ချင်းပြည်နယ်ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး

Breaking News- စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး
စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ လက်နက် ၄၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ရဲစခန်းကို ယမန်နေ့ညပိုင်းတွင် CNA-CDFက အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်နှင့် CNA-CDF သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှစတင်၍ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁ နာရီဝန်းကျင်တွင် ထန်တလန် ရဲစခန်းကို လုံး၀ သိမ်းပိုက်လိုက်ကြောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးပြီး စခန်းကို လုံး၀ အပြီးအပြတ် သိမ်းပိုက်လိုက်ကြောင်း၊ လက်နက်များ ၊ ဒရုန်းပစ် လက်နက်များ အပါအဝင် လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများ အမြောက် အမြား ရရှိကြောင်း သိရှိရသည်။

ရဲစခန်းကို ချင်းကာကွယ်ရေးတပ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင် စီ က ယမန်နေ့ ညပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး လက်ရှိ သတင်းရေးသား ဖော်ပြနေချိန်တွင်လည်း လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ထန်တလန်မြို့နယ် CNA-CDF အဖွဲ့ထံသို့ ဆက်သွယ်ရန် ကြိုးစားလျက်ရှိပြီး သက်ဆိုင်ရာ အဖွဲ့က ထုတ်ပြန်လာမည့် တရားဝင် အတည်ပြုချက်ကိုလည်း ရရှိရန် ကြိုးစားလျက်ရှိသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်ရှိ ထန်တလန် မြို့နယ် အပါအဝင် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

Breaking News- စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားေသာ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕မရဲစခန္းကို ခ်င္းကာကြယ္ေရးတပ္ဖြဲ႕မ်ားက သိမ္းပိုက္လိုက္ၿပီး
စစ္တပ္က ေလေၾကာင္းတိုက္ခိုက္ေန၊ လက္နက္ ၄၀ ေက်ာ္ႏွင့္ခဲယမ္းမ်ား သိမ္းဆည္းရမိ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၉

စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားေသာ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္ ရဲစခန္းကို ယမန္ေန႔ညပိုင္းတြင္ CNA-CDFက အၿပီးအပိုင္ တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီး စစ္ေကာင္စီတပ္က ေလေၾကာင္းတိုက္ခိုက္မႈမ်ား ဆက္တိုက္ဆိုသလို လုပ္ေဆာင္ေနေၾကာင္း ေဒသသတင္းရင္းျမစ္ႏွင့္ CNA-CDF သတင္းရင္းျမစ္တခ်ိဳ႕ထံမွ သိရွိရသည္။

ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ည ၁၀ နာရီမွစတင္၍ ရဲစခန္းကို စတင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ည ၁ နာရီဝန္းက်င္တြင္ ထန္တလန္ ရဲစခန္းကို လုံး၀ သိမ္းပိုက္လိုက္ေၾကာင္း၊ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕မွ ရဲေဘာ္တစ္ဦး က်ဆုံးၿပီး စခန္းကို လုံး၀ အၿပီးအျပတ္ သိမ္းပိုက္လိုက္ေၾကာင္း၊ လက္နက္မ်ား ၊ ဒ႐ုန္းပစ္ လက္နက္မ်ား အပါအဝင္ လက္နက္ ၄၀ ေက်ာ္ႏွင့္ ခဲယမ္းမ်ား အေျမာက္ အျမား ရရွိေၾကာင္း သိရွိရသည္။

ရဲစခန္းကို ခ်င္းကာကြယ္ေရးတပ္မ်ားက သိမ္းပိုက္လိုက္ၿပီးေနာက္ စစ္ေကာင္ စီ က ယမန္ေန႔ ညပိုင္းမွစတင္၍ ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနၿပီး လက္ရွိ သတင္းေရးသား ေဖာ္ျပေနခ်ိန္တြင္လည္း ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား ဆက္တိုက္ရွိေနေၾကာင္း သိရွိရသည္။

ရန္ကုန္ေခတ္သစ္အေနျဖင့္ ထန္တလန္ၿမိဳ႕နယ္ CNA-CDF အဖြဲ႕ထံသို႔ ဆက္သြယ္ရန္ ႀကိဳးစားလ်က္ရွိၿပီး သက္ဆိုင္ရာ အဖြဲ႕က ထုတ္ျပန္လာမည့္ တရားဝင္ အတည္ျပဳခ်က္ကိုလည္း ရရွိရန္ ႀကိဳးစားလ်က္ရွိသည္။

စစ္ေကာင္စီက ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွ စတင္၍ ခ်င္းျပည္နယ္ရွိ ထန္တလန္ ၿမိဳ႕နယ္ အပါအဝင္ ၇ ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားသည္။