” မိန်းမခိုးပြေးလာသောအရပ်သားများ ” အသွင်ဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး အဖမ်းခံရပြီးသေဆုံး
အရပ်သားအသွင်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်-PDFများ၏ သတင်းထောက်လှမ်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)က ထိန်းသိမ်းခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်အတွင်းရှိ YRA-ထီးလင်းအဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မသင်္ကာဖွယ်ရာရှိသူ သုံးဦးအား စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းဖြစ်သည်ဟု YRA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီး ထိန်းသိမ်းပြီးနောက် စစ်ဆေးနေစဉ် နေ့လည်ပိုင်းတွင် ထွက်ပြေးသည့်အတွက် ပြန်လည်ဖမ်းဆီးရာတွင် သေဆုံးသွားသည်ဟု YRA −ထီးလင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ သခင်ဇော်က သံလွင်ခက်ကို ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
၎င်းက “ ကျွန်တော်တို့ သူတို့ကို ကောင်းကောင်းမွန်မွန်ထမင်းကျွေးတယ်။ သူတို့ကို ချည်နှောင်ထားတဲ့ ကြိုးတွေကို ဖြေပေးပြီးတော့ သူတို့ကို စစ်ဆေးမေးမြန်းချိန် ထွက်ပြေးဖို့ကြိုးစားတယ်။အဲ့ဒါကြောင့်ပစ်ခတ် ဖမ်းဆီးလိုက်ရတယ် ၊ ဒဏ်ရာတစ်ချို့နဲ့ သေဆုံးသွားပါတယ် ” ဟု ပြောသည်။
အဆိုပါတပ်ဖွဲ့ဝင်သုံးဦးသည် စစ်ကောင်စီ ခြေလျင်တပ်ရင်း ၅၅ မှတပ်ဖွဲ့၀င် ၂ ဦးဖြစ်ပြီး ပျူးစောထီးအဖွဲ့၀င် အမျိုးသမီး ၁ ဦးပါ၀င်သည်။
မသေဆုံးမီ စစ်ဆေးချက်များအရ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခေါင်းဆောင်များက ၎င်းတို့ကို ” မိန်းမခိုးပြေးလာသောအရပ်သားများ ” အဖြစ်ဟန်ဆောင် ကာ သတင်းရယူရန် စေလွှတ်ထားခြင်းဖြစ်သည်ဟု YRA −ထီးလင်းအဖွဲ့က ထုတ်ပြန်ထားသည်။
Photo-YRA – ထီးလင်းအဖွဲ့။
Zawgyi(version)
” မိန္းမခိုးေျပးလာေသာအရပ္သားမ်ား ” အသြင္ေဆာင္သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ သုံးဦး အဖမ္းခံရၿပီးေသဆုံး
အရပ္သားအသြင္ျဖင့္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္-PDFမ်ား၏ သတင္းေထာက္လွမ္းသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦးကို ေယာေတာ္လွန္ေရးတပ္-YRA(ထီးလင္း)က ထိန္းသိမ္းခဲ့သည္။
ေဖေဖာ္ဝါရီလ ၇ ရက္ေန႕ နံနက္ပိုင္းက မေကြးတိုင္း၊ ဂန႔္ေဂၚခရိုင္အတြင္းရွိ YRA-ထီးလင္းအဖြဲ႕၏ စစ္ေဆးေရးဂိတ္တစ္ခုတြင္ မသကၤာဖြယ္ရာရွိသူ သုံးဦးအား စစ္ေဆးေမးျမန္းရာမွ ဖမ္းဆီးထိန္းသိမ္း လိုက္ျခင္းျဖစ္သည္ဟု YRA တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။
ဖမ္းဆီး ထိန္းသိမ္းၿပီးေနာက္ စစ္ေဆးေနစဥ္ ေန႕လည္ပိုင္းတြင္ ထြက္ေျပးသည့္အတြက္ ျပန္လည္ဖမ္းဆီးရာတြင္ ေသဆုံးသြားသည္ဟု YRA ထီးလင္းအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ သခင္ေဇာ္က သံလြင္ခက္ကို ယေန႕ နံနက္ပိုင္းတြင္ ေျပာသည္။
၎က ကြၽန္ေတာ္တို႔ သူတို႔ကို ေကာင္းေကာင္းမြန္မြန္ထမင္းေကြၽးတယ္။ သူတို႔ကို ခ်ည္ႏွောင္ထားတဲ့ ႀကိဳးေတြကို ေျဖေပးၿပီးေတာ့ သူတို႔ကို စစ္ေဆးေမးျမန္းခ်ိန္ ထြက္ေျပးဖို႔ႀကိဳးစားတယ္။အဲ့ဒါေၾကာင့္ပစ္ခတ္ ဖမ္းဆီးလိုက္ရတယ္ ၊ ဒဏ္ရာတစ္ခ်ိဳ႕နဲ႕ ေသဆုံးသြားပါတယ္ ဟု ေျပာသည္။
အဆိုပါတပ္ဖြဲ႕ဝင္သုံးဦးသည္ စစ္ေကာင္စီ ေျခလ်င္တပ္ရင္း ၅၅ မွတပ္ဖြဲ႕၀င္ ၂ ဦးျဖစ္ၿပီး ပ်ဴးေစာထီးအဖြဲ႕၀င္ အမ်ိဳးသမီး ၁ ဦးပါ၀င္သည္။
မေသဆုံးမီ စစ္ေဆးခ်က္မ်ားအရ စစ္ေကာင္စီတပ္ ေျခလ်င္တပ္ရင္း ေခါင္းေဆာင္မ်ားက ၎တို႔ကို ” မိန္းမခိုးေျပးလာေသာအရပ္သားမ်ား ” အျဖစ္ဟန္ေဆာင္ ကာ သတင္းရယူရန္ ေစလႊတ္ထားျခင္းျဖစ္သည္ဟု YRA ထီးလင္းအဖြဲ႕က ထုတ္ျပန္ထားသည္။
Photo-YRA – ထီးလင္းအဖြဲ႕။