ရေဦး ကြားပန်းဝိုင်းအနီးမှာ စစ်အုပ်စုကို မိုင်း(၁၂)လုံးနဲ့ ဖောက်ခွဲ၊ (၁၀)ယောက် သေဟုဆို၊
MFP၊ သြဂုတ် – ၃၁
စစ်ကိုင်းတိုင်း ရေဦးမြို့ ကြာပန်းအဝိုင်းအနီးက မူးမြစ်ကူးတံတားမှာ ဒီညနေပိုင်း စစ်အုပ်စုကို မိုင်း(၁၂)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ (၁၀)ယောက် သေပြီး သုံးယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို ခင်ဦး ထောက်ပံ့ရေးအဖွဲ့ – KSO တပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။
ဒီကနေ့ သြဂုတ်(၃၁)ရက် ညနေ(၅)နာရီက သံချပ်ကာ ကားအပါအဝင် ခင်ဦးမြို့ပေါ်က ထွက်လာတဲ့ စကစတွေ ကြာပန်းအဝိုင်းအနီးမှာ ခြေလျှင်ဆင်းပြီး ရေဦးနယ်ဘက် ဝင်ရောက်ချိန် မူးမြစ်ကူး တံတားနားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဖောက်ခွဲတိုက်ခဲ့ရာ (၁၀)ကောင် နေရာတင် ငရဲလားကာ သုံးကောင် အပြင်းအထန် အမော ဖောက်သွားခဲ့တယ်”လို KSO က ဖော်ပြပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ခင်ဦးနယ် ပျဉ်ထောင်ရွာ ပျူစခန်းထဲ ရောက်နေတဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ စကစ အလောင်းတွေကို သွားရောက်သယ်ဆောင်ဖို့ ရေဦးမြိုကနေ ထွက်လာတာလို့ ဆိုပါတယ်။
ရေဦးမြို့ ကြားပန်းအဝိုင်းအနီးက မူးမြစ်ကူးတံတားဟောင်းပေါ် စကစ အင်အား (၄၀)လောက် ခြေလျင်လျှောက်လာချိန် တံတားအရှေ့ထိပ်ကို ကနဦး ရောက်လာတဲ့ စကစ (၁၅)ယောက်အစုကို KSO အဖွဲ၊ Khin U Dog Killers -KDK၊ Wolf Guerrilla (Ye U) နှင့် မဟာမိတ်တွေက မိုင်း (၁၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။
မိုင်းဆွဲခံရပြီး သေဆုံးဒဏ်ရာရတဲ့ စကစတွေကို ဆိုင်ကယ်တွေနဲ့ လာသယ်သွားပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို ရေဦးမြိုအဝင် ကြာပန်းဝိုင်းနားကနေ လက်နက်ကြီးငယ်တွေနဲ့ ရမ်းကားပစ်ခတ်နေတယ်လို့ KSO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“မိမိတို ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ KSO က ထုတ်ပြန်ပါတယ်။
ဒီမနက်ပိုင်း ခင်ဦးနယ် ပျဉ်ထောင်ရွာက စကစနဲ့ပျူတွေကို ရွာအပြင် လယ်ကွက်တွေအနီးမှာ ဒေသကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာက ပျူတွေက တဲစုရွာဘက်အထိ လိုက်လံပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုမှာ စကစနဲ့ ပျူ ခြောက်ယောက်ခန့် သေပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ကာ ရေဦးကနေ ခင်ဦးနယ် ပျဉ်ထောင်ရွာဘက် အလောင်း လာသယ်တဲ့ စစ်အုပ်စုကို ညနေပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။
ခင်ဦးနှင့် ရေဦး မြို့ပေါ် အပါအဝင် ကျေးရွာတွေထဲ စကစနှင့် ပျူတွေ သောင်းကျန်းနေပြီး ပြီးခဲ့တဲ့ သြဂုတ် (၂၉)ရက်ကလည်း ခင်ဦးမြိုအဝင် ကြာပန်းအဝိုင်းမှာ စစ်အုပ်စုက ခရီးသွားပြည်သူ (၃၀)ကျော်ကို ဖမ်းဆီးငွေညှစ် ရန်ပြုခဲ့ပြီး ငွေမပေးနိုင်တဲ့ ပြည်သူတွေကို တစ်နေကုန် အစာငတ်၊ ရေငတ်ထား နေပူလှန်းကာ ည(၇)နာရီမှ ပြန်လွှတ်ပေးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ခင်ဦး #ရေဦး #ကြာပန်းအဝိုင်း #ပျဉ်ထောင်ရွာ
Zawgyi(version)
ေရဦး ၾကားပန္းဝိုင္းအနီးမွာ စစ္အုပ္စုကို မိုင္း(၁၂)လုံးနဲ႕ ေဖာက္ခြဲ၊ (၁၀)ေယာက္ ေသဟုဆို၊
MFP၊ ၾသဂုတ္ – ၃၁
စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕ ၾကာပန္းအဝိုင္းအနီးက မူးျမစ္ကူးတံတားမွာ ဒီညေနပိုင္း စစ္အုပ္စုကို မိုင္း(၁၂)လုံးနဲ႕ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ စကစ (၁၀)ေယာက္ ေသၿပီး သုံးေယာက္ ဒဏ္ရာ အျပင္းအထန္ ရသြားတယ္လို ခင္ဦး ေထာက္ပံ့ေရးအဖြဲ႕ – KSO တပ္ဖြဲက သတင္း ထုတ္ျပန္ပါတယ္။
ဒီကေန႕ ၾသဂုတ္(၃၁)ရက္ ညေန(၅)နာရီက သံခ်ပ္ကာ ကားအပါအဝင္ ခင္ဦးၿမိဳ႕ေပၚက ထြက္လာတဲ့ စကစေတြ ၾကာပန္းအဝိုင္းအနီးမွာ ေျခလွ်င္ဆင္းၿပီး ေရဦးနယ္ဘက္ ဝင္ေရာက္ခ်ိန္ မူးျမစ္ကူး တံတားနားမွာ မိုင္းဆြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
“ေဖာက္ခြဲတိုက္ခဲ့ရာ (၁၀)ေကာင္ ေနရာတင္ ငရဲလားကာ သုံးေကာင္ အျပင္းအထန္ အေမာ ေဖာက္သြားခဲ့တယ္”လို KSO က ေဖာ္ျပပါတယ္။
အဲ့ဒီ စစ္အုပ္စုဟာ ခင္ဦးနယ္ ပ်ဥ္ေထာင္႐ြာ ပ်ဴစခန္းထဲ ေရာက္ေနတဲ့ ထိခိုက္ဒဏ္ရာရ ေသဆုံးတဲ့ စကစ အေလာင္းေတြကို သြားေရာက္သယ္ေဆာင္ဖို႔ ေရဦးၿမိဳကေန ထြက္လာတာလို႔ ဆိုပါတယ္။
ေရဦးၿမိဳ႕ ၾကားပန္းအဝိုင္းအနီးက မူးျမစ္ကူးတံတားေဟာင္းေပၚ စကစ အင္အား (၄၀)ေလာက္ ေျခလ်င္ေလွ်ာက္လာခ်ိန္ တံတားအေရွ႕ထိပ္ကို ကနဦး ေရာက္လာတဲ့ စကစ (၁၅)ေယာက္အစုကို KSO အဖြဲ၊ Khin U Dog Killers -KDK၊ Wolf Guerrilla (Ye U) ႏွင့္ မဟာမိတ္ေတြက မိုင္း (၁၂)လုံးနဲ႕ ေဖာက္ခြဲတိုက္ခိုက္ခဲ့တာလို ဆိုပါတယ္။
မိုင္းဆြဲခံရၿပီး ေသဆုံးဒဏ္ရာရတဲ့ စကစေတြကို ဆိုင္ကယ္ေတြနဲ႕ လာသယ္သြားၿပီး ေဘးပတ္ဝန္းက်င္႐ြာေတြကို ေရဦးၿမိဳအဝင္ ၾကာပန္းဝိုင္းနားကေန လက္နက္ႀကီးငယ္ေတြနဲ႕ ရမ္းကားပစ္ခတ္ေနတယ္လို႔ KSO ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
“မိမိတို ရဲေဘာ္မ်ားအားလုံး အထိအခိုက္မရွိ ေအာင္ျမင္စြာ ဆုတ္ခြာနိုင္ခဲ့ပါတယ္” လို႔ KSO က ထုတ္ျပန္ပါတယ္။
ဒီမနက္ပိုင္း ခင္ဦးနယ္ ပ်ဥ္ေထာင္႐ြာက စကစနဲ႕ပ်ဴေတြကို ႐ြာအျပင္ လယ္ကြက္ေတြအနီးမွာ ေဒသကာကြယ္ေရး တပ္ေတြက ဒ႐ုန္းနဲ႕ တိုက္ခိုက္ခဲ့ရာက ပ်ဴေတြက တဲစု႐ြာဘက္အထိ လိုက္လံပစ္ခတ္တာေၾကာင့္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ဒီ တိုက္ခိုက္မႈမွာ စကစနဲ႕ ပ်ဴ ေျခာက္ေယာက္ခန႔္ ေသၿပီး ဒဏ္ရာရသူေတြလည္း ရွိခဲ့ကာ ေရဦးကေန ခင္ဦးနယ္ ပ်ဥ္ေထာင္႐ြာဘက္ အေလာင္း လာသယ္တဲ့ စစ္အုပ္စုကို ညေနပိုင္းမွာ မိုင္းဆြဲ တိုက္ခိုက္ခဲ့တာလို႔ ေဒသကာကြယ္ေရး တပ္ေတြက ထုတ္ျပန္ထားပါတယ္။
ခင္ဦးႏွင့္ ေရဦး ၿမိဳ႕ေပၚ အပါအဝင္ ေက်း႐ြာေတြထဲ စကစႏွင့္ ပ်ဴေတြ ေသာင္းက်န္းေနၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္ (၂၉)ရက္ကလည္း ခင္ဦးၿမိဳအဝင္ ၾကာပန္းအဝိုင္းမွာ စစ္အုပ္စုက ခရီးသြားျပည္သူ (၃၀)ေက်ာ္ကို ဖမ္းဆီးေငြညွစ္ ရန္ျပဳခဲ့ၿပီး ေငြမေပးနိုင္တဲ့ ျပည္သူေတြကို တစ္ေနကုန္ အစာငတ္၊ ေရငတ္ထား ေနပူလွန္းကာ ည(၇)နာရီမွ ျပန္လႊတ္ေပးၿပီး ညွဥ္းပန္းႏွိပ္စက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
#MFP #Mandalay_Free_Press #မႏၱေလး #စစ္ကိုင္း #ခင္ဦး #ေရဦး #ၾကာပန္းအဝိုင္း #ပ်ဥ္ေထာင္႐ြာ