ ဟု ရန္ကုန္စီးပြားေရးသမားက ဆိုသည္။
အၾကမ္းဖက္ စစ္ေကာင္စီလက္ေအာက္တြင္ အလုပ္လုပ္ေနၾကေသာ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား CDM မဝင္ေစရန္၊ နိုင္ငံေရးအရ ပိုမိုခိုင္း ေကာင္းေစရန္ လစာကဲ့သို႔ ထပ္ေဆာင္း ဝင္ေငြ တိုးျမႇင့္ေပးျခင္းျဖစ္ေၾကာင္း၊ ေငြက်ပ္ သုံးေသာင္း ပမာဏသည္ ကုန္ေစ်းႏႈန္းႏွင့္ ႏွိုင္းယွဥ္လွ်င္ မမ်ားျပားလွေသာ္လည္း စစ္သားႏွင့္ရဲမိသားစုက မက္ေမာၾကသည္ဟု တပ္တြင္းသတင္းရင္းျမစ္က ဆိုသည္။
ဓာတ္ပုံ- အမ်ိဳးသမီးစစ္သည္ ၂ ဦးႏွင့္ ဟန္ေရးျပ ထမင္းစားေနသည့္ အၾကမ္းဖက္ မင္းေအာင္လွိုင္။