စစ်တပ်ရဲ့ရွေးကောက်ပွဲအတွက်ပါဝင်ဆောင်ရွက်နေတဲ့ သူတွေကိုမသက်ညှာဘူးလို့ ဗိုလ်အယ်စေးဝါးရဲ့ စစ်ကြောင်းထုတ်ပြန်

ဇန်နဝါရီ ၂၀၊ The Nation Voice

ကော်သူးလေအာမီ (KTLA)ရဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါ ဦးဆောင်တဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းဟာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စကစအလိုကျ ပါဝင်ဆောင်ရွက်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်ကိုမဆို သက်ညှာထောက်ထားမှာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်လာပါတယ်။

အခုအခါမှာ စကစဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုသဘော ဆန္ဒမပါဘဲ အိမ်တိုင်ရာရောက်သန်းခေါင်စာရင်းကောက်ယူတာ၊မဲစာရင်းတွေကို ကောက်ယူဖို့ကြိုးစားနေတာတွေဟာ

နိုင်ငံသားတစ်ဦးချင်းစီရဲ့ တိုင်းပြည်စီမံခွင့်၊အခွင့် အာဏာတွေကို လက်နက်အားကိုးနဲ့ ထပ်မံဖိနှိပ်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် တိုင်းရင်းသားပြည်လူထုအပေါ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ (၂၀၀၈) ဖွဲ့စည်းပုံအောက်က ကျင်းပပြုလုပ်မယ့် စကစရဲ့ ရွေးကောက်ပွဲအတုအယောင်ကို Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ပြင်းပြင်းထန်ထန်ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

“စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရန်ကူညီထောက်ပံ့သောအကြမ်းဖက်စစ်တပ်ထောက်တိုင်များ နှင့်ရွေးကောက်ပွဲဖြစ်မြောက်ရေးပါဝင်ဆောင်ရွက်မည့်မည်သည့်လူပုဂ္ဂိုလ်၊အဖွဲ့စည်းကိုမဆိုသက်ညှာ ထောက်ထားမည်မဟုတ်ပါ”လို့ Lion Battalion Commando-ဗျူဟာစစ်ကြောင်းကထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စကစကပြုလုပ်မယ့်ရွေးကောက်ပွဲအပေါ် စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ရွေးကောက်ပွဲကို ဆန့်ကျင်၊ကန့်ကွက်ကြောင်းနဲ့ ရွေးကောက်မှာ စကစကို ပါဝင်ကူညီတာမျိုးတွေ မပြုလုပ်ကြဖို့ ထုတ်ပြန်ချက်တွေ ထုတ်ကာ သတိပေးထားကြပါတယ်။